Handstand Challenge ကို သူများတွေထက် ထူးခြားအောင်လုပ်ပြသွားတဲ့ အားကစားမယ်

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲမှာပဲ နေနေကြပြီး လုံးဝအပြင်ကို မထွက်တော့ပါဘူး။ နာမည်ကြီး အနုပညာရှင်တွေဟာလည်း သူတို့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေပြီးတော့ Live တွေလွှင့်၊ သီချင်းတွေဆိုပြပြီး ပရိသတ်တွေကို ဖျော်ဖြေပေးလျက်ရှိပါတယ်။ နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ Spiderman သရုပ်ဆောင် Tom Holland ကတော့ ကင်းမြီးကောက်ထောင်ကာ အင်္ကျီကို ချွတ်ပြတဲ့ Handstand Challenge ကိုလုပ်ပြပြီး အခြားသူတွေကိုလည်း သူ့လိုလုပ်ဖို့ Challenge ခေါ်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီ Challenge ကို Tom Holland က သူ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ နာမည်ကြီး ဟောလီးဝုဒ် မင်းသား Gyllenhaal ကို Challenge ခေါ်ခဲ့ပါတယ်။ Gyllenhaal ကလည်း Tom Holland ရဲ့ Challenge ကို လက်ခံခဲ့ပြီး Handstand Challenge ကို အလွယ်တကူ လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့နဲ့ မတူ လုံးဝကွဲပြားစွာ ဒီ Handstand Challenge ကို လုပ်ပြနိုင်ခဲ့တဲ့ နောက်တစ်ယောက်ကတော့ Olympic ကျွမ်းဘားချန်ပီယံတစ်ဦးဖြစ်တဲ့ Simone Biles ပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Simone ဟာ Handstand Challenge လုပ်နေရင်း သူမရဲ့ ဘောင်းဘီကို ချွတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Handstand Challenge ကို လုပ်တဲ့သူတော်တော်များများက နံရံကို ခြေထောက်နဲ့မှီပြီး အပေါ်အင်္ကျီကို ချွတ်ပြတာပဲ ဖြစ်ပါတယ်။ Simone ကတော့ အကုန်လုံးနဲ့ကွဲပြားစွာ နံရံရဲ့အကူအညီမပါပဲ Handstand Challenge လုပ်ပြခဲ့တဲ့အပြင် သူမရဲ့ ဘောင်းဘီကိုပါ ချွတ်ပြခဲ့တာပဲ ဖြစ်ပါတယ်။

READ
ဓာတ်ပုံကို Filter နဲ့ရိုက်ဖို့ သူငယ်ချင်းတွေ အကြံပေးခဲ့လို့ တကယ်ကြီး ရိုက်ပြခဲ့တဲ့ အမျိုးသား
[email protected]_Biles

Simone ဟာ ဒီ Challenge ကို အများနဲ့မတူ အောင်မြင်စွာလုပ်နိုင်ခဲ့ပြီး အခြားဘယ်သူ့ကိုမှ ထပ်ပြီး Challenge မခေါ်ခဲ့ပါဘူး။ အသက် ၂၃ နှစ်ပဲ ရှိသေးတဲ့ Simone ဟာ လက်ရှိအချိန်ထိ အိုလံပစ် ရွှေတံဆိပ် ၂၅ ခုရှိပြီး ကမ္ဘာ့ ရွှေတံဆိပ်ဆုအများဆုံး အိုလံပစ်ကျွမ်းဘားမယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE