စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာ စေနိုင်တဲ့ အလွယ်ဆုံး နည်းလမ်း (၆)မျိုး

Image:freepik.com/drobotdean

ကိုဗစ် ကာလမှာတော့ လူတိုင်းလိုလို အနည်းနဲ့ အများ စိတ်ဖီစီးမှုတွေ ရှိ နေတတ်ပါတယ်။ကိုဗစ် ရဲ့ နောက် ဆက် တွဲ ကြောင့် စီးပွားရေးဘက်မှာ ထိခိုက်နစ်နာမှုတွေ ရှိ နေ သလို တစ်ဖက်မှာလည်း ကျန်းမာရေး အတွက် စိုးရိမ် ပူပန် နေရတဲ့ ဒုက္ခ ကလည်း ရှိနေပါတယ်။ဖြစ်ပေါ် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊စိုးရိမ် ကြောင့်ကြ မှုေ တွကို လျော့ ပါး သက်သာ စေဖို့ ဒီနည်းလမ်းလေးတွေကို ပြုလုပ်ပေးပါ။ဒီအ ကြောင်းကိုတော့ healthline မှာ ဖော်ပြထားတာပါ။

(၁)လေ့ကျင့်ခန်းလုပ်ပါ

Image:freepik.com/peerafoto

လေ့ကျင့်ခန်းကို  စိတ်ကို ကြည်လင် လန်းဆန်း စေပါတယ်။ဒါ ကြောင့် ကိုယ်က စိတ်ဖိစီးေ နမယ် ဆိုရင် ထိုင်မှိုင် နေတာ မျိုး တွေ လည်း သေချာ ပေါက်ရှိမှာပါ။ဒါပေမယ့် လေ့ကျင့်ခန်းကို အားတင်းပြီး လုပ် ကြည့် ပေးပါ။ လေ့ကျင့်လန်း ပြုလုပ် ပေးခြင်းက Stress ဟော်မုန်းေ တွကို လျော့ပါး စေပါတယ်။ဒါ့အပြင် ကျန်းမာရေး အရ လည်းကောင်းစေပါတယ်။ကောင်းကောင်းအိပ် ပျော် စေပါတယ်။

(၂)caffeine ဓါတ်ကို လျော့ ပါ

caffeine ဓါတ်တွေ ပါတဲ့ ကော်ဖီ၊ အခ်ျိုရည် တွေကို လျော့ သောက်ပါ။caffeine ဓါတ် ပါတဲ့ ကော်ဖီ တို့ ကို စိတ် ကြည်လင် လန်းဆန်း စေဖို့ သောက်တယ်ဆိုတာ ကောင်း တော့ ကောင်း ပေမယ့် caffeine ဓါတ် အရမ်း များ လွန်း နေရင် တော့ စိတ်ဖိစီးမှုနဲ့ စိုးရိမ် ကြောင့်ကြမှု ဝေဒနာကို ပိုဆိုး စေပါတယ်။တကယ်လို့ ကိုယ်က အရမ်းစိတ်ဖိစီး နေတယ် ဆိုရင်တော့ ခဏ လောက် ဖြစ်ဖြစ် caffeine ဓါတ် ပါတာ တွေကို ရှောင်ကြည့်ပါ။

READ
အိမ်ငှားတော့မယ်ဆိုရင် မဖြစ်မနေ ပြင်ဆင်ထားတဲ့ အချက် (၆) ချက်

(၃)ပီ ကေ ၀ါးပါ

Image:.freepik.com/kozirsky

လေ့လာမှုတစ်ခုမှာတော့ ပီ ကေ ၀ါးတာက စိတ်ဖိစီးမှုနဲ့ စိုးရိမ် ကြောင့်ကြ စိတ်ကို သက်သာ စေတယ်လို့ ဖော်ပြ ထား ပါတယ်။ဒါကြောင့် တစ်ချို့က စင်ပေါ် တက်ဖို့ စိတ်လှုပ်ရှားနေရင် ပီ ကေ ကောက် ၀ါးလိုက်တာ မျိုးတွေ  လုပ် ကြ တာပါ။

(၄)အာဟာရ ပြည့်တာတွေ စားပါ

စိတ်ဖိစီးမှု သိပ်များလာရင် စားသောက်မှု ပုံစံကိုပါ ထိ ခိုက်လာ စေပါတယ်။ဒီနေရာမှာတော့ တစ်ယောက် နဲ့ တစ်ေ ယာက် မတူပါဘူး။တစ်ချို့က အရမ်းစားတာ ၊တစ်ချို့က ကျ တော့ လုံးဝ မစားတာ မျိုး တွေရှိတတ်ပါတယ်။ဒါ ကြောင့် ကိုယ့်ရဲ့ စားသောက်မှု ပုံစံကို သေချာ ထိန်း ပေးသင့်ပါတယ်။အစားမစားချင် ဖြစ် နေတဲ့ လူမျိုးဆိုရင် အားဆေး ပဲ ဖြစ်ဖြစ် သောက် ပေးတာ မျိုး လုပ်ပေးပါ။

READ
သင့်အိပ်မက်တွေဆီကို ရောက်ဖို့အတွက် ဒီနည်းလမ်း(၄)ခုကို သုံးမယ်

(၅)မိသားစု၊သူငယ်ချင်းမိတ်ဆွေ တွေနဲ့ အချိန်ဖြုန်းပါ

Image:.freepik.com/anchaleear

စိတ်ညစ်တယ်ဆိုပြီး တစ်ယောက်တည်း အခန်းထဲ ထိုင်မှိုင် နေတာ မျိုးတွေ မလုပ်ပါနဲ့။မိသားစု ၊သူငယ်ချင်း မိတ်ဆွေ တွေ နဲ့ အတူတူ အချိန်ကုန်ဆုံး ပေးပါ။လျှောက်လည် ခိုင်းတာ မဟုတ်ဘူးနော်။မိသားစု ဆိုရင် ဒီလို အချိန် က အတူရှိ ချိန် ပိုများ နေတဲ့ အချိန်ပါ။သူငယ်ချင်းတွေ က တော့ အွန်လိုင်း က နေ ပုံမှန် စကားပြောဆို ဆက်သွယ် လို့ ရပါတယ်။မိသားစု၊မိတ်ဆွေ တွေ ဆီမှာကိုယ်ခံစားနေရတာ တွေကို ရင်ဖွင့်လိုက်တာ မျိုး၊ကိုယ့် မိသားစု တွေ ဆီက နေ အကြံ ဥာဏ် ကောင်း တွေ ကို ရယူ တာမျိုးလုပ်ပေးပါ။

(၆)ရယ်မောပါ

Image:freepik.com/peerafoto

ဟာသ ဇာတ်ကားတွေကို ကြည့်တာပဲ ဖြစ်ဖြစ်၊ဟာသ စာအုပ်လေးတွေကို ဖတ်တာပဲ ဖြစ်ဖြစ် ကိုယ့်ကို ရယ် မော ပျော် ရွှင် စေတဲ့ အရာ မျိုးလေးတွေကို လုပ်ပေးပါ။ရယ်မော ခြင်းက အသက်ရှည် စေပါတယ်။စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နဲ့ နေ နေ လည်း အချိန်က ကုန်မှာ၊ ပျော် ပျော် နေလဲ ကုန်မှာ ပဲ မို့ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲ ခံတာ မျိုးကို မလုပ်ပါနဲ့။ ပျော်ပျော် ပါးပါးနဲ့ ဘ၀ကို ဖြတ်သန်းပါ။

#SHWEMOM

SHARE