ကိုဗစ်ကာလအတွင်း လေယာဉ်ပေါ်အလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေကိုပြန်မျှဝေပေးခဲ့တဲ့သူမ

Facebook- Singapore Airlines

ကိုဗစ်ကတော့ ကမ္ဘာ့ကပ်ရောဂါဘေးအဖြစ် မကြောငြာလိုက်ခင်ကတည်းကိုက တိုင်းကြည်တိုင်းရဲ့ စီးပွါးရေးကို ရိုက်ခတ်နေခဲ့ပါတယ်။ ဒီလို ရိုက်ခတ်ခံနေခဲ့ရတဲ့ စီးပွါးရေးလုပ်ငန်းတွေထဲ ခရီးသွားလုပ်ငန်းတွေကတော့ ထိပ်ဆုံးက အထိနာဆုံးလုပ်ငန်းတွေ ဖြစ်လာခဲ့ပါတယ်။

ကူးစက်ရောဂါကြောင့် နိုင်ငံအတွင်းမှာတောင်မှပဲ တစ်ဒေသနဲ့ တစ်ဒေသ ကူးလူသွားလာမှုတွေ ရပ်တန့်လိုက်တဲ့အတွက် နိုင်ငံရပ်ခြားသွားလာမှုတွေကိုလည်း အကန်အသတ်မရှိ ရပ်နားလိုက်ခဲ့ပါတယ်။ ဒီအတွက် ပြင်ပခရီးစဉ်တွေကို အားကိုးနေကြရတဲ့ လေကြောင်းလိုင်း လုပ်ငန်းတွေဟာ လုံးဝနီးပါးကို ရပ်တန့်ပစ်ခဲ့ရတော့တာပါ။ လုပ်ငန်းရပ်တန့်လိုက်တဲ့အတွက် လေယာဉ်မောင်းတဲ့ ကပ္ပတိန်တို့၊ လေယာဉ်ဝန်ထမ်းတွေကစလို့ ဟိုးအောက်ချေသိမ်း အစားအစာထုတ်ပိုးတဲ့၊ ပစ္စည်းတွေ လေယာဉ်ပေါ်တင်ပေးတဲ့လူကအစ လစာအလျှော့ခံရတဲ့လူက အလျှော့ခံရ၊ အလုပ်နားခံရတဲ့လူက အကန့်အသတ်မရှိ အနားခံရ၊ အလုပ်ထုတ်ခံရတဲ့လူက ထုတ်ခံရနဲ့ တော်တော်လေးကို ဂယက်ရိုက်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း လေကြောင်းလိုင်းကြီးတစ်ချို့မှာတော့ လက်ရှိအချိန်ထိ အနည်းစုသော လေယာဉ်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေဟာ အလုပ်ဆင်းပေးနေရတုန်းပါပဲ။ ဒီအကြောင်းကို စင်္ကာပူနိုင်ငံမှ လေယာဉ်မယ်တစ်ဦးကနေပြီး ပြောပြလာခဲ့ပါတယ်။

READ
ရိုးသားခြင်းရဲ့ ဆုလာဒ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တဲ့ တက္ကစီဒရိုင်ဘာလေး
Facebook- Singapore Airlines

သူမနာမည်ကတော့ Nur Surya ပါ။ Singapore Airlines (SIA) မှ လေယာဉ်မယ်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ကိုဗစ်အတွင်းလေယာဉ်ပေါ်မှာ အလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက Faebook မှာ တင်ထားခဲ့တာဖြစ်ပြီးတော့ အားလုံးသိအောင် မျှဝေပေးခဲ့တာပါ။

Facebook- Singapore Arilines

ကိုဗစ်ကာလအတွင်း လေကြောင်းလိုင်းတွေဟာ ခရီးသည်တွေနဲ့ လေကြောင်းလိုင်းပြေးဆွဲဖို့အတွက် ရပ်ဆိုင်းထားပေမယ့်လို့ တစ်ချို့သောအချိန်တွေမှာ ကုန်ပစ္စည်းပို့ရတဲ့အခေါက်တွေ၊ ဒါမှမဟုတ် အရေးကြီးခရီးသည်တွေ၊ ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုယ် ပြန်ချင်တဲ့ နေထိုင်သူတွေအတွက် ရံဖန်ရံခါမှာ လေယာဉ်ပြေးဆွဲပေးရပါတယ်။ ဒီလိုပြေးဆွဲတဲ့အခါတိုင်း လေယာဉ်မောင်းတွေအပြင်ကိုမှ အနည်းစုသော လေယာဉ်မယ်တွေဟာလည်း လိုက်ပါပေးရတတ်ပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် လေယာဉ်မယ်တွေလည်း အရင်လိုမျိုး လှလှပပကျော့ကျော့မော့မော့လေးတွေ မနေုနိုင်ကြရတောု့ပါဘူး။ အရင် ကိုဗစ်စဖြစ်ခါစတုန်းကဆိုရင် လေယာဉ်ဝနိထိမ်းတွေအကုန်လုံး PPE ဝတ်စုံတွေအပြည့်နဲ့ လေယာဉ်ပျံသန်းစဉ် ကာလတစ်လျှောက်လုံး ဝင်ဆင်ခဲ့ကြရတာပါ။

READ
မိခင်ကိုဓားနဲ့ထိုးခဲ့လို့ လူသတ်မှုနဲ့ အဖမ်းခံထားရတဲ့ ကပ္ပတိန်အမေရိက မင်းသမီး
Facebook- Singapore Airlines
Facebook- Singapore Airlines

အခုတော့ Nur Surya ပြောပြတဲ့အတိုင်းဆိုရင်တော့ မဖြစ်မနေ အလုပ်ဆင်းတော့မယ်ဆိုရင် လက်အိတ်၊ face mask တွေအပြင်ကိုမှ မျက်မှန်တွေကိုလည်း မပြတ်တပ်ခဲ့ရပြီးတော့ ခဏတိုင်းလိုလို လေယာဉ်ပေါ်က tray တွေ၊ လက်ကိုင်တွေ၊ အိမ်သာထဲတွေကို ပိုးသတ်ဆေးရည်တွေနဲ့ အမြဲတမ်း သုတ်နေရပါတယ်တဲ့။ ခရီးသည်ပါလာတဲ့အခါမှာလည်း သူတို့ရဲ့ဘေးတင်သာမကဘဲ ခရီးသည်ရဲ့ လုံခြုံရေးကိုလည်း အဆက်မပြတ် မျက်စိဒေါက်ထောက်လိုက်ကြည့်နေရတယ်ဆိုပြီး Nur Surya ကပြောလာခဲ့ပါတယ်။

Facebook- Singapore Airlines

ဘယ်လောက်ပဲ ခက်ခဲပင်ပမ်းဆင်းရဲပါစေဦး Nur Surya ကတော့ ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ပေးနေတယ်လို့သာ သဘောထားပြီးတော့ အကောင်းဆုံးတွေကိုပဲ လုပ်ဆောင်သွားမှာပါတဲ့။

penny

SHARE