“သူမ”သင့်ကိုမချစ်ပဲ အသုံးချနေကြောင်းသိသာစေတဲ့လက္ခဏာရပ်များ

အချစ်ရေးမှာ တစ်ချို့တွေဟာ တကယ်မေတ္တာစစ်မဟုတ်ပါဘဲ မေတ္တာအတုအယောင်ကို ဗန်းပြပြီး သူတို့လိုချင်တဲ့ အရာတွေအတွက် ချဉ်းကပ်တာမျိုး ရှိတတ်ပါတယ်။ အမျိုးသားကလည်း အမျိုးသမီးတွေကို ငွေခြူရုံသက်သက်၊ လိင်ကိစ္စအတွက်သက်သက်သာ ချဉ်းကပ်တာမျိုးတွေ ရှိတတ်ပြီး အမျိုးသမီးကလည်း ထိုနည်း၎င်း လုပ်တာတွေ မကြာခဏ ကြားရပါတယ်။ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအနေနဲ့ အောက်ပါအခြေအနေတွေနဲ့ အချစ်ရေးမှာ ရင်ဆိုင်နေရတယ်ဆိုရင် သင့်ကို အမျိုးသမီးက လိင်ကိစ္စ၊ ငွေရေးကြေးရေးအတွက် သက်သက်အသုံးချနေတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

(၁) တွေ့ပြီးရင် ရှိတယ်မထင်ဘူး

သင်နဲ့ အပြင်မှာ တွေ့ပြီးနောက် အိမ်ကို အသီးသီးပြန်ကြတဲ့ နောက်ပိုင်း သင့်ကို အရေးမလုပ်ဘူး၊ ရှိတယ်တောင် မထင်တော့ဘူး … သူလိုချင်တဲ့အရာတစ်ခုခု တစ်နေ့တာအတွက် … အချိန်တစ်ခုခုအတွက် လုံလောက်သွားပြီလို့ သူ့ဘက်က ယူဆတဲ့အခါမျိုးမှာ … ငါ့ကို အရေးမလုပ်တော့ပါလားလို့ သင့်စိတ်ထဲမှာ ခံစားရတာ များရင် သင်ဟာ တစ်ခုခုအတွက် အသုံးချခံနေရပြီဆိုတာ သိလိုက်ပါ။

READ
ချစ်သူရှိဖို့လိုအပ်နေပြီလို့ယူဆရင် သင့်ကိုယ်သင်ပြန်ပေးသင့်တဲ့မေးခွန်းများ

(၂) လုံခြုံတဲ့နေရာမျိုးကို ပိုပြီးရွေးချယ်တယ်

အချို့သော သမီးရည်းစားကိစ္စများဟာ အကွယ်ရှိလေ ပိုကောင်လေဆိုတာ မှန်ပါတယ်။ ဒါမျိုးကို များသောအားဖြင့် ယောက်ျာလေးတွေက ရွေးချယ်ကြတာ များပါတယ်။ ဒီလိုကိစ္စမျိုးကို အမျိုးသမီးက ဦးဆောင်တယ်၊ ပြီးရင် နံပတ်(၁)အချက်တိုင်း သူ့ဘက်က ကျင့်သုံးတယ်ဆို့ရင်လည်း သင့်ရဲ့ လက်ရှိအခြေအနေကို သဘောပေါက်ရမယ့် အချိန်ပါ။

(၃) လိပ်စာအတိအကျ မပေးဘူး

သူ့ကို နေထိုင်ရာလိပ်စာ၊ အလုပ်လိပ်စာ တိတိကျကျ တောင်းတဲ့အခါမျိုးမှာ ရယ်စရာမောစရာမျိုးနဲ့ လျှောချသွားတယ်ဆိုရင် ဒါဟာလည်း နောက်ကွယ်မှာ သင့်ကို မသိစေချင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေတဲ့ သဘောပါ။ ဖြစ်နိုင်တာကတော့ သူ့မှာ အရင်တစ်ယောက် ရှိနေသလား၊ ကာမပိုင်ရှိနေသလား၊ သင့်ကို လက်မခံနိုင်တဲ့ အသိုင်းအ၀ိုင်းဖြစ်နေသလား ဆိုတာ သင် စုံစမ်းရင် စုံစမ်းသမျှ သိရမှာ ဖြစ်ပါတယ်။

READ
အမျိုးသမီးတွေအမုန်းဆုံး အမျိုးသားများရဲ့အကျင့်ဆိုးများ

(၄) သူငယ်ချင်းတွေ မိဘတွေနဲ့ ပေးမတွေ့ဘူး

နောက်ပြီး သူ့သူငယ်ချင်းတွေ မိဘတွေနဲ့ အချိန်အလွန်ကြာတဲ့အထိ ပေးတွေ့ဖို့ စကားလည်း မစသလို၊ သင်ကိုယ်တိုင်က တောင်းဆိုလာရင်လည်း အကြောက်အကန် ငြင်းတယ်ဆိုရင် သူဟာ သင့်ကို လက်ထပ်ဖို့ ရည်ရွယ်ထားသူ မဟုတ်ကြောင်း၊ တစ်စုံတစ်ခုအတွက် အသုံးချနေခြင်း ဖြစ်ကြောင်း သင် သိထားဖို့ လိုပါတယ်။

(၅) ငွေကြေးနဲ့လိင်ကိစ္စရနေရင် အဆင်ပြေတဲ့သဘောမျိုး

သင့်ဘက်က ပေးလာတဲ့ ငွေကြေးနဲ့ လိင်ကိစ္စကိုသာ သူ့အတွက် ပုံမှန်ရနေရင် ဆက်ဆံရေး အဆင်ပြေနေပါလိမ့်မယ်။ သူလိုချင်တာ မရနိုင်ရင် ပြဿနာ အမျိုးမျိုး အရှာခံရတတ်ပြီး သူလိုချင်တဲ့ အရာတွေအတွက်လည်း အားနာရှက်ရွံမနေဘဲ အတင်း တောင်းဆိုတာမျိုး ခဏခဏ ခံရတယ်ဆိုရင်လည်း သင့် အခြေအနေကို သင် သိသင့်ပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE