ပျားရည်က မျက်နှာအဆီပြန်တာတွေကို သက်သာလျော့နည်းစေတယ် ….

ပျားရည်က အသားအရေအတွက် အစွမ်းထက်တဲ့ သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်တယ်။ အဆီပြန်တဲ့အသားအရေအတွက် ပျားရည်က အသုံးတည်ပါတယ်။ ပျားရည်က ခန္ဓာကိုယ့်အတွက် ကောင်းရုံသာမက မျက်နှာ အသားအရေအတွက်လည်း အထူးသင့်တော့်ပါတယ်။

(၁) Scrub လုပ်နည်း 

Scrub မလုပ်ခင် ပထမအနေနဲ့ ပျားရည်နဲ့မျက်နှာကို ဆေးလိုက်ပါ။ မျက်နှာကို ရေးနဲ့ဆေးပြီး ပျားရည်နဲ့ ပွတ်ပေးပါ။ ဒီလိုလုပ်ပေးတာ မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးတွေနဲ့ချွေးပေါက်တွေကိုပါ လျော့နည်းစေပါတယ်။ Scrub လုပ်နည်းကတော့ ပျားရည် (စားပွဲတင်ဇွန်း ၃ ဇွန်း) နဲ့ သကြား (လက်ဖက်ရည်ဇွန်း တစ်ဝက်) တို့ကိုရောပေးပါ။ ပြီးရင် မျက်နှာမှာ လိမ်းပေးပြီး scrub လုပ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်ပေးပါ။

(၂) မျက်နှာပေါ်တင်နည်း

  • ခရမ်းချဉ်သီး ညှစ်ထားတဲ့ရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) တို့ကို ရောပေးပါ။ (၁၅)မိနစ်လောက် လိမ်းထားပေးပြီး ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။
  • နောက်တစ်နည်းကတော့ မျက်နှာကို ပြန်လည်ကောင်းလာစေမယ့်နည်းပါ။ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ ကြက်ဥအကာ (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ သံပယိုရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်) တို့ရောပေးပါ။ ရလာတဲ့အရောကို မျက်နှာမှာ (၁၀)မိနစ်လောက်ပေါင်းတင်ပေးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။
READ
ဝက်ခြံလျှင်မြန်စွာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းများ

source : stylecraze

Hannwe Soe (Shwemom)
SHARE