ဆစ်ခ်ဘာသာဝင်အမျိုးသားတစ်စုဟာ ၄င်းတို့ရဲ့ခေါင်းပေါင်းတွေကိုအသုံးပြုပြီး ရေခဲကန်ထဲကျနေတဲ့ ဆယ်ကျော်သက်နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း vt သတင်းစာမျက်နှာကတဆင့် သိရပါတယ်။ Global News အရ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးဟာ အောက်တိုဘာ၃၀ ရက်နေ့တုန်းက ကနေဒါမှာရှိတဲ့ Northeast Calgary က ရေခဲတမျှအေးစက်နေတဲ့ကန်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ မိန်းကလေးနှစ်ယောက်လုံးကို ဖြတ်ထိုးဉာဏ်ကောင်းလှတဲ့ ဆစ်ခ်ဘာသာဝင်အမျိုးသားကြီးတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီမြင်ကွင်းကိုတော့ Kulbinder Bangar ဆိုသူ အိမ်နီးချင်းတစ်ဦးက ရိုက်ကူးခဲ့တာပါ။ Bangar ကတော့ သူမရဲ့သမီးငယ်လေးက သူမကို အပြင်ထွက်ဖို့ခေါ်တဲ့အချိန်မှာပဲ ကောင်မလေးနှစ်ဦးက ရေကန်ထဲကိုယ်တစ်ပိုင်းမြှုပ်နေတဲ့မြင်ခဲ့ပြီး လူတွေကို အကူအညီတောင်းနေတဲ့အကြောင်း ပြောပြထားတာပါ။ ဒီအချိန်မှာပဲ Bangar ရဲ့ အိမ်နီးချင်းတွေက ဒီကောင်မလေးတွေကို လာကယ်ခဲ့ကြတာပါ။
ဖြစ်ရပ်ရဲ့ဗီဒီယိုကိုကြည့်မယ်ဆိုရင်တော့ ပထမဆုံးသူတို့ဟာ အနီးနားဆောက်လုပ်ရေးပရောဂျက်တစ်ခုက အပြားအချပ်တွေကို သုံးဖို့ကြိုးစားတာတွေ့မြင်ရပါတယ်။ ဒါပေမဲ့ သူတို့အကြံကအလုပ်မဖြစ်တော့ နောက်ဆုံး အသီးသီးခေါင်းပေါင်းတွေကိုချွတ်ပြီး ကြိုးလိုပြုလုပ်ကာ ဆယ်ကျော်သက်ကလေးတွေကို ဆွဲခေါ်တင်ခဲ့တာဖြစ်ပါတယ်။
Bangar ကတော့ အခုလို ပြောပြပါတယ်။ “ကောင်မလေးတွေအော်နေတာ တော်တော်ကြောက်စရာကောင်းပါတယ်။ လန့်စရာကောင်းလွန်းလို့ မျက်လုံးထဲကမထွက်ဘူး။ သူတို့ ဆစ်ခ်ဘာသာဝင်တွေအရဆိုရင် ခေါင်းပေါင်းချွတ်တယ်ဆိုတာဟာ သေချာဆုံးဖြတ်ရမယ့်ကိစ္စကြီးတစ်ခုပဲ။”
One of the reasons Sikhs wear a Dastaar (turban) is because it represents a beacon.
In times of need, find someone wearing a Dastaar and they will help you.
This story embodies this spirit in the most Canadian way.
I am so thankful these two women found their way to safety. https://t.co/7xMDZfMIIa
— Jagmeet Singh (@theJagmeetSingh) November 2, 2020
“ဒါပေမဲ့ သူတို့က တစ်ခဏလေးတောင်မတွေဝေဘဲ လူ့အသက်ကိုကယ်ခဲ့ကြတယ်။ အသက်ကြီးတဲ့လူကြီးတွေက အခုလိုဒုက္ခရောက်နေတဲ့ ကလေးမလေးတွေကို ချက်ချင်းပဲ ကယ်ဖို့ကြိုးစားတာကို တွေ့ရတဲ့မြင်ကွင်းဟာ တကယ်ပဲတန်ဖိုးရှိပါတယ်။” လို့လည်း ပြောပြခဲ့ပါသေးတယ်။ ဆစ်ခ်အမျိုးသားကြီးတွေရဲ့ လျင်လျင်မြန်မြန်ကယ်တင်နိုင်မှုကြောင့် ကောင်မလေးတွေဟာ အအေးဒဏ်ကြောင့် မသေခဲ့တဲ့အပြင် ဆေးရုံတင်စရာလည်း မလိုအပ်ခဲ့ဘူးလို့ သိရှိရပါတယ်။
ShweMom