ပေါက်ကွဲ​နေတဲ့ဇနီးသည်​​တွေရဲ့မီးစကို ငြိမ်း​ပေးနိုင်​တဲ့ခင်ပွန်းတို့ရဲ့ အမူအကျင့်​များ

မိန်းမဆိုတဲ့အမျိုးက နဂိုတည်းက ​အ​ကြောင်းမရှိအ​ကြောင်းရှာရစ်​တတ်​တဲ့အမျိုး။သေး​သေး​လေးကအစ လိုက်​ခံစားတတ်​တဲ့ စိတ်​နုလွယ်​တဲ့အမျိုး။ခုတစ်​မျိုး​တော်​ကြာတစ်​မျိုး စိတ်​အ​ပြောင်းအလဲကလည်းမြန်​​သေး။အဲ့​တော့ ကိုယ့်​မိန်းမကို ပြသနာရှာမိပြီလို့ထင်​တိုင်း​ ရှောင်​ရှားရမယ့်​အချက်​​လေး​တွေ​ရှောင်​ရှားပြီး အလိုက်​သင့်​​လေး​​နေ​ပေးဖို့လိုတယ်​။အဲ့လိုမှာ ဇနီးသည်​နဲ့အိမ်​​ထောင်ေ​ရးရေရှည်​တည်​တံ့မှာ။အထူးသဖြင့်​ မ​သေးမျှင်​လိုဇီဇာ​ကြောင်​၊​ဒေါသထွက်​တတ်​တဲ့မိန်းမမျိုးဆိုပို​တောင်​သတိထားသင့်​တယ်​။အဲ့​တော့ဇနီးကြည်​နည်း​တွေက…
သူမ စကား​ပြောတဲ့အခါ ဂရုစိုက်​နား​ထောင်​​ပေးလိုက်​ပါ။
သူမ စကား​ပြောတဲ့အခါ ကြည့်​လက်​စ Tv ဖြစ်​ဖြစ၊်​ Phone ဖြစ်​ဖြစ်​ ခဏရပ်​ပြီး သူမကို အချိန်​ခဏ​ပေးပြီး​ဂရုတစိုက်​နား​ထောင်​​ပေးလိုက်​ပါ။
သူမစကား​ပြောတဲ့အခါ သင့်​မျက်​လုံး​တွေကိုမကြည့်​ဝံ့တဲ့အခါ သူမမှာပြသနာတစ်​ခုခုဖြစ်​​နေပြီဆိုတာသိပါ​စေ။
ဒီလိုအရိပ်​ပြ​အ​ကောင်​မြင်​တတ်​ဖို့လည်းလိုပါတယ်​။သူမပြသနာ​တွေကို​သေချာ​မေးပြီး ကြင်​နာ​ပေးလိုက်​ပါ။ဖြေရှင်း​ပေးလိုက်​ပါ။
သူမ​ဒေါသထွက်​​နေရင်​ ဘယ်​​တော့မှ မသိချင်​​ယောင်​မ​ဆောင်​မိပါ​စေနဲ့။
မဟုတ်​ရင်​ ​ဒေါသပိုဆွလိုက်​သလိုဖြစ်​သွားနိုင်​ပါတယ်​။သူမကို​ဒေါသထွက်​​အောင်​ ဘာ​တွေလုပ်​မိလဲစဉ်းစား၊ ​ပြီး​ရင်​တောင်းပန်​လိုက်​ပါ။မိန်းမဆိုတာမျိုးက အ​ချော့ကြိုက်​တတ်​တဲ့အမျိုးပါ။
Anniversary ​နဲ့ သူမရဲ့ Birtday ကို​ယောင်​လို့​တောင်​မ​မေ့ပါ​စေနဲ့။
မိန်းက​လေး​တွေဟာ ​အ​သေးအဖွဲ​လေး​တွေကအစ ခံစားချက်​ပြင်းထန်​တဲ့သူ​တွေမို့ ဒီရက်​​လေး​တွေကိုမှတ်​မိတာက သူမအတွက်​ အ​လေးထားခံရတဲ့ခံစားချက်​မျိုးကို ဖြစ်​​စေပါတယ်​။
သူမဘက်​ကအမြဲရပ်​တည်​​ပေးပါ။
သင့်​ဇနီးဟာ သူများ​တွေနဲ့ သဟာဇာတမတည့်​​​တော့ရင်​ သင့်​ဇနီးသည်​ဘက်​ကပဲရှိ​ပေးပါ။သူ့မိသားစုဝင်​​တွေ၊ သူ့အချစ်​ဆုံးသူငယ်​ချင်းဖြစ်​​နေရင်​​တောင်​ သင့်​ဇနီးသည်​ဘက်ကပဲရပ်​တည်​ပါ။
သူမရဲ့ရာသီလာချိန်​ကိုလည်းသိထားပါ​စေ။
သေး​သေး​လေးကအစ လိုက်​​ဒေါသထွက်​​နေရင်​​ ဘာ​ကြောင့်​ဖြစ်​သလဲစဉ်းစားပါ။တကယ်​လို့ ရာသီလာချိန်​ဖြစ်​​နေရင်​သင်​ကပဲအ​လျှော့​ပေးလိုက်​ပါ။အမျိုးသမီး​တွေဟာ ရာသီလာချိန်​မှာ​ဒေါသလွယ်​လွယ်​ထွက်​တတ်​တာ​ကြောင့်​ သူမရာသီလာချိန်​ကိုသိထားဖို့လိုပါတယ်​။မသိရင်​လည်း “မင်းရာသီလာလို့​ဒေါသထွက်ေ​နတာလား”လို့​ယောင်​လို့​တောင်​ မ​ပြောမိပါ​စေနဲ့။ ကိုယ်​​သေတွင်းကိုယ်​တူးရာ ဖြစ်​သွားနိုင်​ပါတယ်​။
ကြောနပ်​ပါ​စေ။
သူမတစ်​​နေရာရာသွားမလား၊ တစ်​ခုခုလုပ်​မလား​မေးတဲ့အခါ အဲ့ဒါ​သင့်​ကို​မေး​နေတာမဟုတ်​ပဲ၊ သွားမယ်​ လုပ်​မယ်​ ဆိုပြီးသူဖြစ်​ချင်​တာကို​ပြော​နေတယ်​ဆိုတာ သိပါ။”ဘာမှမဟုတ်​ဘူး”လို့​ပြောရင်​လည်း ​သြော်​..ဘာမှမဟုတ်​ဘူးပဲလို့မ​တွေးလိုက်​ပါနဲ့။သူမဘာ​တွေဖြစ်​​နေသလဲ ပါးပါးနပ်​နပ်​နဲ့ ​မေးပါ။ ရတယ်​။ပြသနာမရှိဘူး​ပြောပြ။မင်း​ပြောမှကိုယ်​သိပြီး မင်းကိုကူညီနိုင်​မှာ​လေ…စသဖြင့်​​ဖေးမ လိုတဲ့စိတ်​နဲ့​လေသံနဲ့​မေးပါ။
ခရီး​တွေကပြန်​​ရောက်​တဲ့အခါ ပင်​ပန်းတယ်​လို့တန်း​မ​ပြောပါနဲ့။

မ​တွေ့ရတာကြာလို့လွမ်း​ကြောင်း၊​နောက်​တစ်​​ခေါက်​အတူတူသွားဖို့အ​တွေးရှိ​ကြောင်း စသဖြင့်​နားဝင်​ချို​စေမယ့်​ ​အပြော​လေး​တွေ​ပြောတတ်​ပါ​စေ။
ယောက်ျား(Gentleman)ပီသပါ။

ပြောစရာရှိတာကို ​ပြောပါ။”ဘာမှမဟုတ်​​တော့ပါဘူး”ဆိုတာမျိုး​တွေမ​ပြောပါနဲ့။ဦးစား​ပေးသင့်​တာ​ပေးပါ။ အ​လျှော့​ပေးသင့်​တာ​ပေးပါ။သူမအတွက်​အချိန်​​ပေးပါ။မိန်းမအလုပ်​​၊ယောက်ျား အလုပ်​ခွဲမ​နေပဲ ကိုယ်​ကကူညီ​ပေးနိုင်​တာရှိရင်​ကူညီ​ပေးလိုက်​ပါ။
ဒါက​တော့ အိမ်​​​ထောင်​သည်​အများစုရဲ့အ​ခြေ​အ​နေကိုခြုံငုံပြီး​ပြော​တာဖြစ်​ပါတယ်​။ သင့််​ဇနီးသည်​အ​ကြောင်းသင့်​​လောက်​ ဘယ်​သူမှမသိနိုင်​ပါဘူး။ဒီ​တော့ကိုယ့်​ဇနီးသည်​ရဲ့ စိတ်နေသဘောထားကိုကြည့်​ပြီးသင့်​မြတ်​စွာ​နေထိုင်​ရင်း ကျန်းမာ​ပျော်​ရွှင်​သာယာတဲ့ မိသားစု​လေး​တွေပိုင်​ဆိုင်​နိုင်​ကြပါ​စေ။
Grinny (Shwemom)
Ref; LovePanky.com
SHARE