သင့်ခွေးက သင့်ကို သဘောကျ၊မကျဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

Shutterstock

ကိုယ့်မှာခွေးတစ်ကောင်မွေးထားပြီး အဲဒီ ခွေးလေးက ကိုယ့်ကို အရိပ်တကြည့်ကြည့်လုပ်နေလို့ သူကိုယ့်ကို သံယောဇဉ်တွယ်နေတယ်လို့ မထင်လိုက်ကြနဲ့ဦးနော်။ တကယ်တော့ ခွေးတွေက သူတို့ရဲ့သခင်တွေကို လွယ်လွယ်ကူကူနဲ့ လက်ခံကြတာမဟုတ်ပါဘူး။ သူတို့ကို တကယ်ချစ်ရဲ့လား၊ တကယ်သဘောကျရဲ့လား၊ သခင်နဲ့နေရတာ လုံခြုံရဲ့လားဆိုတာ အရင်ဆုံးလေ့လာကြပါသေးတယ်။ တကယ်လို့ သင့်ခွေးဆီမှာ ဒီလိုအချက်တွေ တွေ့နေရပြီဆိုရင် သူက သင့်ကို သဘောမကျဘူး၊ မယုံကြည်သေးဘူး ဆိုတာ ပြနေတာပါတဲ့နော်…။

(၁)။ သင့်ရဲ့လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေတယ်

သင်နဲ့အတူရှိနေတဲ့အချိန် သင့်ရဲ့လှုပ်ရှားမှုတိုင်းကို သူ လိုက်ကြည့်နေတယ်ဆိုရင် သင့်စိတ်ထဲမှာ ထင်မိမှာက “ဒီခွေးလေးဟာ ငါ့ကို မျက်စိအောက်က အပျောက်မခံနိုင်ဘူး” ဆိုတာပါ။ တကယ်တမ်းမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ခွေးလေးတွေက သူတို့အနားမှာရှိနေသူတွေကို မယုံတဲ့အခါ မျက်စိဒေါက်ထောက်ကြည့်နေတတ်ပြီး ဘယ်လို လှုပ်ရှားမှုမျိုးကို မဆို အလွတ်မပေးတတ်ပါဘူး။

READ
ကိုယ့်ကိုလိမ်နေမှန်း ဘယ်လိုသိနိုင်မှာလဲ
Shutterstock

(၂)။ သင်နဲ့မျက်လုံးချင်းမဆုံအောင်ရှောင်နေတတ်တယ်

သင်က သူနဲ့အနီးအနားမှာ ရှိနေပြီး သူ့ကိုကြည့်နေပေမယ့် သူက သင်နဲ့မျက်လုံးချင်းဆုံအောင် မကြိုးစားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်နေတယ်ဆိုရင် ဒါဟာ သင့်ကိုလုံးဝလစ်လျူရှုထားတဲ့ သဘောပါ။ သူတို့နဲ့မျက်လုံးချင်းဆုံဖို့အတွက် သင်ကြိုးစားလိုက်တိုင်း မျက်နှာကို တစ်ဖက်လှည့်သွားတတ်ကြတာကလည်း သင့်ကို လစ်လျူရှုထားတဲ့သဘောပါပဲ။

(၃)။ အကွယ်နေရာတွေ ၊ မမြင်နိုင်တဲ့နေရာတွေမှာနေမယ်

သင့်ရဲ့ခွေးလေးက သင့်ကိုကြောက်နေပြီ ဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အကွယ်နေရာတွေ၊ ပုန်းနေလို့ရတဲ့နေရာတွေမှာ နေကြမှာပါ။ သင် အပြင်က ပြန်လာလို့ သူတို့ကို တကူးတကလိုက်ရှာနေရပြီ၊ ဒါမှမဟုတ် တစ်အိမ်တည်းအတူရှိနေပြီး သင့်မျက်လုံးနဲ့ မမြင်နိုင်တဲ့ နေရာတွေမှာပဲ နေကြတယ် ဆိုရင် ဒါဟာ သူတို့စိတ်ထဲမှာ သင်နဲ့ပတ်သက်ပြီး ကြောက်လန့်စိတ်ရှိနေတဲ့သဘောပါ။

Shutterstock

(၄)။ သင်နဲ့နီးနီးလေးဘယ်တော့မှမနေဘူး

READ
ပါရီဖက်ရှင်ပွဲမှာ မော်ဒယ်တွေဝတ်စားပြခဲ့ကြတဲ့ နောက်ဆုံးပေါ်ရေပုံးဖက်ရှင်

သင့်ရဲ့ခွေးက အခန်းတစ်ခုထဲမှာ ရှိနေတဲ့အချိန်၊ သင်ဝင်သွားလိုက်တာနဲ့ သူက ထွက်သွားဖို့ ကြိုးစားနေပြီဆိုရင် သူတို့စိတ်ထဲမှာ သင်နဲ့သူစိမ်းတွေလို ခံစားနေရသေးတယ်ဆိုတာ ပြသနေတာပါပဲ။ သူတို့က စိတ်ထဲမှာ မရင်းနှီးသေးသရွေ့ ခပ်ဝေးဝေးမှာနေဖို့သာ ကြိုးစားကြပြီး အနားအကပ်မခံချင်ကြပါဘူး။

(၅)။ အစာကျွေးရတာခက်တယ်

သင့်ရဲ့ခွေးက သင့်ကိုမချစ်ဘူးဆိုရင် သင်ကျွေးတဲ့အစာမှန်သမျှကို သူတို့စားမှာမဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန်စားနေကြ အစာကလွဲလို့ သူတို့ကို ဘာမှ ကျွေးလို့ရမှာမဟုတ်ဘူး။ သူတို့စိတ်ထဲမှာ စားချင်နေတဲ့အစာဆိုရင်တောင် သင်နဲ့ မရင်းနှီးသရွေ့ သင်ကျွေးတာစားဖို့ ရွံ့နေကြမှာပါ။

Shutterstock

Linn

SHARE