သင်က လွတ်လပ်မှုကိုမြတ်နိုးတဲ့မိန်းမတယောက်ဖြစ်ကြောင်း သိနိုင်မဲ့အချက်များ

shutterstock/By Look Studio

မိန်းကလေးတွေထဲမှာ ဘယ်သူ့ရဲ့ အချုပ်အနှောင်ကိုမှ မခံပဲ ပြတ်သားရဲရင့်ပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းကလေးတွေ ရှိပါတယ်။ သင်ဟာ ဒီလိုမိန်းကလေးမျိုးထဲ ပါမပါဆိုတာ အောက်ကအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်ကိုယ်ကိုလက်ခံတယ်

Solis Images/Shutterstock

သင်ဟာ ချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ၊ ပိန်သည်ဖြစ်ေစ၊ ဝသည်ဖြစ်စေ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သင့်ကိုယ်သင် အရှိအတိုင်းလက်ခံပြီး အရှိအတိုင်းမှာ ကျေနပ်နေတတ်သူဖြစ်ပါတယ်။ သူများတွေအမြင်ထက် သင့်ကိုသင် မြင်တဲ့အမြင်က သင့်အတွက်ပိုအရေးကြီးပါတယ်။ သင်ဟာ လူတွေအထင်ကြီးအောင်၊ လူတွေ ဝမ်းသာအောင် တမင်လုပ်ယူနေရတာမျိုးကိုမုန်းသလို ဘယ်တော့မှလည်း လုပ်လေ့မရှိပါဘူး။

(၂) ကိုယ့်အကြောင်းကိုယ်ကောင်းကောင်းသိတယ်

သင်လုပ်တဲ့ အကြောင်းအရာတွေ၊ သင့်ရဲ့ခံစားချက်တွေကို သင့်ကိုယ်သင် ကောင်းကောင်းသိပါတယ်။ သင့်ဆုံးဖြတ်ချက်တိုင်းဟာလည်း သေချာအကြိမ်ကြိမ်စဉ်းစားပြီးမှ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် သူများတွေက မှားတယ်လို့ ဘယ်လောက်ပြောပြော သင်ဂရုမစိုက်သလို ပြန်ြပင်မှာလည်း မဟုတ်ပါဘူး။ သင်ဒီလိုလုပ်ကိုလုပ်ရတဲ့ အကြောင်းအရင်း အခိုင်အမာရှိနေလို့ပါ။

READ
ကြောင်တစ်ပိုင်း,ကြွက်တစ်ပိုင်း ဆန်းပြားတဲ့သတ္တ၀ါတွေကြောင့် လူအများအပြား ထိတ်လန့်ခဲ့ရ

(၃) သင့်မှာဘောင်တွေစည်းတွေရှိတယ်

သင်ဟာ လူအများနဲ့အဆင်ပြေအောင်နေတတ်တယ်၊ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ဒါပေမယ့် သင့်မှာ ဘောင်တွေ၊ စည်ေးတွရှိပါတယ်။ သင်ကလည်း သူတစ်ပါးရဲ့စည်းကို ဘယ်တော့မှ စမကော်ျသလို၊ သင့်ရဲ့ဘောင်ကို ကျော်လာရင်လည်း ပြင်းထန်စွာ တုန့်ပြန်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သင်သည် ပျော်ပျော်နေတတ်ပေမယ့် ပေါတယ်လို့တော့ လုံးဝအထင်မခံချင်တဲ့သူတစ်ယောက်ပါ။

(၄) ကိုယ့်ကိုယ်ကိုလေးစားတယ်

သင့်ကို မပျော်ရွှင်စေတဲ့အရာတွေကို ရှောင်ပါတယ်။ အထူးသဖြင့် ကိုယ့်ကို မလိုချင်တဲ့သူကို ကိုယ်ကလည်း လိုက်တွယ်ကပ် မနေတတ်တဲ့ သူမျိုးပါ။ ဒါကြောင့် သင့်ဘဝမှာ မြိုသိပ်ရတာတွေ၊ စွန့်လွှတ်လိုက်ရတာတွေ များနေတတ်ပေမယ့် အဲဒီ့အရာတွေအတွက် နောင်တလည်းရမနေတတ်ပါဘူး။

(၅) ရည်မှန်းချက်အကြီးကြီးရှိတယ်

shutterstock/By Zarubina Viktoriia

မဖြစ်နိုင်ဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပြောပြော သင်ဖြစ်ချင်ပြီဆိုရင် အတားအဆီးတွေ ဘယ်လောက်ရှိရှိ ရအောင်လုပ်မယ့်သူမျိုးပါ။ နောက်ဆုံး အောင်မြင်တာ၊ မအောင်မြင်တာ အသာထား မလုပ်ပဲနဲ့ လက်လျှော့တတ်တဲ့သူမျိုး လုံးဝမဟုတ်ပါဘူး။ သင်ဘယ်လောက် အရှုံးနဲ့ကြုံကြုံ လွယ်လွယ်လက်လျှော့မယ့် သူမျိုးလည်းမဟုတ်ပါဘူး။

READ
ဒေါ်လာသန်း(၁၈၀)ဆုကြေးငွေထုတ်ပြီး သမက်လောင်းရှာနေတဲ့ ဘီလီယံနာသူဌေးကြီး

Em Em (shwemom)

SHARE