ကျန်းမာသန်စွမ်းတဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းများ

မိဘတွေဟာ သားသမီးတွေနဲ့ ပတ်သက်လာရင် စိုးရိမ်မှုလွန်ကဲတတ်ကြပါတယ်။ သားသမီးတစ်စုံတစ်ခု ဖြစ်မှာ အရမ်းကြောက်ကြပါတယ်။ ကလေးအထူးကုဆရာဝန်တွေကတော့ ကလေးအများစုဟာ ပုံမှန်အတိုင်းပဲ ကြီးထွားဖွံ့ဖြိုးလာပါတယ်လို့ ဆိုတာကြောင့် မိဘတွေအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ရမှာက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပေးဖို့ပါ။ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ဦးကို လူလားမြောက်အောင် မွေးဖို့အတွက် မိဘတွေလုပ်ရမယ့်အရာတွေက သိပ်များများစားစား မရှိလှပါဘူး။

ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးမကျွေးပါနဲ့

brightside

မိဘတွေအနေနဲ့ သားငယ်သမီးငယ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေးဝါးတွေတွဲစပ် တိုက်ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ သူများက ဒီဆေးလေး သောက်လိုက် သက်သာတယ်၊ ကျွန်တော်/ ကျွန်မကလေးတုန်းကလည်း ဒီလိုမျိုးဖြစ်တာ စတဲ့ မိတ်ဆွေတွေက စေတနာနဲ့ အကြံပေးကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် ကလေးက အရမ်းငယ်သေးတဲ့အခါ ဆေးတစ်စက်လောက်က အစ နောက်ဆက်တွဲ ပြဿနာဖြစ်ရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကလေးနေထိုင်မကောင်းဖြစ်ရင် ရမ်းသမ်းပြီး ဆေးတိုက်တာမျိုးမလုပ်ပဲ နားလည်တတ်ကျွမ်းသူဆရာဝန်ဆီကိုသာ သွားပြသင့်ပါတယ်။

ကလေးရဲ့ ကိုယ်ခံအားကို မြှင့်ပေးပါ

brightside

ကလေးဟာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာအောင်၊ ရောဂါဘယကင်းအောင် ဒီလိုမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးကို အနည်းဆုံး(၆) လ အထိ မိခင်နို့ရည်သာ တိုက်ကျွေးပါ။ အိမ်ကို လေ၀င်လေထွက်ကောင်းအောင်နဲ့ ကလေးအတွက် သက်တောင့်သက်သာ အနေအထားလေးဖြစ်အောင် ပြုပြင်ပါ။ အပြင်ကို လမ်းလျှောက်ထွက်တာမျိုး၊ ကလေးကို ခြံပြင်မှာ ဆော့ကစားခိုင်းတာမျိုးတွေဟာ ကလေးအတွက် အကျိုးရှိစေပါတယ်။ ပြီးတော့ ကလေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျအောင်၊ အိပ်ချိန်လုံလောက်အောင် အိပ်တတ်စေဖို့ ပြုစုပျိုးထောင်ပေးပါ။

READ
မိန်းကလေးတွေပြောတတ်ကြတဲ့ အန္တရာယ်အကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးစကားများ

စိတ်ရှည်ပါ

brightside

ကလေးတွေအပေါ် စိတ်ရှည်ပါ။ အချို့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ပြောင်းလဲလာပါတယ်။ မကြိုက်တဲ့အစားအသောက်တွေကို ကြိုက်လာတာ၊ ဥပမာ ကျန်းမာရေးဆိုရင်လည်း လေထိုးလေအောင့်ရှိတတ်တဲ့ ကလေးက လေထိုးလေအောင့်ပျောက်သွားတာ.. ဒါမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးဖို့သာ လိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့

brightside

မကြာသေးခင်က ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးဆိုပြီး ကာကွယ်ဆေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမယ့် ကလေးကို ကာကွယ်ဆေးမထိုးနဲ့၊ ဘာရောဂါမှမဖြစ်ဘူးဆိုပြီး အာမခံနိုင်တဲ့ ဆရာဝန်တစ်ယောက်မှ မရှိသေးပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ အသက်အရွယ်အလိုက် ပိုလီယို၊ ဆုံဆို့နာ၊ မေးခိုင်စတဲ့ ကာကွယ်ဆေးအမျိုးမျိုးကို ထိုးပေးဖို့ လိုအပ်ပါလိမ့်မယ်။

ရောဂါလက္ခဏာတွေကို မှတ်သားပါ

brightside

မိဘတွေအနေနဲ့ မလိုလားအပ်ပဲ ကလေးက အကြာကြီးဝေဒနာမခံစားရလေအောင် လူအဖြစ်များတဲ့ ရောဂါလက္ခဏာတွေကို မှတ်သားထားသင့်ပါတယ်။ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ ရာသီတုပ်ကွေးနဲ့ ချောင်းဆိုးရင်ကြပ်နာစတဲ့ ရောဂါတွေဟာ ကလေးတွေဆီ ကူးစက်လွယ်တာကြောင့် အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ ကလေးတွေကို ဂရုတစိုက်စောင့်ကြည့်သင့်ပါတယ်။

READ
အိပ်ယာဝင်ခါနီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ဒါတွေလုပ်ပါ

ကလေးအရိပ်အကဲကို လေ့လာပါ

© shutterstock

ကလေးအရိပ်အကဲကို မိဘတွေဟာ ဂရုတစိုက်မှတ်သားတတ်ဖို့ လိုကြောင်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ကလေးတွေက စကားမပြောတတ်ခင်အချိန်မှာ သူတို့နည်း သူတို့ဟန်နဲ့ မိဘတွေကို ဆက်သွယ်နိုင်ပါတယ်။ ဥပမာ ကလေးတွေဟာ ဗိုက်ဆာလာရင် သူတို့က တောင့်တင်းတင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လက်သီးတွေကို ဆုပ်ထားတတ်ပါတယ်။ တကယ်လို့ ကိုယ့်ကလေးက ဗိုက်ဆာနေပြီလို့ ထင်နေရင် ကလေးရဲ့ လက်သီးကို သေချာကြည့်လိုက်ပါ။ လက်တွေဖြန့်ထားတယ်ဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ ကလေးက သက်တောင့်သက်သာရှိနေပြီး ဗိုက်ပြည့်နေတာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE