အကဲဖြတ်ဒိုင် Simon Cowell ကိုယ်တိုင် မတ်တပ်ရပ်ပြီး အားပေးခဲ့ရတဲ့ ခွေးအဆိုရှင်

ယနေ့ခေတ်မှာ Talent show တွေဟာ တီဗီမှာ ပေါ်ပြူလာအဖြစ်ဆုံး အစီအစဉ်တွေပါ။ ကြည့်ရှုသူတွေအနေနဲ့က အစီအစဉ်ထဲ ပါဝင်ယှဉ်ပြိုင်သူတွေက ဘယ်လိုအစွမ်းအစမျိုးတွေကို စင်ပေါ်မှာ ထုတ်သုံးမလဲဆိုတာကို မသိရပါဘူး။ အခုအခေါက်မှာတော့ America’s Got Talent show မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အော်စကာအမည်ရ ခွေးလေးအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

fabiosa.com

အော်စကာက သခင်မဖြစ်တဲ့ ပမ်မ်နဲ့အတူ ပြိုင်ပွဲမှာ အဆိုလာပြိုင်တာပါ။ စင်ပေါ်တက်ပြီး မကြာခင်မှာပဲ အော်စကာဟာ ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့ပါတယ်။ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်က ပမ်မ်ကို ပြိုင်ပွဲလာရတဲ့အကြောင်းရင်းကို မေးမြန်းခဲ့ပါတယ်။ ပမ်မ်က အော်စကာမှာ ထူးခြားတဲ့ပါရမီရှိပြီး စန္ဒယားနဲ့ သီချင်းလိုက်ဆိုနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ ပမ်မ်က သူမရဲ့ ခွေးဟာ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကတည်းက သီချင်းစဆိုလာခဲ့ပြီး တဖြည်းဖြည်းနဲ့ အဆိုစွမ်းရည်တွေ တိုးတက်လာကြောင်း ဒိုင်တွေကို ပြောပြခဲ့ပါတယ်။

READ
ကျွန်တော်တို့တွေ တစ်ခုခုလုပ်ဖို့ မေ့သွားလို့ ဟာသဖြစ်သွားတဲ့ အခိုက်အတန့်များ ...
fabiosa.com

ပမ်မ်ဟာ စင်ပေါ်မှာရှိတဲ့ စန္ဒရားမှာနေရာယူပြီးတဲ့အခါမှာတော့ Pachelbel’s Canon ကိုစတင်တီးခတ်ပါတော့တယ်။ ဒီအခါမှာ အော်စကာက စန္ဒယားတီးသံကိုလိုက်ပြီး ဆွဲဆွဲငင်ငင်နဲ့ စတင်ပြီး အူပါတော့တယ်။ ပြိုင်ပွဲဝင်လို့ ပြီးတဲ့အခါမှာတော့ အကဲဖြတ်ဒိုင်တွေဟာ အော်စကာရဲ့ အဆိုစွမ်းရည်ကို သဘောကျနှစ်ခြိုက်ကြတာကြောင့် နောက်တစ်ဆင့်ထပ်တက်ဖို့ အအောင်ပေးလိုက်ကြပါတယ်။

fabiosa.com

အောက်ဘက်မှာတော့ စာဖတ်သူတွေအတွက် တေးသံရှင်ပေါက်စလေး အော်စကာရဲ့ ဗီဒီယိုဖိုင်လေးကို ထည့်ပေးထားပါတယ်။

လင်းလင်း (ShweMom)

Ref: fabiosa

SHARE