စိတ်ဖိစီးမှုတွေ အရမ်းများ နေပြီဆိုတာကို ပြတဲ့ လက္ခဏာများ

(Stress)စိတ်ဖိစီးမှု ဆိုတာဟာ လူတိုင်းလိုလို မရှောင်လွှဲနိုင်တဲ့ စိတ်ခံစား မှုတစ်ခုပါ။ဖိအားတွေ အရမ်းများတဲ့ လုပ်ငန်းခွင်၊ပတ်ဝန်း ကျင်တွေမှာ နေထိုင်နေ ရ သူတွေဆိုရင်တော့ စိတ်ဖိစီးမှု(Stress)ဒဏ်ကို အများကြီးခံကြရပါတယ်။ အနည်းငယ် ဆိုရင်တော့ မသိသာပေမယ့် အများကြီးစုပုံလာမယ်ဆိုရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့ အထိဖြစ်နိုင်ပါတယ်။Stress တွေ အရမ်းများလာရင် ဖြစ်တတ်တဲ့ ပြတတ်တဲ့ လက္ခဏာရပ်(၆)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ .

(၁)သွားကြိတ်ခြင်း

ဒါကိုတော့ ဆေးပညာမှာဆိုရင် bruxism လို့ခေါ်ပြီး၊စိတ်ဖိစီးမှုဒဏ်ကို အရမ်း ခံစားနေရတဲ့ လူတိုင်းမှာ ပြတတ်တဲ့Sign တစ်ခုဖြစ်ပါတယ်။National Institute on Aging တက္ကသိုလ်(NIH)ရဲ့ သုတေသပရိုဂရမ်တစ်ခုအရ သွားကြိတ်တာဟာ စိတ်ခံစားချက်မတည်ငြိမ်တာနဲ့စိတ်ဖိစီးမှုများနေပြီဆိုတာ ကို ပြတဲ့ လက္ခဏာတစ်ခုလို့ ဆိုပါတယ်။

(၂)အသစ်တွေကို သင်ယူရမှာ ခက်ခဲနေ

တခြားအသစ်သစ်တွေကို သင်ယူလေ့လာရာမှာ ကောင်းကောင်းမလေ့လာနိုင်ပဲ ခက်ခဲနေတယ်၊အာရုံစိုက်လို့ လုံးဝမရဖြစ်နေတာလည်း Stress ပမာဏ များနေပြီဆိုတာကို ပြနေတာပါ။ စိတ်ဖိစီးမှု ခံစားရရင် ဦးနှောက်ကနေ corticotropin လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုးကို ထုတ်ပေးပြီး၊အဲ့ဒီအရာဟာ သင်ယူလေ့လာမှုအသစ်တွေကို လုပ်ဆောင်ရာမှာ အတားအဆီးဖြစ်စေပါ တယ်။ကာလကြာရှည်စွာ စိတ်ဖိစီးမှု ခံစားနေရသူတွေမှာ ဆိုရင်တော့ ဦးနှောက် ရဲ့ အစိတ်အပိုင်းတစ်ချို့ကိုပါ ထိခိုက်စေတဲ့ အထိ ဖြစ်နိုင်တယ်လို့ လေ့ လာတွေ့ရှိချက်တွေမှာဖော်ပြထားပါတယ်။

READ
အိပ်ရေးပျက်လွန်းတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

youre-having-trouble-learning-something-new

(၃)အကြားအာရုံထိခိုက်၊စိတ်အာရုံခြောက်ခြား

အကြားအာရုံချို့ယွင်းလာပြီး၊စိတ်အာရုံခြောက်ခြားမှုတွေကို ခံစားနေရတာဟာ လည်း Stress အရမ်းများလာသူတွေမှာ တွေ့ရတဲ့လက္ခဏာတွေထဲက တစ်ခု ပါ။ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတစ်စုံတစ်ရာနဲ့မှ ပတ်သက်မှုမရှိပဲ စိုးရိမ်ကြောင့်ကြ မှုများလာတာ၊အိပ်မပျော်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

(၄)အလွန်အကျွံစားတာ

Stress နဲ့စားသောက်မှုအမူအကျင့်တို့ကြားမှာ ထူးခြားတဲ့ ဆက်သွယ်မှုပုံစံရှိ ပါတယ်။ခဏတာ (short-term stress)တွေက လူတွေရဲ့စားချင်သောက် ချင်စိတ်ကို ကုန်ခမ်းစေ(မစားချင်/မသောက်ချင်)ဖြစ်စေတတ်ပြီး၊ (corticotropin )ဆိုတဲ့ဟော်မုန်းကို ထုတ်ပေးပါတယ်။ဒါပေမယ့်အဲ့ဒီလိုဖြစ်ေ နတာတောင်မှ စိတ်ဖိစီးမှုတွေ ပျောက်မသွားပဲဆက်ရှိနေအုံးမယ်ဆိုရင်တော့ တုံ့ပြန်မှုပုံစံက ဆန့်ကျင်ဘက် ကိုပြောင်းသွားပါတယ်။(cortisol)ဆိုတဲ့ ဟော် မုန်းကို ပြောင်းပြီးထုတ်ပေးကာ၊အဲ့ဒီဟော် မုန်းကြောင့် အရင်က မစားနိုင်၊ မသောက်နိုင်ဖြစ်ရာကနေ အရမ်းစား လာတာမျိုးတွေ ဖြစ်လာတာပါ။

Feeling exhausted.

(၅)အရေပြားပြသာနာတွေများလာ

နားလည်ရခက်တဲ့ အရေပြားပြသာနာတွေပေါ်လာတာမျိုးပါ။ဒီလိုအခြေအနေ ကိုတော့ စိတ်နဲ့အရေပြားဆက်သွယ်မှု(psychodermatology)လို့ခေါ်ပါ တယ်။စိတ်ပိုင်းဆိုင်ရာ ပြသာနာကြောင့် အရေပြားအပေါ်မှာ သက်ရောက်မှုတွေ ရှိလာတာ၊အရေပြားပြသာနာတွေဖြစ်လာတာမျိုးကို ဆိုလိုတာပါ။စိတ်ဖိစီး မှုများလာတာကြောင့် ခန္ဓာကိုယ်ကနေ ထုတ်လိုက်တဲ့ဟော်မုန်းတွေ၊ (substances)တွေက အရေပြားကိုပျက်စီးစေတာပါ။တစ်ချို့ဆိုရင် အရေပြား က(sensitive)ဖြစ်လာတာ၊နာကျင်လာတာမျိုးတွေအထိ ဖြစ်ပေါ် တတ်ပါတယ် ။ဒါတွေတင်မက အရေပြားခြောက်သွေ့လာတာမျိုးတွေ လည်းဖြစ်လာတတ်ပါ တယ်။

READ
အသက်47နှစ်အရွယ်အထိ Jennifer Lopezရဲ့ခန္ဓာကိုယ်ကြည့်ကောင်းနေရတဲ့ လျှို့ဝှက်ချက်

youre-developing-any-number-of-skin-issues

တခြားလက္ခဏာရပ်တွေအနေနဲ့ကတော့ ပစ္စည်းတွေ မကြာခဏလွတ်ကျတာ၊ သက်ပြင်း မကျခဏချတာ၊အိမ်မက်ဆိုးမက်တာများလာတာ အစရှိတာတွေကို လည်း ခံစားကြုံတွေ့ရတာတွေ ရှိနိုင်ပါတယ်။

Ref;thelist

SHARE