အဆက်ဟောင်းက သင့်ကို သံယောဇဉ်မပြတ်ဘူးဆိုတာ သိနိုင်တဲ့အချက်များ

အဆက်ဟောင်းရှိတဲ့ သူတွေအနေနဲ့ ကိုယ်နဲ့ပတ်သက်ခဲ့သူ ကိုယ့်အပေါ်မှာ သံယောဇဉ်လက်ကျန်လေး ရှိသေးတယ်ဆို
ရင်ကို ကြံဖန်ပျော်ရွှင်နေတတ်ကြပါလိမ့်မယ်။ တကယ်တော့ အကြောင်းမသင့်ဖို့ ပေါင်းခွင့်မကြုံခဲ့ရရင်တောင် တိုက်ဆိုင်
တဲ့ အခါတိုင်း သူတို့ကို ထည့်လွမ်းနေမိတတ်ပါတယ်။ အခု Shwemom ကနေ အဆက်ဟောင်းက သင့်ကို သံယောဇဉ် မပြတ်သေးဘူးဆိုတာ သေချာသိနိုင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မက်ဆေ့/ဖုန်း အဆက်အသွယ် ရှိသေးတယ်

တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ စိတ်မကြေဒဏ်ရာတွေ ပိုင်ဆိုင်သည်ဆိုဦး၊ ဖုန်းအခေါ်မပျက်၊ မက်ဆေ့အပို့ မပြတ်သေးဘူးဆိုရင် တော်ရုံသံယောဇဉ်မဟုတ်ဖူးဆိုတာ သေချာပါတယ်။ သင့် အဆက်ဟောင်းက ယခင်ကလိုပဲ ပြုမူ
နေသေးတယ်ဆိုရင် သူ့စိတ်ထဲမှာ မပြတ်သေးဘူးဆိုတာ သေချာပါတယ်။

(၂) မနာလို သ၀န်တိုမှု မရပ်ဆိုင်းသေးဘူး

သင့်အပေါ်မှာ နဂိုကလိုပဲ ဘယ်သူနဲ့ မသွားနဲ့နော်၊ ဘယ်သူတွေက ဖိတ်ရင် မလိုက်နဲ့ဆိုပြီး ကန့်သတ်ချုပ်ချယ်မှုလေး တွေ ရှိနေသေးတယ်၊ ဒါတွေကို သတိလက်လွတ် ပြုမူနေသေးတယ်ဆိုရင်လည်း သူ သင့်ကို မမေ့သေးဘူးဆိုတာ သေချာပါတယ်။

READ
ကိုယ်လက်ထပ်ရမယ့်ယောက်ျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အကျင့်စာရိတ္တများ

(၃) ချစ်သူအသစ်ရပြီလားလို့ အမြဲစုံစမ်းနေတယ်

သင့်မှာ ချစ်ရတဲ့ ချစ်သူ အသစ်ရပြီလားလို့ သင်နဲ့နီးစပ်ရာကို အဆက်ဟောင်းက စုံစမ်းနေတယ်ဆိုရင်လည်း သူ့ စိတ်ထဲမှာ သင့်ကို ပိုင်ဆိုင်လိုစိတ် ရှိနေသေးတယ်ဆိုတဲ့ သဘောပါ။

(၄) သူ့မှာတော့ ချစ်သူ အသစ် မရှိသေးဘူး

ပိုပြီး ထူးခြားတာက နှစ်ယောက်သား ပြတ်ဆဲလို့ မကြာသေးချိန်မှာ သင်က ချစ်သူ အသစ် ရချင်ရပါလိမ့်မယ်။ သင့်အပေါ်မှာ မျှော်လင့်ချက် ဆက်ထားနေတဲ့ အဆက်ဟောင်းကတော့ ချစ်သူအသစ် မရှာသေးပဲ သင့်ကို ခေါ်ခေါ် ပြောပြော လုပ်နေသေးတယ်ဆိုရင်လည်း သင့်ကို သံယောဇဉ် စိတ်မကုန်သေးတဲ့ အဓိပ္ပါယ်ပါ။

(၅) နေမကောင်းတဲ့အခါ အပြေးလာတယ်

သင် နေမကောင်းတာ၊ ဖျားနာတာ၊ တစ်ခုခု မတော်တဆဖြစ်ပြီဆိုတာနဲ့ သူ သင့်အနားကို အပြေးလေး လာရောက်ပြီး အရင်ကလို ကိုယ်ဖိရင်ဖိ ပြုစုဖို့ ကြိုးစားပါလိမ့်မယ်။ သင် ခံတွင်းတွေ့စေမယ့် အရာလေးတွေ ၀ယ်ခြမ်းလာမယ်၊ ချက်
ပြုတ်လာတဲ့ အပြုအမူလေးတွေ ဆက်တွေ့နေရသေးရင်လည်း သူ သင့်ကို စိတ်မကုန်သေးပါဘူး။

READ
၅၇နှစ်ကြာလက်တွဲခဲ့ပြီးနောက် The Notebook ရုပ်ရှင်ထဲလို ဓာတ်ပုံတွေရိုက်ခဲ့ကြတဲ့စုံတွဲ

နတ်စည်တော် (Shwemom)

source : herinterest.com

SHARE