ချစ်သူ(သို့)ခင်ပွန်းဖြစ်သူ စိတ်ဓါတ်ကျနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာများ

မိမိချစ်သူ(သို့)ခင်ပွန်းဖြစ်သူဟာ လုပ်ငန်းခွင်ကြောင့်ဖြစ်စေ၊မိသားစုကိစ္စကြောင့်ဖြစ်စေ တစ်ခု ခုကြောင့် စိတ်ဓါတ်ကျနေတယ်ဆိုတာကို ဂရုတစိုက်စောင့်ကြည့်ပေးဖို့ လိုပါတယ်။ဘယ်လိုလက္ခ ဏာတွေက စိတ်ဓါတ်ကျနေတယ်ဆိုတာကို ပြနေလဲ .?ဘယ်လိုကူညီပေးရမလဲဆိုတာ ကို ပြောပြပေးချင်ပါတယ်။

(၁)ဖော်မပြနိုင်တဲ့ ခေါင်းကိုက်ခြင်း(သို့)နာကျင်ခြင်းတွေဖြစ်နေ

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဟာ စိတ်ဓါတ်ကျနေတဲ့ လူတစ်ယောက်ရဲ့ ထင်သာမြင်သာတဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ခေါင်းကိုက်တာ၊ဗိုက်အောင့်၊ဗိုက်နာတာ၊အဆစ်အမြစ်နာကျင်တာ အစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ နာကျင်ခြင်းတွေဟာ စိတ်ဓါတ်ကျနေတယ်ဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေ ပြနေပြီဆိုရင်တော့ ဘေးကနေ အတက်နိုင်ဆုံးကူညီစောင့်ရှောက်မှုတွေ လုပ်ပေးဖို့လိုပါတယ်။

wife-consoling-husband

(၂)အရာအားလုံးကို အလေးမထား(ဂရုမစိုက်)တော့တာ

ထားလိုက် ငါဂရုမစိုက်ဘူး ဒီလိုစကားကို သူဘယ်နှစ်ကြိမ်လောက် ပြောပြီးပါပြီလဲ.?အကြောင်း အရာကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုဘာမှမဖော်ပြတော့ပဲ လျစ်လျူရှုထားတာ ဘယ်လောက်ကြာနေပါပြီလဲ.?အားလုံးကိုစိတ်ကုန်နေတဲ့ ဘာဖြစ်ဖြစ်ရတယ် ဆိုပြီး အလေးအနက် မရှိတော့ တဲ့ အမူအယာတွေဟာလည်း စိတ်ဓါတ်ကျနေတယ်ဆိုတာကို ပြနေတာပါ။

READ
ငရုပ်သီးရဲ့ အံ့ဖွယ်ကောင်းကျိုး(၅)မျိုး

depressed_guy_c

(၃)နှစ်သက်ခဲ့ဖူးတဲ့ အလေ့အကျင့်တွေ(အရာတွေ)ကို ဆက်မလုပ်တော့တာ

စိတ်ဓါတ်ကျနေတဲ့ အမျိုးသားတစ်ယောက်ဟာ အရင်က သူကြိုက်ခဲ့တဲ့အရာတွေ၊အလေ့အကျင့်တွေ ကို လုံးဝမကြိုက်တော့ မလုပ်တော့ပါဘူး။ဥပမာ-သိပ်ကြိုက်တဲ့ ဘောလုံးပွဲတွေကိုတောင် မကြည့်တော့တာမျိုး။သူငယ်ချင်းတွေနဲ့အပြင်ထွက်မလည်တော့တာမျိုးပါ။ဒီလိုတွေ ပြောင်းလဲလပြီဆိုရင်တော့ ဒါဟာလည်းစိတ်ဓါတ်ကျဆင်းလာပြီဆိုတဲ့ လက္ခဏာတစ်ခုပါ။

(၄)စိတ်တိုတာ

စိတ်ဓါတ်ကျခြင်းဟာ လူတစ်ယောက်ကို စိတ်ရှုပ်ထွေးစေပါတယ်။အချိန်ပြည့် ၀မ်းနည်းအားငယ်နေ တတ်ပြီး သူတို့ကိုယ်တိုင်တောင် ဒါဟာဘာကြောင့်လဲဆိုတာ မသိပါဘူး။အမျိုးသားအများစုမှာ တကယ်  ခင်မင်တဲ့ ရင်ဖွင့်စရာ မိတ်ဆွေသူငယ်ချင်းရှားပါးတတ်ကြပါတယ်။ဒါဟာမကောင်းပါဘူး။ ရင်ဖွင့်စရာလူမရှိတာကြောင့် မျိုသိပ်ရတဲ့ ခံစားချက်တွေများလာပြီး စိတ်ဓါတ်ကျ အထီးကျန် တာတွေဖြစ်လာနိုင်ပါတယ်။

sleeping-in-late

(၅)အချိန်တိုင်းအိပ်နေတာ

တစ်ချိန်လုံးအလွန်အကျွံအိပ်နေတာဟာလည်း စိတ်ဓါတ်ကျနေတယ်ဆိုတာကို ဖော်ပြတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။လန်းဆန်းတက်ကြွမှု လုံးဝပျောက်ဆုံးနေပြီး အချိန်ပြည့် အိပ်ပဲနေပြီဆို ရင်တော့ သူ့နဲ့စကားပြောပေးပါ။ဘာစိတ်ညစ်စရာတွေရှိနေလဲ။ဘာတွေကိုစိတ်ဖိစီးနေသလဲဆိုတာ ကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ခိုင်းပါ။

SHARE