သေသွားတဲ့ ကြောင်လေးကို ချစ်လွန်းလို့ ပုံတူကိုယ်ပွားဖန်တီးရယူခဲ့တဲ့ အမျိုးသား

scmp

တရုတ်နိုင်ငံနေ ဟွမ်ယုအမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ရဲ့ကြောင်လေးကို ချစ်လွန်းတဲ့အတွက် ပုံတူကိုယ်ပွား ကလုန်းတစ်ကောင်ဖန်တီးဖို့ ကြိုးစားခဲ့တယ်လို့ independent သတင်းအရ သိရပါတယ်။ ဟွမ်ယုဟာ သူ့ရဲ့ကြောင်လေး ဂါးလစ်ခ်ကို အရမ်းချစ်ပါတယ်။

“ဂါးလစ်ခ်သေတုန်းက ကျွန်တော်အရမ်းဝမ်းနည်းခဲ့ရတာ။ လက်လည်း လက်မခံနိုင်ဘူး။ သူသေသွားတာ ရုတ်တရက်ကြီး ဆိုတော့။ အဲဒီတုန်းက ဂါးလစ်ခ်လေးကို ဆေးရုံတင်ရင် မှီသေးတယ်။ ဒါပေမယ့် ကျွန်တော် ဆေးရုံမတင်ခဲ့လိုက်မိဘူး။ ကျွန်တော် သူမရှိပဲ နေနိုင်မယ်မထင်ဘူး…” လို့ ပြောပြပါတယ်။

Pexels/Tranmautritam

ဟွမ်ယုဟာ ဂါးလစ်ခ်သေသွားတဲ့အတွက် သူ့အပြစ်မကင်းဘူးလို့ ယူဆတဲ့အပြင် ကြောင်လေးကို အရမ်းလွမ်းနေတာကြောင့် အခုလို ဂါးလစ်ခ်ရဲ့ ကိုယ်ပွားကလုန်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ကိုယ်ပွားကလုန်း တစ်ကောင်ရအောင် ပြုလုပ်ဖို့ကလည်း မလွယ်ပါဘူး။ ဈေးအရမ်းကြီးပါတယ်။

READ
နေအဖွဲ့အစည်းထဲ ထူးဆန်းစွာရောက်ရှိလာတဲ့ ဂြိုလ်သိမ်ရဲ့အကြောင်း ထပ်မံဖော်ထုတ်နိုင်ခဲ့

ဟွမ်ယုကတော့ ဂါးလစ်ခ်ရဲ့ ကိုယ်ပွားလေး ပြန်ရအောင် လုပ်ဖို့ ပေါင်(၂၄,၄၀၅) ကုန်ကျခဲ့ပါတယ်။ ဂါးလစ်ခ်နဲ့ အခုဖန်တီးထားတဲ့ ကြောင်ကိုယ်ပွားကလုန်းလေးဟာ ရာခိုင်နှုန်း(၉၀) လောက် တူညီတယ်လို့လည်း သိရပါတယ်။ အခုတွေ့မြင်ရတဲ့ ဂါးလစ်ခ်ရဲ့ ကလုန်းကြောင်လေးကတော့ တရုတ်နိုင်ငံမှာ ပထမဆုံးမွေးဖွားလိုက်တဲ့ ပုံတူပွားကြောင်လေးပဲ ဖြစ်ပါတယ်။ ကြောင်လေးကို ဂါးလစ်ခ်သေပြီး (၇) လအကြာမှာ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကြောင်ကလုန်း ပြုလုပ်ပေးတဲ့ နေရာကတော့ Sinogene ဆိုတဲ့ တိရစ္ဆာန်ဆေးရုံမှာပါ။ ၄င်းဆေးရုံမှာတော့ ခွေးတွေရဲ့ ကိုယ်ပွားကလုန်းတွေလည်း ပြုလုပ်ပေးပါတယ်။ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ သေဆုံးသွားတဲ့အခါ၊ ပျောက်ဆုံးသွားတဲ့အခါ မမေ့မပျောက်နိုင်ဖြစ်အောင် အစွဲအလန်းကြီးလွန်းကြတဲ့ သခင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ၄င်းဆေးရုံက ပုံတူကလုန်းတွေကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို ကလုန်းပြုလုပ်ခြင်းဟာ နိုင်ငံတော်တော်များများမှာ တရားမ၀င်ပေမယ့် တရုတ်နဲ့ အမေရိကန်နိုင်ငံတို့မှာတော့ လက်ခံကြောင်း သိရပါတယ်။

READ
(၆)လက်မအရွယ်ရှိ ဂြိုဟ်သားနဲ့တူတဲ့ ရုပ်ကြွင်းတစ်ခုကို စစ်ဆေးလိုက်တဲ့အခါမှာ

လင်းလင်း (ShweMom)

SHARE