အသားဆိုတာ အသက်တစ်ချောင်းရဲ့ပေးဆပ်မှုကြောင့် ရလာတာဖြစ်တဲ့အတွက် တစ်ချို့သော vegetarian တွေဟာ အသားစားခြင်းအပြင် နို့သောက်သုံးခြင်း၊ တိရိစ္ဆာန်တွေကို တရားသဖြင့်ခိုင်းစေခြင်း၊ တိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုလည်း ကန့်ကွက်တာမျိုးတွေကို အခုနောက်ပိုင်းမှာ ပိုပြီး တွင်တွင်ကျယ်ကျယ်လုပ်လာခဲ့ကြပါတယ်။
အခုတော့ Fox Business ရဲ့ ဖော်ပြချက်အရ စင်္ကာပူနိုင်ငံဟာ အခုဆိုရင် တိရိစ္ဆာန်လေးတွေကို မသတ်ဘဲနဲ့ အသားစားသုံးလို့ရနိုင်မယ့် နည်းလမ်းကို တရားဝင်ခွင့်ပြုလိုက်ပါပြီတဲ့။
View this post on Instagram
Farm-grown (အသားစားမွေးမြူရေးခြံမှာ မွေးမျြူထားတာမျိုး) မဟုတ်ဘဲနဲ့ အခုခွင့်ပြုလိုက်တဲ့ အသားတွေဟာ Lab-grown (ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ အသား) တွေပဲဖြစ်ပါတယ်။ ဒီလို Lab-grown အသားတွေကို စမ်းသပ်နေခဲ့တာ နှစ်ပေါင်းတော်တော်လေးကိုကြာနေခဲ့ပါပြီ။ ဆန်ဖရန်စစ္စကိုမှာရှိနေတဲ့ Eat Just Inc., ကနေပြီးတော့ အသားတွေကို ဓာတ်ခွဲခန်းမှာဖန်တီးဖို့အတွက် စွန့်ဦးတည်ထွင်စမ်းသပ်နေခဲ့တာပဲဖြစ်ပါတယ်။ Bioreactor ဆိုတဲ့ ဆဲလ်တွေအပေါ်မှာ အခြေခံပြီးတော့ အသားတွေကို ဖန်တီးထားတဲ့အတွက် အသားတုမဟုတ်ဘဲနဲ့ တကယ့်အသားအစစ်မှာ ပါဝင်နေတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာလည်း တစ်ထပ်တည်းကို ပါဝင်နေခဲ့တာပါ။ ကြက်သားလိုမျိုးအခြေခံအသားကိုတော့ အခုအချိန်မှာ ဖန်တီးထုတ်လုပ်တာ အောင်မြင်နေခဲ့ပါပြီ။
View this post on Instagram
Eat Just ကုမ္ပဏီနဲ့ စင်္ကာပူနဲ့ကတော့ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကပဲ လက်တွဲဖို့အတွက် သဘောတူညီလိုက်ခဲ့တာဖြစ်တယ်လို့ Eat Just ရဲ့ CEO Josh Tetrick က Fox Business ကို အတည်ပြုပြောကြားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံဟာ အခုလို Lab-grown အသားတွေကို ဈေးကွက်မှာအသုံးချဖို့အတွက် တရားဝင်ခွင့်ပြုပေးလိုက်တဲ့ ပထမဆုံးသော အာရှနိုင်ငံဖြစ်လာခဲ့ပါတယ်။
Eat Just ကတော့အသားအပြင် ဥ တွေကိုလည်း Just Egg နာမည်နဲ့ ပဲ၊ vegan mayonnaise တို့ကိုသုံးပြီးတော့ ဈေးကွက်မှာ ရောင်းချနေပါပြီ။
penny