သင့်ဇနီးကို ပိုဂရုစိုက်သင့်ကြောင်း သတိပေးနေတဲ့လက္ခဏာ(၅)ချက်

“A Happy Wife is a Happy Life”ဆိုတဲ့ စကားရှိပါတယ်။ဒီလိုပြောလို့ အမျိုးသားတွေကဒါဟာမျှတမှုမရှိဘူးလို့ တွေးကောင်းတွေးနိုင်ပါတယ်။ဒါပေမယ့် သဘာဝကိုက အမျိုးသမီးတွေဟာဦးစားပေးမှုကိုလိုချင်ကြတယ်၊ ဂရုစိုက်ခံချင်ကြ တယ်။ဒါကြောင့် ဒီလိုဦးစားပေးဂရုစိုက်မှု၊ခင်ပွန်းရဲ့ချစ်ခင်ကြင်နာမှုကိုအပြည့်အ၀ရရှိတဲ့ အိမ်ထောင်ရေးမျိုးကလည်း သာယာမြဲပါပဲ။အခုတော့ Shwemomရဲ့ပရိသတ်တွေထဲက အိမ်ထောင်ရှင်အမျိုးသားတွေအနေနဲ့ ကိုယ့်ဇနီးကို ဂရုစိုက်ဖို့ လိုပြီဆိုတာ သတိပေးနေတဲ့ အချက်လေးတွေသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အကြောင်းပြချက်မရှိဘဲ ရန်လိုခြင်း

အမျိုးသမီးတွေဟာ တခါတလေမှာ သူတို့လျစ်လျူရှုခံရတယ်လို့ ခံစားရတယ်ဆိုရင် ၀မ်းနည်းတာက နောက်မှ  ဒေါသ အရင်ထွက်တတ်ကြပါတယ်။တကယ်လို့ သင့်ဇနီးက အကြောင်းပြချက်မရှိဘဲသင့်ကိုဆန့်ကျင်နေတယ်၊ ရန်လိုနေတယ် ဆိုရင်တော့ သူမကိုဂရုစိုက်ပေးဖို့လိုနေပြီဆိုတာ သတိပေးနေခြင်းဖြစ်ပါတယ်

ညှိမရတဲ့ဝေဖန်မှု

မိန်းကလေးတွေအရွဲ့တိုက်တဲ့အခါ ယောက်ျားလေးတွေအရွဲ့တိုက်တာထက်ပိုပြီး ကသိကအောက်ခံစားရတတ်ပါတယ်။ သင့်ကို မထိတထိနဲ့ဝေဖန်တယ်၊မခံချင်အောင် အရွဲ့တိုက်တဲ့စကားလုံးတွေပြောတယ်၊ ပြုမူတယ်ဆိုရင်တော့ သူမသင့် ရဲ့ဂရုစိုက်မှုကိုလိုချင်နေတယ်ဆိုတာ သိသာစေတဲ့အချက်ဖြစ်ပါတယ်။အဲဒီအခါမျိုးမှာ ကျေနပ်အောင်၊ ပျော်အောင်ဘယ်လို လုပ်ပေးရမလဲဆိုတဲ့အချက်ကအဓိကစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

READ
သင်သိဖို့ကောင်းတဲ့ ကောင်မလေးတွေရဲ့အထာများ

လျစ်လျူရှုမှုကပုံမှန်လိုဖြစ်နေပြီ

မိန်းကလေးတွေကအချိန်တိုင်းဂရုစိုက်နိုင်ကြသလို ချစ်တဲ့သူနဲ့ရှိနေတဲ့အချိန်တိုင်းကိုလည်း တန်ဖိုးထားတတ်ကြပါ တယ်။ ဒါပေမယ့် သင့်ရဲ့ လွတ်လပ်မှုတွေကို သူမဘက်ကထိန်းချုပ်လာပြီသင့်ကို ဖိအားပေးလာပြီဆိုရင်တော့ သူမနဲ့အတူရှိချိန်၊ ချိန်းဆိုမှုတွေတိုင်းမှာ သင့်ဘက်ကပျက်ကွက်မှုများနေတယ်ဆိုတာ သတိပေးလိုက်တာပါပဲ။

သူမကိုမချစ်ဘူး

သူမအတွက် သင့်အချစ်တွေကဘယ်တော့မှ လုံလောက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူမသင့်ကိုအမြဲတမ်း လိုအပ်နေလို့ပါပဲ။မိန်းကလေးတွေရဲ့အချစ်က ဘယ်တော့မှ အဆုံးသတ်သွားမှာမဟုတ်သလို Sex ထက် Loveကို ပိုပြီးဦးစားပေးကြသူတွေလည်းဖြစ်ပါတယ်။သင်ချစ်တာသိနေပေမယ့် သူမကိုမချစ်ဘူးလို့ခဏခဏပြောနေပြီဆိုရင် တော့ သူမအတွက် သင့်အချိန်တွေကို ဖဲ့ပေးဖို့လိုနေပါပြီ။

အလုပ်ချိန်တွေနဲ့အပေါင်းသင်းတွေကိုသ၀န်တိုခြင်း

သင့်သူငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်တွေကို ငြူစူလာမယ်၊ အလုပ်ချိန်တွေကို ကဲ့ရဲ့တာတွေလုပ်နေပြီဆိုရင်တော့ သင့်ရဲ့ ဂရုစိုက်မှုတွေကို သူမလိုအပ်နေပြီဆိုတာပါပဲ။ဘာကြောင့်ပဲသ၀န်တိုတို၊ သ၀န်တိုခြင်းက relationshipတွေအတွက် အကြီးမားဆုံးအန္တရာယ်တစ်ခုဆိုတာ သင့်အနေနဲ့ သတိပြုသင့်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lifehack.org

SHARE