Simu Liu ကိုတော့ စူပါဟီးရိုးဇာတ်ကားတွေ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တော်တော်များများ သိရှိကြမှာပါ။ Simu ဟာ ကနေဒါနိုင်ငံသား တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး မကြာခင် Marvel က ထုတ်လုပ်ရိုက်ူးတော့မယ့် စူပါဟီးရိုးဇာတ်ကားမှာ ပါဝင်လာတော့မယ့် စူပါဟီးရိုး သရုပ်ဆောင်အသစ်တစ်ယောက် ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလထဲမှာ ထွက်ရှိမယ့် Shang-Chi အမည်ရ စူပါဟီးရိုးဇာတ်ကားပဲ ဖြစ်ပါတယ်။ Simu ဟာ အာရှနွယ်ဖွား တစ်ဦးဖြစ်တာကြောင့် သူနဲ့ ဘ၀တူ ကနေဒါနိုင်ငံသား အာရှနွယ်ဖွားတွေအတွက် အကူအညီ လိုအပ်ခဲ့ရင် ရက်ရက်ရောရော လှူဒါန်းလေ့ရှိသူတစ်ဦးပါ။
View this post on Instagram
အခုလည်း Simu သွားရောက်လှူဒါန်းခဲ့တာကတော့ Stanley Chang အမည်ရ အမျိုးသားတစ်ယောက်ရဲ့ မိသားစုပဲ ဖြစ်ပါတယ်။ Stanley ဟာ မကြာသေးခင်အချိန်ကပဲ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားတဲ့ ဇနီးဖြစ်သူကြောင့် ဝမ်းနည်းပူဆွေးနေရပြီး COVID 19 ကပ်ရောဂါကြောင့်လည်း အလုပ်အကိုင် အဆင်မပြေဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ပါ။ လက်ရှိမှာတော့ အလုပ်အကိုင် အခက်အခဲဖြစ်နေပေမယ့်လည်း တစ်ဖက်မှာက ရှာဖွေကျွေးမွေးဖို့ အရွယ်မရောက်သေးတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိနေသေးတာကြောင့် တော်တော်လေး အခက်အခဲ ဖြစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီသတင်းကို ကြားသိတဲ့ Simu ဟာ သူကိုယ်တိုင် သွားရောက်ပြီး Stanley တို့မိသားစုကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ထောက်ပံ့ပေးခဲ့သလို ကလေးတွေ ဆော့ကစားဖို့ PS5 တစ်လုံးကိုလည်း ပေးခဲ့ပါတယ်။
View this post on Instagram
“Stanley တို့ မိသားစုဟာ တစ်ကယ်ကို ဒုက္ခရောက်နေတာပါ။ သူတို့ကို အခုလို ကူညီခွင့်ရခဲ့လို့လည်း တော်တော်လေးကို ပျော်မိပါတယ်။ ကျွန်တော့်ရဲ့ အလှူကို အားဖြည့်ပါဝင်ပေးခဲ့တဲ့ ကျွန်တော့်ဘော်ဒါ Clement Chu နဲ့ CCYAA Foundation ကိုလည်း တော်တော်လေး ကျေးဇူးတင်ပါတယ်။ကလေးတွေကို PS5 ဂိမ်းစက် surprise လုပ်ပေးတဲ့အချိန်မှာ သူတို့လေးတွေ တော်တော်ပျော်သွားတာတွေ့တော့ ကျွန်တော်လည်း တော်တော့်ကို ပျော်မိပါတယ်။ နောက်ထပ် ဒီလိုမျိုးလှူဒါန်းခွင့်တွေရှိရင်လည်း ထပ်ပြီးတော့ လှူဒါန်းချင်ပါသေးတယ်”လို့ Simu က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw