ဗြိတိန်စတိုင် BTS ဖန်တီးမယ့် အကြံအစည်ကို အကောင်အထည်ဖော်တော့မယ့်Simon Cowell

facebook.com.simon cowell

Simon Cowell ကတော့ ကေပေါ့ကို ယှဉ်နိုင်တဲ့ ဗြိတိန်လူမျိုး အနုပညာရှင်အသစ်တွေကို ရှာဖွေနေပြီဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ X Factor The Band ဆိုတဲ့ အဆိုပြိုင်ပွဲအသစ်အတွက် စီစဉ်နေပြီဖြစ်ပါတယ်။ အဲဒီအဆိုပြိုင်ပွဲကတော့ အနာဂတ်မှာ အောင်မြင်လာမယ့် မိန်းကလေးအဖွဲ့နဲ့ ယောကျာ်းလေးအဖွဲ့တွေကို ထုတ်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

facebook.com.simon cowell

Simon Cowell ကတော့” ကေပေါ့က ကမ္ဘာပေါ်မှာ အကြီးအကျယ်လွှမ်းမိုးနေပါပြီ။ ဒီရှိုးကတော့ UK-Pop  အဖွဲ့အတွက် အဆိုရှင်တွေကို ရှာဖွေမယ့်ပွဲဖြစ်ပါတယ်။ ကေပေါ့နဲ့ ယှဉ်နိုင်လောက်တဲ့ ပေါ့ပုံစံအသစ်တစ်ခုကို ရှာဖွေချင်တာပါ။ ဥပမာပြောရရင် လက်ရှိမှာ ရောင်းအားအကောင်းဆုံး အဖွဲ့ဖြစ်တဲ့ BTS လိုပေါ့” ဆိုပြီးတော့ The Sun နဲ့ အင်တာဗျူးမှာ ဖြေပေးခဲ့ပါတယ်။

READ
သြဇာအလွှမ်းမိုးဆုံးဆယ်ကျော်သက်အယောက်၃၀မှာပါဝင်ခဲ့တဲ့ ကပြားကိုရီးယားမော်ဒယ်
koreaboo

X Factor The Band ကနေထွက်ပေါ်လာမယ့် အောင်နိုင်သူတွေကို ကေပေါ့စတိုင်နဲ့ ဂီတလောကထဲကို ထိုးဖောက်ဖို့အတွက် Simon Cowell ကတော့ မျှော်လင့်နေတာဖြစ်ပါတယ်။ Simon Cowell  ကတော့ One Direction, Little Mix နဲ့ Fifth Harmony အဖွဲ့တွေကိုလည်း စီစဉ်ဖန်တီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ X Factor The Band  အစီအစဉ်ကိုတော့ ၂၀၂၀ မှာစတင်ထုတ်လွှင့်မှာဖြစ်တယ်။

facebook.com.the xfactor
koreaboo

Source: Koreaboo

SHARE