အလွန်အကျွံ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရကြောင်း ထင်ရှားစေတဲ့ လက္ခဏာများ
အလုပ်နဲ့ ပုဂ္ဂိုလ်ရေးရာကို ညီမျှအောင် ထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျောင်းနေတဲ့ အရွယ်ရောက်တော့ စာသင်ရတယ်၊ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီး အခက်အခဲ အနည်းနဲ့ အများဆိုသလို တွေ့ရတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ၀င်ပြန်တော့လည်း လက်တွေ့လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ သဟဇာတဖြစ်ဖို့ ၊ အလုပ်ပြီးမြောက်ဖို့ကို ကြိုးစားရပါသေးတယ်။ ဒီထဲမှာမှ စိတ်ဖိစီးမှုတွေက ထပ်ဝင်လာတဲ့အခါ အခြေအနေတွေဟာ ပိုလို့တောင် ဆိုးဝါးသွားပါတယ်။
ခေါင်းကိုက်ခြင်း
rvcj
တစ်နေ့လုံး အလုပ်တွေ ကြုံးလုပ်ပြီး အမြဲလိုလို ခေါင်းကိုက်ပြီးမှ အိမ်ပြန်လာရတယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ဟာ ၀န်တော်တော်ပိနေပါပြီ။ ဒါကို ဖြေရှင်းဖို့က မီးတွေကို မှိတ်လိုက်ပါ။ ငြိမ့်ညောင်းတဲ့ တေးဂီတသံစဉ်လေးတစ်ခုခုဖွင့်ပြီး နေလို့ပိုကောင်းလာတဲ့အထိ အိပ်ရာပေါ်မှာ မှီလှဲနေပါ။ ဒီလိုအချိန်မျိုးမှာ ဖုန်းကို ခပ်ဝေးဝေးမှာ ခဏလောက်ထားသင့်ပါတယ်။
READ
ဝိုင်နီကို တစ်နေ့တစ်ခွက်သောက်ခြင်းဖြင့် ရင်သွေးရဖို့အခွင့်အလမ်းပိုများ
rvcj
တကယ်လို့ သင်ဟာ မကြာခဏဆိုသလို ၀က်ခြံတွေ ထွက်နေပြီဆိုရင် ဒါဟာ စိတ်ဖိစီးမှုတွေ များနေပြီဆိုတာကို ဖော်ပြနေတာပါ။ ရက်အနည်းငယ်လောက် အာဟာရဖြစ်စေမယ့် အစားအစာတွေစားပြီး သက်တောင့်သက်သာ နေကြည့်လိုက်ပါ။
အိပ်မပျော်ခြင်း
rvcj
တကယ်လို့ စာဖတ်သူဟာ ညဘက်တွေမှာ အိပ်မပျော်ဘူး။ ဒါမှမဟုတ် အိပ်ပျော်ရင်လည်း အိပ်မက်ဆိုးတွေကြောင့် ခဏခဏ ပြန်ပြန်နိုးလာတယ်ဆိုရင် ဒါဟာ စိတ်ဖိစီးမှုဖြစ်နေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
စွမ်းအင်ယုတ်လျော့ခြင်း
rvcj
သေချာပါတယ်။ တကယ်လို့သာ အရမ်းစိတ်ဖိစီးမှုများနေခဲ့ရင် တစ်နေ့လုံး ပင်ပန်းနွမ်းနယ်သလို ခံစားရပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။
မကြာခဏ ဖျားနာခြင်း
rvcj
မကြာခဏဆိုသလို ဖျားနာနေတာမျိုး ဖြစ်နေပြီလား။ အအေးမိတာ၊ ဖျားနာတာမျိုးတွေ မကြာမကြာ ဖြစ်နေပြီဆိုရင်တော့ သင့်ကို ခန္ဓာကိုယ်က တစ်ခုခု ပြောချင်နေတာ ဖြစ်ပါလိမ့်မယ်။
နာတာရှည်နာကျင်ကိုက်ခဲခြင်း
rvcj
တစ်ခါတစ်လေ စိတ်ဖိစီးမှုကြောင့်လည်း ဖြေရှင်းလို့မရနိုင်တဲ့ နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ခါးနာတာ၊ လည်ပင်းနာတာနဲ့ အရိုးအဆစ်တွေနာတာမျိုးကို ခံစားရနိုင်ပါတယ်။
READ
နှစ်ပတ်အတွင်း ပေါင်(၂၀)ကျော် ကျစေမယ့် ကြက်ဥပြုတ် ၀ိတ်ချနည်း
အစာစားချင်စိတ် ရုတ်တရက်ပြောင်းလဲခြင်း
rvcj
စိတ်ဖိစီးမှုဖြစ်တယ်ဆိုတာ အစားအသောက် လျော့စားမှ မဟုတ်ပါဘူး။ ပုံမှန်ထက် အစားပိုကဲပြီး စားရင်လည်း ဒါဟာ စိတ်ဖိစီးမှုဖြစ်နေတဲ့ လက္ခဏာပါပဲ။ ဖော်ပြထားတဲ့ အချက်တွေဟာ စိတ်ဖိစီးမှုများလွန်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ အချက်တွေဖြစ်တာကြောင့် ဒီလိုလက္ခဏာတွေတွေ့ရရင် ဂရုစိုက်ဆင်ခြင်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
လင်းလင်း (ShweMom)
Ref: rvcj
SHARE