ထင်ထားတာထက်ပိုပြီးသင်ဟာရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်းပြသတဲ့အချက်များ

လူတွေဟာရှင်သန်ရပ်တည်ရတဲ့ဘ၀ပုံစံကွဲပြားမှုအလိုက်သူတို့ရဲ့ခံယူချက်၊ဘ၀ကိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်းကွဲပြားသွားကြပါတယ်။အဲဒီလိုပဲတခါတလေကြုံတွေ့ရတဲ့ဘ၀အမောတွေကို သေချာကိုယ်တွယ်ဖြေရှင်းနိုင်မှပဲကိုယ့်ကိုယ်ကိုယ်ထင်ထားတာထက်ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်နေတယ်ဆိုတာသိရတဲ့အခိုက်အတန့်တွေရှိမှာပါ။ဒါကြောင့်Shwemom ပရိသတ်ကြီးလည်းဘ၀ကိုခက်ခက်ခဲခဲရှင်သန်နေရတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျနေမယ့်အစားခုဖော်ပြတဲ့ အချက်တွေနဲ့ ချိန်ကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်သူတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်ပါနော်။

ဘ၀ကို ဖန်သားပြင်ပေါ်က Dramaတစ်ခုလိုသဘောထားတယ်

ဘ၀ကိုအသက်ရှူမှုပုံစံအမျိုးမျိုး၊အရောင်အမျိုးမျိုးခြယ်ပြီးရှင်သန်နေကြတဲ့လူတွေထဲမှာကိုယ့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့သူ၊ကိုယ့်ဘ၀ကိုချနင်းမယ့်သူတွေလည်းရှိနေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကြုံရသမျှဘ၀ရဲ့အခက်အခဲအကြပ်အတည်းတွေကို တီဗီဖန်သားပြင်ပေါ်က Drama ဇာတ်လမ်းတစ်ပုဒ်လိုသဘောထားနိုင်လာတယ်ဆိုရင်သင်ဟာထင်ထားတာထက်ပိုပြီး ရင့်ကျက်သူတစ်ယောက်ဖြစ်နေပါပြီ။

အပြောင်းအလဲတိုင်းနဲ့အံဝင်ခွင်ကျဖြစ်တယ်

နောက်ဆုံးမှာ အရာရာတိုင်းဟာသင့်အတွက် အိုကေဖြစ်နေပါပြီ။ပျော်ရွှင်စရာလား၊ ၀မ်းနည်းကြေကွဲစရာလား ဒါမှမဟုတ် သင့်ကိုအသိအမှတ်ပြုပြီးဂုဏ်ပြုနေတာလားအဲ့လိုမှမဟုတ်ရင်သင့်ဘက်မှာဘယ်သူမှမရှိတော့ဘူးလားစသဖြင့်သင့်ဘ၀မှာအခြေအနေအမျိုးမျိုးကိုအချိန်တိုင်းပြောင်းလဲကြုံတွေ့နေရပေမယ့်အဲဒီအပြောင်းအလဲတိုင်းနဲ့အံဝင်ခွင်ကျဖြစ် အောင်သင်နေနိုင်နေပြီဆိုရင်သင့်ကိုယ်သင်တည်ငြိမ်ရင့်ကျက်သူတစ်ယောက်ဆိုတာမဖြစ်မနေ အသိအမှတ်ပြုပေးရမှာပါ။

မပြောခင် အကျိုးအကြောင်းချင့်ချိန်စဉ်းစားတယ်

တချို့ပြောကြတယ် ဟိုတုန်းက စိတ်နဲ့သာဆိုဘယ်လိုပြောလိုက်မှာ၊ ဟိုတုန်းကစိတ်နဲ့သာ ဘယ်လိုလုပ်ပြီးနေလောက်ပြီ စသဖြင့်ပေါ့။အခုချိန်မှာ အဲ့လိုပြန်တွေးဖြစ်နေတယ်ဆိုတာ တကယ်တော့သင့်မှာ ရင့်ကျက်မှုဆိုတာကိုပိုင်ဆိုင်နေပြီဖြစ်လို့ပါ ပဲ။အရာရာကို သင့်ပါးစပ်ကထုတ်မပြောခင် အကြောင်းအကျိုးချင့်ချိန်စဉ်းစားတတ်လာခြင်းကြောင့်မလိုအပ်ဘူးလို့ယူဆတဲ့အ ရာတွေကိုမပြောမိတော့သလိုအပြောထက်အလုပ်ကပဲသက်သေထူနေမှာပါ။တကယ်တော့သင်ဟာရင့်ကျက်သူတစ်ယောက်ပါ။

 ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပိုအလေးထားတယ်

အရင်တုန်းကတော့ဘာပဲဖြစ်ဖြစ်ကိုယ်တိုင်မဆုံးဖြတ်နိုင်သေးတဲ့အတွက်အမေ့ကိုပဲမေးရတယ်။အမေကသားသမီးတွေနဲ့အနီးကပ်ဆုံးရှိတဲ့သူဖြစ်နေတာကိုး။ဒါပေမယ့်အခုတော့ သင့်ကိုယ်သင်ဘယ်လမ်းကိုသွားရင် ဘယ်လိုအခြေအနေနဲ့ကြုံရမယ်၊ ဘယ်ကိစ္စကတော့အရေးသိပ်မကြီးဘူးစသဖြင့်ကိုယ်ပိုင်ဆုံးဖြတ်လာနိုင်တဲ့အတွက်အမေ့ကို မေးစရာမလိုတော့တာပါ။အဲဒီလိုသင့်ကိုယ်သင်ပြောင်းလဲလာနိုင်တာကိုက သင်ဟာ ရင့်ကျက်သူတစ်ယောက်ဖြစ်နေကြောင်းသေချာစေတဲ့အချက်ပါပဲ။

READ
ပျော်ရွှင်တဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက်(၉)ချက်

ChoChoThan(Shwemom)

ref:lifehack.org

SHARE