ချစ်သူဇနီးမယား ဖောက်ပြန်နေရင် ပြတတ်တဲ့လက္ခဏာများ

ကိုယ်ရဲ့ချစ်သူဇနီးမယားဟာ ကိုယ်နဲ့အနီးဆုံးမှာရှိနေတာဖြစ်တဲ့အတွက် အခြေအနေတွေကို သုံးသပ်အကဲဖြတ်ရာမှာလည်း လွယ်ကူပါတယ်။ ဒီတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအနေနဲ့ အောက်မှာဖော်ပြထားတဲ့ အခြေအနေကို သင့်ချစ်သူဇနီးမယားက ပြုလုပ်လာခဲ့ရင်တော့ ဖောက်ပြန်နေပြီလို့ သက်မှတ်လို့ရပါတယ်။

(၁) သာမာန်ထက် အလှတွေပြင်ပြီး အပြင်ကိုမကြာခဏထွက်ရင်

ကိုယ့်ရဲ့သက်ဆိုင်သူ မူပျက်နေတာကို ကိုယ်က အနီးစပ်ဆုံးဖြစ်လို့ ကြိုတင်သိရှိနိုင်ဖို့ လိုပါတယ်။ သူတို့တစ်တွေ ဖောက်ပြန်တဲ့အခါ သာမန်ထက် အလှပြင်ပြီး အပြင်ကို မကြာခဏထွက်လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုး မေးကြည့်ရင် မျက်နှာရိပ်မျက်နှာကဲ အကဲခပ်တတ်သူဆိုရင် ချက်ချင်းတောင် ပေါ်နိုင်ပါတယ်။ မသင်္ကာရင် နောက်ကနေ လိုက်ချောင်းဖို့ လိုတဲ့အခြေအနေမျိုးပါ။

(၂) ဖုန်းနဲ့ပတ်သက်ပြီး မသင်္ကာစရာအချက်များ

ဖောက်ပြန်တဲ့အခါ သူတို့တစ်တွေဟာ ဖုန်းကို တစ်စုံတစ်ယောက်က ယူပြီးကိုင်မှာကို စိုးကြပါတယ်။ နောက် message တွေ ဖျက်ထားတာ၊ Search History ကို Clear လုပ်ထားတာ၊ လူမှုကွန်ယက် App တွေကို အလွယ်တစ်ကူ မ၀င်နိုင်အောင် Lock လုပ်ထားတာမျိုးတွေဟာ မသင်္ကာဖွယ်ရာ အခြေအနေတွေပါဘဲ။

READ
ကမ္ဘာတစ်လွှားကပုရိသများ၏လိင်အင်္ဂါအရွယ်အစားကို လေ့လာသူများထုတ်ဖော်

(၃) ခရီးဝေးထွက်ရမယ့်အကြောင်းပြောတဲ့အခါ မျက်နှာအနေအထား

ဒီလို မသင်္ကာဖွယ်ရာ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါ သူ့စိတ်ကို သိနိုင်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သင် ခရီးဝေးသွားရမယ့်အကြောင်း၊ တစ်ပတ်လောက် ကြာမှာဖြစ်ကြောင်း ပြောတဲ့အခါ သူ အဲဒီစကားကို ခံယူနေတဲ့အချိန် မျက်နှာအပြောင်းအလဲကို လေ့လာကြည့်ပါ။ ဖောက်ပြန်တဲ့သူတွေဟာ ဟန်ဆောင်ကောင်းတတ်ပါတယ်။ ဒါကို ကိုယ်က အကင်းပါးဖို့ လိုပါတယ်။ လုံးဝ မသင်္ကာစရာဖြစ်ပြီဆိုရင်တော့ ခရီးထွက်ယောင်ပြလိုက်ပါ။ နောက် သူ မမျှော်လင့်တဲ့အချိန်မျိုးမှာ ပြန်လာလိုက်ပါ။ ဒါက အဖြေ ရှင်းသွားနိုင်ပါတယ်။

(၄) ပြဿနာရှာပြီး ဆက်ဆက်ထိမခံ ပြန်ပြောရင်

များသောအားဖြင့် အမျိုးသမီးတွေဟာ သည်းခံလေ့ရှိကြပါတယ်။ ဒါမှမဟုတ် နဂိုက သင့်အပေါ် ခွန်းတုန့်မပြန်တဲ့ အနေအထားကနေ ချက်ချင်းလက်ငင်းကြီး သင့်အပေါ်မှာ ခွန်းတုန့်ပြန်ပြောမယ်၊ ပြဿနာခဏခဏ ရှာမယ် … ပြဿနာဖြစ်တိုင်းလည်း ကွာမယ်ရှင်းမယ်ဆိုပြီး ခဏခဏ တောင်းဆိုပါများရင်လည်း သင့်အနေနဲ့ သတိထားဖို့လိုပါတယ်။

READ
၁၀စက္ကန့်အတွင်း နက်ခ်တိုင်အလွယ်ချည်နည်း

(၅) အနီးအနားပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ပါ

အနီးအနားပတ်ဝန်းကျင်က သင့်ချစ်သူ သင့်ဇနီးရဲ့ ခြေလှမ်းပျက်မှုတွေအကြောင်း တစ်စွန်းတစ ပြောလာတဲ့အခါလည်း ရှိတတ်ပါတယ်။ ဒါကို မဖြစ်နိုင်တာဆိုပြီး မနေပါနဲ့။ စနည်းနာပါ။ ပုပ်ရင် ပေါ်မှာပါဘဲ။

နတ်စည်တော် (Shwemom)

sm

SHARE