အမျိုးသမီးတွေကိုဟတ်မထိစေခဲ့လို့ဝမ်းနည်းနေခဲ့တဲ့ Marvel ရဲ့ superhero သစ်လေး

@simuliu/Instagram

ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနား၊ ချောမောလှပနေသူဖြစ်ပါစေ။ ကိုယ့်ကို ဆန့်ကျင်ဖက်လိင်တွေက စိတ်မဝင်စားတာတောင်မှ မလှဘူးတို့၊ ကြည့်မကောင်းလိုက်တာ၊ ဘယ်နားကဘာဖြစ်နေတယ် စတဲ့စကားတွေကို ပြန်ကြားတဲ့အခါတိုင်း သိမ်ငယ်စိတ်ဝင်မိကြမှာပါပဲ။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့တုန်းက Asian Boss ဆိုတဲ့ YouTube Channel တစ်ခုကနေပြီး ဗီဒီယိုတစ်ခုတက်လာခဲ့ပါတယ်။ အကြောင်းကတော့ လက်ရှိ ဟောလိဝုဒ်မှာရောတရုတ်မှာပါ ရေပန်းစားနေပြီး အငြင်းပွားဖွယ်ရာဖြစ်နေခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အကြောင်းပါ။ Marvel ရဲ့ ပထမဆုံး အာရှ superhero ဖြစ်လာမယ့် Shang Chi နေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ Simu Liu ဟာဆိုရင် နိုင်ငံတကာကပရိတ်သတ်တွေ အားရခဲ့ပေမယ်လို့ တရုတ်ပြည်ကပရိတ်သတ်အတွက်ကတော့ အားမရနေကြပါဘူး။

ဒါကြောင့်လည်း Simu Liu ကို Shang Chi အဖြစ်ရွေးလိုက်ပြီလို့ ကြေငြာလိုက်တဲ့အချိန်မှာပဲ တရုတ်နိုင်ငံရဲ့လူမှုကွန်ယက်တစ်ခုမှာ Simu Liu နဲ့ပတ်သက်လို့ အများကြီးဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ မချောဘူးတို့၊ superhero တစ်ယောက်အဖြစ် မမြင်မိဘူးတို့၊ ဆွဲဆောင်မှုမရှိဘူးလို့ စသည်ဖြင့်ပေါ့။ ဒါကို YouTube ပေါ်က နာမည်ကြီး ချန်နယ်တစ်ခုဖြစ်တဲ့ Asian Boss ကနေပြီး တရုတ်ပြည်တွင်း လမ်းမှာတွေ့သမျှလူတိုင်းကို Simu Liu ရဲ့ ဓာတ်ပုံကိုလိုက်ပြပြီး ဘယ်လိုမြင်လဲလို့ လိုက်မေးခဲ့တာပါ။ အထူသဖြင့် အမျိုးသမီးတွေကိုပေါ့။

View this post on Instagram

Mood (ft. @barkleythemalamute)

A post shared by Simu Liu (刘思慕) (@simuliu) on

ဗီဒီယိုထဲမှာ အမျိုးသမီးတော်တော်များများဟာ Simu Liu ဆိုတာ ဘယ်သူမှန်းမသိတဲ့လူတွေများပါတယ်။ ဒီလိုမသိတာတောင်မှပဲ သူတို့တွေရဲ့စိတ်ထဲ Simu Liu ဟာ သာမန်အမျိုးသားတစ်ယောက်အပြင် ဘာမှမပိုဘူးလို့ပဲ ဖြေခဲ့ကြတာပါ။ ပထမဆုံးအမျိုးသမီးဆိုရင် Simu ဟာ တရုတ်နဲ့မတူဘဲ အမေရိကန်-ဂျပန်ဖွားသာမန်ရုပ်ရည်မျိုးနဲ့တူတယ်ဆိုပြီး ကောက်ချက်ချခဲ့သလို ဒုတိယအမျိုးသမီးဟာလည်း တရုတ်လူမျိုးတွေအကြိုက်တွေ့စေမယ့် ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်မျိုး Simu ဆီမှာမရှိဘူးလို့ ဖြေသွားခဲ့ပါတယ်။ တတိယတစ်ယောက်ကျတော့ ခန္ဓာကိုယ်ကြည့်ကောင်းလို့ rating အရ Simu ကို ၇.၅ ပေးခဲ့ပေမယ့် တရုတ်အမျိုးသမီးတွေကြိုက်တဲ့ ခန့်ညားမှုမျိုးတော့ မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

READ
သင် မသိလောက်သေးတဲ့ စပိုက်ဒါမန်းရဲ့ စပ်စုချင်စရာ အတွင်းရေးများ
Asian Boss/YouTube
Asian Boss/YouTube
Asian Boss/YouTube

လေးယောက်မြောက်အမျိုးသမီးကျတော့ Simu ရဲ့အသွင်အပြင်ကို ၁၀ မှာ ၃.၅ သာပေးခဲ့ပြီး Marvel က ရွေးချယ်ထားတဲ့ ပထမဆုံးအာရှ superhero လို့ သွားတဲ့အချိန်မှာတော့ သူမရဲ့ခံစားချက်တွေ ပေါက်ကွဲလာပါတော့တယ်။ ဟောလိဝုဒ်ကရွေးလိုက်တဲ့ တရုတ်သရုပ်ဆောင်တိုင်းဟာ တရုတ်ကိုကိုယ်စားပြုဖို့အတွက် လုံလောက်မှုမရှိကြဘူးပါဘူးတဲ့။ တရုတ်မှာ ခန့်ညားပြီးကြည့်ကောင်းသူတွေ အများကြီးရှိပေမယ့်လည်း နိုင်ငံခြားကရွေးလိုက်ရင် အကောင်းဆုံးတွေမဟုတ်တာကြောင့် တမင်လုပ်နေသလိုထင်မှတ်ရပြီး တရုတ်နိုင်ငံကိုစော်ကားနေသလိုပဲလို့ ပြောသွားခဲ့ပါတော့တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Simu Liu ကတော့ အေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ်ကိုယ်ကိုယ်ပဲ အာရုံစိုက်လုပ်မယ်၊ ဇာတ်ကောင်အပေါ် အကောင်းဆုံးကြိုးစားသွားမှာပါလို့ စာအရှည်ကြီးရေးတင်ထားခဲ့ပေမယ့်လည်း လူထဲကလူပေမလို့ အပြစ်မလုပ်ထားတဲ့သူ့ကို ရုပ်ရည်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားဝေဖန်ထားတာကို စိတ်မကောင်းဖြစ်နေတာ အတိုင်းသားမြင်နေခဲ့ရပါတယ်။

ဗီဒီယိုကိုကြည့်လိုက်ကြပါဦး။

Penny

SHARE