ခြေတံသွယ်သွယ်လေးတွေကို ပိုင်ဆိုင်စေမယ့် အလွယ်ဆုံး လေ့ကျင့်ခန်း(၄)မျိုး

စကပ်တိုတို၊ဘောင်းဘီတိုတိုလေးတွေ ကို ၀တ်မယ်လို့ တွေးတိုင်း လှပတဲ့ ခြေတံသွယ်သွယ်လေးတွေ မရှိလို့ စိတ်ညစ် နေရတဲ့ ပျိုမေတို့ အတွက် နည်း လမ်းပေးချင်ပါတယ်။လှပတဲ့ ခြေတံလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် လေ့ကျင့် ခန်းတွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ အလွယ်ကူ အရိုးရှင်း ဆုံး လေ့ကျင့် ခန်း(၄)မျိုးကို ဖော်ပြပေးချင်ပါတယ်။လုပ်ရတာလည်း လွယ်ပြီး ပုံမှန် ပြုလုပ် သွားမယ်ဆိုရင် သေချာပေါက် ခြေထောက်လှ လှလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

#1

matrix.gif

အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ခွဲပြီးရပ်ပါ။ပြီးရင်တော့ အလယ် ဗဟို Posit ion တစ်ခု ထားပြီး ရှေ့ဘက်ကို ထွက်လိုက်၊မူလ ဗဟိုနေရာကို ခြေထောက် ပြန်ချလိုက်၊ဘေးဘက်ကို ရွေ့လိုက် ခြေထောက်ကို မူလ ဗဟိုနေရာဆီ ပြန်ချ လိုက်လုပ်ပေးရမှာပါ။ပုံထဲမှာ ပြထားတဲ့ အတိုင်း လက်ကပါ လိုက်ပြီး လှုပ်ရှား ပေးဖို့ လိုပါတယ်။

READ
အိပ်ချိန်(၁၀)နာရီ ကျော်လွန်သူများ ကင်ဆာဖြစ်နိုင်ချေ (40%)အထိ ပိုများ

#2

plank-row.gif

ဒိုက်ထိုးသလို အနေအထားအတိုင်း ကုန်းနေရမှာပါ။ဒါပေမယ့် ပုံထဲကို ခြေဖျားနှစ်ဖက်နဲ့ လက်နှစ်ဖက်ကို ထောက်ထားပေးရမှာပါ။ဒီလေ့ကျင့်ခန်း မှာတော့ အလေးတုံးအသေး လိုပါတယ်။လက်နှစ်ဖက်ကို ကုန်းလျက် အနေအထားနဲ့ တစ်ဖက်စီ မြှောက်လိုက် ချလိုက် လုပ်ရမှာပါ။တစ်ဖက်ကို (၁၀) ကြိမ်စီလုပ်ပေးပါ။

#3

legs-for-days.gif

ဒီလေ့ကျင့်ခန်းမှာလည်း အလေးတုံးသေးလေး လိုပါတယ်။ဒါပေမယ့် မရှိဘူး ဆိုရင်တော့ ရေသန့်ဘူးအသေး တစ်ခုကို အစားထိုး လုပ်ပါ။ညာခြေထုတ် ၊ဘယ်ခြေနောက်မှာ ထားပြီး ပုံထဲက အတိုင်းလက်ကို ကိုင်မြှောက်ရမှာပါ။မြှော က် တဲ့လက်က မတ်နေဖို့ သတိပြုပါ။ပြီးရင်တော့ ဒူးကွေးရမှာပါ။ဘယ်ခြေ၊ ညာခြေ ကို တစ်လှည့်စီပြောင်းပြီး လုပ်ပေးရမှာပါ။


#4

stand-and-deliver.gif

ခြေထောက်ကို (၉၀)ဒီဂရီမြှောက်ပြီး ထားရမှာပါ။ညာခြေဘယ်လက်၊ဘယ်ခြေ ညာ လက်နဲ့ ပုံထဲက အတိုင်း တစ်လှည့်စီလုပ်ပေးရမှာပါ။

READ
သွေးပေါင်ချိန်နဲ့ကိုလက်စထရောမြင့်မားခြင်းကို အလွယ်တကူလျော့ချနည်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;health-fitness

SHARE