ကိုယ်ဝန်ဆောင်စဉ်ကလေးရဲ့ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့်နည်းလမ်းများ

ကိုယ်ဝန်ဆောင်စဉ် စာဖတ်ခြင်း၊သီချင်းဆိုခြင်းကကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအထောက်အကူပြုနိုင်တယ် လို့သုတေ သနစစ်တမ်းတွေကဆိုပါတယ်။ဒါဟာ ၁၀၀ရာခိုင်နှုန်းအထောက်အကူဖြစ်စေမယ်လို့ မဆိုလိုပေမယ့်ကလေးရဲ့သင်ယူနိုင် စွမ်းနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေမှာတော့ အသေအချာပါပဲ။

သန္ဓေသားလောင်းအဆင့်မှာ အသံရဲ့တုန်ခါမှုကို ခံစားနိုင်တယ်ဆိုတာ သိပ္ပံနည်းလမ်းကျရဲ့လားဆိုတဲ့ဒွိဟဖြစ်စရာမေး ခွန်းတွေရှိနေပေမယ့် အနည်းဆုံး ကိုယ်ဝန်ဆောင်ချိန် ၂၃ပတ်ရှိတဲ့ သန္ဓေသားလောင်းလေးတွေအနေနဲ့အသံကိုကြားနိုင် စွမ်းရှိနေပြီလို့ဆိုပါတယ်။

သန္ဓေသားလောင်းလေးတွေဟာ ပြင်ပအသံ၊ သီချင်းသံကိုကြားနိုင်ရုံသာမက မိခင်ရဲကခန္ဓာကိုယ်တွင်းအသံတွေဖြစ် တဲ့  နှလုံးခုန်သံ၊အသက်ရှူသံ၊သွေးလည်ပတ်မှုစနစ်တွေရဲ့အသံတွေကိုတောင်ကြားနိုင်နေပြီလို့သုတေသနစစ်တမ်းတွေမှာ ဖော်ပြပါရှိပါတယ်။

အသံဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအရေးကြီး သတ်မှတ်ချက်အရာတစ်ခုဖြစ်ပါတယ်။သန္ဓေသားလောင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်မိခင်ရဲ့သားအိမ်ထဲမှာရှိစဉ်သူ့ရဲ့သိမြင်နိုင်စွမ်း၊အာရုံခံစနစ်တွေဖွံ့ဖြိုးနေဖို့ လိုပါတယ်။

သန္ဓေသားလောင်းအဆင့်မှာကလေးရဲ့အာရုံခံစနစ်တွေဟာတည်ငြိမ်မှုမရှိသေးပါဘူး။မိခင်ရဲ့အသံအပါအ၀င်၊ဂီတသံစဉ်တွေနဲ့တခြားပြင်ပကအသံတွေရဲ့ အသံကြိမ်နှုန်း၊လှိုင်းနိမ့်တွေကိုပဲကြားနိုင်ပါသေးတယ်။

ဒါပေမယ့် ဒီလို စာဖတ်ပြခြင်းနဲ့သီချင်းဆိုပြခြင်းကစကားလုံးတွေကိုလက်တွေ့သင်ကြားရွတ်ဖတ်ရခြင်းမရှိသေးတာတောင် ကလေးရဲ့ ဘာသာစကားသင်ယူနိုင်မှုစွမ်းရည်တွေကိုမြင့်တက်စေပါတယ်။ဒါ့အပြင် မိခင်အနေနဲ့ စိတ်သက်သာရာရစေ မယ့် ပျော်ရွှင်စရာသီချင်းများနားထောင်ခြင်း၊စိတ်ကြည်နူးစေတဲ့ စာအုပ်များဖတ်ရှုခြင်းဖြင့်လည်းခန္ဓာကိုယ်တွင်းဟော် မုန်းတွေ ကနေ ပျော်ရွှင်မှုကိုခံစားစေတဲ့ ဓာတ်တွေထုတ်လွှင့်ပြီးသန္ဓေသားဆီရောက်စေမယ်လို့လည်းဆိုပါတယ်။

စနစ်တကျယောဂကျင့်ခြင်းနဲ့ သန္ဓေသားလောင်းရှိနေတဲ့နေရာကိုထိတွေ့ပြီး စကားပြောပေးခြင်းတို့ကလည်း မိခင်ရော ကလေးရဲ့ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်တယ်လို့လည်း သုတေသနစစ်တမ်းတွေအရသိရပါတယ်။

READ
မျက်ကပ်မှန်တပ်ပြီး ရေချိုးလိုက်လို့ မျက်လုံးကန်းသွားတဲ့ အမျိုးသားရဲ့ အဖြစ်

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:thesun

SHARE