Bubble Tea တစ်ခွက် ကြောင့် ကိုဗစ်ဥပဒေနဲ့ငြိစွန်းပြီး ထောင်နန်းစံခဲ့ရတဲ့ သူနာပြုလေး

Pexels- CDC

အခု တစ်နှစ်ကျော် ကြာပြီးသည်အထိ ကိုဗစ်ကပ်ရောဂါဘေးဟာ ဒီနိုင်ငံကရော ကမ္ဘာအနှံ့က နိုင်ငံတွေကနေရော လုံးလုံးလျားလျားကြီး ထွက်သွားသေးတာမဟုတ်ပါဘူး။ နိုင်ငံအလိုက်မှာလည်းပဲ သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို ကိုဗစ်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ အသက်ဝင်နေတုန်းပါပဲ။

Next Shark ရဲ့ဖော်ပြချက်အရ စင်္ကာပူကသူနာပြုဆရာမတစ်ယောက်ကတော့ Bubble Tea အကြောင်းပြကာ စင်္ကာပူကိုဗစ်ဥပဒေနဲ့ငြိစွန်းပြီးတော့ ထောင်နန်းစံသွားခဲ့ရပါတယ်တဲ့လေ။ ဖြစ်ပုံကတော့ ဒီလိုပါ။

Freepik- tawatchai07

အသက် ၂၂ နှစ်အရွယ်ရှိတ့ Nurul အမည်ရှိ သူနာပြုဆရာမလေးဟာ Singapore General Hospital မှာ ကိုဗစ်ကာလအတွင်း ရှေ့တန်းက ဦးဆောင်ဦးရွက်ပြီးတော့ အလုပ်ဆင်းပေးနေခဲ့ရပါတယ်။ တစ်ရက်တော့ သူမလည်း close contact မိကာ အိမ်မှာ home quarantine ဝင်ရမယ့် အချိန်ကို ရောက်လာခဲ့ပါတယ်။ စင်္ကာပူရဲ့ ဥပဒေအရ home quarantine ကို ၁၄ ရက်ပြည့်အောင် နေရပါမယ်တဲ့။ အဲဒီနေ့ဟာ ၂၀၂၀ ခုနှစ်ရဲ့  မတ်လ ၂၁ ရက်နေ့ပဲဖြစ်ပါတယ်။ ၁၄ ရက်ဆိုတော့ ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိကို အိမ်မှာနေပြီး ဘယ်သူနဲ့မှလည်း တွေ့ခွင့်ရှိမနေခဲ့တာပါ။

Freepik- drobotdean

ဒါကို Nurul ဟာ မတ်လ ၂၃ ရက်နေ့မှာပဲ အပြင်ကို ထွက်သွားခဲ့ပါတယ်။ သူမနေတဲ့ Woodlands Drive အိမ်ရာကနေပြီးတော့ Causeway Point ရှော့ပင်းမောကိုပါ။ Bubble Tea အရမ်းကို သောက်ချင်လို့ပါလို့ ပြောထားပါတယ်။သွားတာကလည်း လူသုံးများတဲ့ ဘတ်စ်ကားနဲ့ပါတဲ့လေ။ 

နောက် ဧပြီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာလည်းပဲ Nurul တစ်ယောက် ကိုယ်ဝန်သည် သူငယ်ချင်းဆီကို မင်္ဂလာပွဲအတွက် ကူညီဖို့ဆိုကာ ရောက်သွားခဲ့ပြီးတော့ အဲဒီအိမ်မှာလည်းပဲ mask ချွတ်ပြီး အေးရာအေးကြောင်း အချိန်ဖြုန်းခဲ့ပါတယ်။ အိမ်ကလူတွေတစ်ယောက်မှ သူမ quarantine ဝင်နေရတယ်ဆိုတာ မသိခဲ့ပါဘူး။

Freepik- freepik

ဧပြီလ ၁၂ ရက်နေ့မှာတော့ Nurul တစ်ယောက် လည်ချောင်းတွေစယောင်လာပြီးတော့ ဖျားပါပြီ။ ဒါနဲ့ပဲ အဲဒီနေ့ ချက်ချင်းမှာပဲ ဆေးရုံသွားပြီးတော့ ဆေးစစ်ကြည့်ရာ ကိုဗစ် positive ထွက်သွားခဲ့တာပါ။ ဆေးရုံတင်ပေးခဲ့ပေမယ့်လို့ အစိုးရဖက်မှ သူမကို အမှု ၃ ခုနဲ့ တရားစွဲဆိုထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုတော့ Nurul ရဲ့ အမှုကို တရားစီရင်ချက်ချလိုက်ခဲ့ပါပီ။ ထောင်ဒဏ် ၇ လပါတဲ့။ ဒါတောင် သူမအနေနဲ့ အများတကာကို ရောဂါကူးစက်စေတယ်ဆိုတဲ့ သက်သေအထောက်ထား မတွေ့ခဲ့တဲ့အတွက် ထောင်ဒဏ်လျော့ပြီးတော့ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၇၅,၀၀၀ ကိုလည်း မဆောင်ရတာပါ

penny

SHARE