ကမ္ဘာမြေကို တန်ဖိုးကြီးလက်ဆောင်တစ်ခု ပြန်ပေးဖို့စီစဉ်နေတဲ့ ဆစ်ခ်ဘာသာဝင်များ

တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ သစ်ပင်ပေါင်း သန်းနဲ့ချီစိုက်ပျိုးကာ ကမ္ဘာမြေကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။ Million Tree Project လို့အမည်ရတဲ့ ၄င်းပရောဂျက်ဟာ ၀ါရှင်တန်ဒီစီအခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းဖြစ်တဲ့ EcoSikh က ဦးဆောင်ပြီး စီစဉ်တာပါ။ ဆစ်ခ်ဘာသာကို တည်ထောင်သူဖြစ်ပြီး ကွယ်လွန်တာ နှစ်ပေါင်း(၅၅၀) ရှိပြီဖြစ်တဲ့ ဂုရုနာနက်ခ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့လည်း ဒီပရောဂျက်ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

facebook

ပရောဂျက်ထဲပါဝင်မယ့် လုပ်အားပေးသမားတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းမှာ သစ်တောအရေအတွက် (၁,၈၂၀) ကို အကောင်အထည်ဖော် စိုက်ပျိုးမှာ ဖြစ်ပါတယ်။ ရာပေါင်းများစွာရှိတဲ့ ချုံတွေနဲ့ သစ်ပင်တွေကို ၄င်းဒေသမှာ မှီတင်းနေထိုင်နေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ ရှင်သန်နိုင်ဖို့အတွက် သစ်တောတိုင်းမှာ  စိုက်ပျိုးမှာ ဖြစ်ပါတယ်။

facebook

ကမ္ဘာ့ဆစ်ခ်ဘာသာဝင်ရဲ့ အများစုဟာ ပွန်ဂျပ်ပြည်နယ်မှာ နေထိုင်ပါတယ်။ ၄င်းပြည်နယ်မှာ ရှိကြတဲ့ ရွာတိုင်း ရွာတိုင်းဟာ သစ်ပင်ငယ်ပေါင်း (၅၅၀) ကို စိုက်ပျိုးဖို့ ကတိထားခဲ့ကြပါတယ်။ EcoSikh ရဲ့ ဥက္ကဌဖြစ်တဲ့ ရာ့ဂ်ျဝမ့်ကတော့ သူဟာ ဂုရုနာနက်ခ်ရဲ့ နှစ်ပတ်လည်ကို ထူးထူးခြားခြားလေး ဖြစ်စေချင်ကြောင်း ရှင်းပြခဲ့ပါတယ်။

READ
သဘာဝကြီးသာ ဖန်ဆင်းနိုင်တဲ့ ထူးထူးခြားခြား ဖြစ်စဉ်များ
facebook

“ဂုရုကြီးဟာ သဘာဝကို ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သဘာဝတရားကြီးကနေ လူတွေ သင်ယူသင့်တဲ့ အရာတွေ အများကြီးရှိတယ်လို့ သူက ပြောခဲ့တယ်…” လို့ ရာ့ဂ်ျဝမ့် ကဆိုပါတယ်။ ဒီပရောဂျက်ဟာ ကမ္ဘာမြေကြီးကို လူသားတွေက ပြန်ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်တာကြောင့် လူသားတွေနဲ့ သဘာဝတရားကြားထဲက ဆက်နွယ်မှုကို တိုးတက်စေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပရောဂျက်ဟာ ဆစ်ခ်ဘာသာထဲက လူငယ်ထုကို ပိုပြီး စည်းလုံးစေအောင် ရည်ရွယ်တယ်လို့လည်း ရာ့ဂ်ျဝမ့်က ပြောပြခဲ့ပါတယ်။

Sikh Union Coventry/Facebook

လင်းလင်း (ShweMom)

Ref: unilad, theguardian

SHARE