ကိုဗစ်ကာလအတွင်း ကလေးယူတဲ့သူတွေကို ငွေကြေးထောက်ပံ့မယ့် စင်ကာပူအစိုးရ

Image:freepik.com/tirachardz

ကိုဗစ်ကာလက တော့ အိမ်ထောင်သည်တွေ က လေးယူဖို့ တွန့်ဆုတ်ေ နတဲ့ ကာလလို့ ပြော လို့ ရပါတယ်။ငွေ ကြေး ပြည့်စုံတဲ့ အိမ် ထောင် ရှင် တွေ အတွက် တော့ ကိုဗစ်ကာလက ကလေးယူတဲ့ ကာလ တစ်ခု လိုတောင် ဖြစ် နေ ပေမယ့်အ ခြေခံ လူတန်းစား တွေ အတွက် ကတော့ ငွေရေး ကြေးရေး အတွက် ပူပန်ပြီး ရွှေ့ ဆိုင်း နေရတဲ့ ကိစ္စ ဖြစ်နေပါတယ်။စင်ကာပူ အစိုးရ က တော့ ကိုဗစ် ကာလ အတွင်း က လေးယူဖို့ တိုက် တွန်း အားပေးတဲ့ အ နေနဲ့ ဒီကာလမှာ က လေးယူတဲ့ သူတွေ ကို ( baby bonuses )ငွေ ကြေး ထောက်ပံ့ ပေးသွားမှာပါ။ဒီအ ကြောင်းကိုတော့ BBC မှာ ဖော်ပြထားပါတယ်။

Image:freepik.com/racool-studio

ကိုဗစ် ကြောင့် ရိုက်ခတ်တဲ့ စီးပွားရေး ပြဿနာ တွေ ကြောင့် က လေး ယူဖို့ ကိစ္စ ကို ရွှေ့ဆိုင်း ပစ်လိုက် ကြမှာကို စင်ကာပူ အစိုးရ က စိတ် ပူ နေပါတယ်။ဒါ ကြောင့်လည်း က လေးယူတဲ့ သူတွေကို ပိုက်ဆံ ထောက်ပံ့မှာပါ။ဘယ်လောက် ပေးမလဲ ဆိုတဲ့ အ သေးစိတ် အချက် အလက် တွေက တော့ မသိရ သေးပါဘူး။စင်ကာပူက တော့ ကမ္ဘာ ပေါ်မှာ က လေး မွေးဖွားမှု နှုန်း အနိမ့် ဆုံး နိုင်ငံ တွေ ထဲက တစ်နိုင်ငံပါ။က လေး မွေးနှုန်းတွေ ကျ နေ လို့ တက်အောင် မနည်း ရုန်းကန် နေရတဲ့ နိုင်ငံပါ။ဒါပေမယ့် ကိုဗစ် ကာလမှာ က လေး မွေး ဖွား နှုန်းတွေ မြင့်နေတဲ့ နိုင်ငံတွေ လည်း ရှိ နေပါတယ်။

READ
လိပ်သားပေါက်(၈၀၀)ကျော်ကို မွေးပေးပြီး ရှားပါးလိပ်မျိုးစိတ်ကို ထိန်းသိမ်းပေးခဲ့တဲ့ လိပ်ကြီး
Image:.freepik.com/jcomp

စင်ကာပူရဲ့ အိမ်နီးချင်း နိုင်ငံ တွေ ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့လို နိုင်ငံတွေ က တော့ စင်ကာပူရဲ့ အ ခြေအ နေ နဲ့ လုံးဝ ဆန့်ကျင် ဘက်ကပါ။ကိုဗစ် Lockdown ကာလမှာ ကိုယ်ဝန်ရတဲ့ သူတွေ အရမ်း များပြား မြင့် တက် နေတဲ့ အ ခြေအ နေ နဲ့ တောင် ရင်ဆိုင် နေကြရပါတယ်။စင်ကာပူ အစိုးရ က တော့ ကိုဗစ် ကြောင့် အိမ်ထောင်သည် တစ်ချို့က ကလေးယူဖို့ အစီအစဉ်ကို ရွှေ့ဆိုင်း လိုက် တာ မျိုးတွေ ရှိနေတယ်လို့ စင်ကာပူ ဒုဝန်ကြီးချုပ် Heng Swee Keat က ပြောပါတယ်။အစိုးရ က ဘယ်လောက် ထောက် ပံ့ ပေးမလဲ ဆိုတာကိုတော့ နောက်မှ ကြေညာ ပေးမယ်လို့ ပြောခဲ့ပါတယ်။

READ
PS4 ဂိမ်းပလပ်ကို သော့ခလောက်နဲ့ပိတ်ပြီး ကလေးတွေကို ပညာပေးခဲ့တဲ့ မိဘနှစ်ပါး
Image:.freepik.com/nensuria

စင်ကာပူရဲ့ လက်ရှိ baby bonus system မှာတော့ သင့်လျော်လို့ ရွေးချယ်ထားတဲ့ မိဘ တွေကို စင်ကာပူ ဒေါ်လာ  S$10,000 ($7,330) ပေး ပါတယ်။စင်ကာပူရဲ့ က လေး မွေးဖွားမှုနှုန်း က တော့ (၂၀၁၈)အထိ (၈)နှစ်ဆက်တိုက် ကျ ဆင်း နေတာပါ။အမျိုးသမီး တစ်ယောက်ကို က လေး မွေးဖွားနှုန်း 1.14 နှုန်း ပဲ ရှိတယ်လို့ အစိုးရ ရဲ့ အချက် အလက် တွေ သိရပါတယ်။အာရှ နိုင်ငံ တော် တော် များများ မှာတော့ ကိုဗစ် ကာလမှာ က လေး မွေးဖွားနှုန်း ကျ ဆင်း တဲ့ အလားတူ ပြဿနာ နဲ့ ရင်ဆိုင် နေ ကြ ရပါတယ်။ဒီနှစ် အစော ပိုင်းမှာ ဆိုရင်လည်း တရုတ်ရဲ့ မွေးဖွားနှုန်းက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စတင် ထူထောင်တဲ့ နှစ် (၇၀) အတွင်းမှာ အနိမ့် ဆုံး ဖြစ် ခဲ့ပါတယ်။ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရတဲ့ တရုတ်ရဲ့ တစ်အိမ် ထောင် က လေး တစ်ယောက် နှုန်း one-child policy ကို ဖြေ လျော့ လိုက်   ပြီး နောက် ဒီလို ကိစ္စ နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

#SHWEMOM

SHARE