သကြားများလွန်းတဲ့အချိုရည်တွေကို ကြော်ငြာခွင့် ပထမဆုံးပိတ်ပင်တဲ့နိုင်ငံဖြစ်လာတဲ့ စင်္ကာပူ

unsplash/Jorge Franganillo

စင်္ကာပူနိုင်ငံဟာ သကြားဓာတ်ပမာဏများစွာပါဝင်တဲ့ ဖျော်ရည်နဲ့အချိုရည်တွေကို ကြော်ငြာခွင့် တားမြစ်ပိတ်ပင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာကြောင်း independent အွန်လိုင်းသတင်းစာမျက်နှာအရ သိရပါတယ်။ ဒီတားမြစ်ချက်ကို ကျန်းမာရေးဝန်ကြီး Edwin Tong ဆိုသူက စင်္ကာပူနိုင်ငံရဲ့ (၂၀၁၉) ခုနှစ် ကျန်းမာရေးနဲ့ ဇီဝဆေးဘက်ဆိုင်ရာ ကွန်ဂရက်ဖွင့်ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကြော်ငြာတားမြစ်ချက်ဟာ နေရာအလုံးစုံမှာ အကျုံးဝင်ပါတယ်။ အချိုရည်ထဲ သကြားပမာဏအမြောက်အမြားထည့်ထားတဲ့ အချိုရည်ကုမ္ပဏီတွေဟာ ပုံနှိပ်ပြီးပဲဖြစ်ဖြစ်၊ တီဗီမှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေဖြစ်ဖြစ် ဘယ်မှာမှ ကြော်ငြာထည့်ခွင့် ပေးမှာ မဟုတ်ပါဘူး။ ဒီတားမြစ်ချက်ဟာ နောက်နှစ် (၂၀၂၀) ခုနှစ်ရဲ့ တစ်နေရာလောက်မှာ လုံးဝကို အတည်ပြုစေဖို့ မျှော်လင့်ရပါတယ်။ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ Edwin Tong က ဆီးချိုစစ်ပွဲလို့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်းသုံးနှုန်းထားခဲ့တဲ့အပြင် သူဟာ (၂၀၁၆) ခုနှစ်တုန်းကလည်း စင်္ကာပူနိုင်ငံတစ်လွှား ဆီးချိုရောဂါဖြစ်ပွားနှုန်းကို လျော့ချဖို့အတွက် ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

READ
ချောင်းဆိုးပျောက်ကင်းစေသော သဘာဝဆေးနည်းများ
unsplash/Jonny Caspari

(၂၀၁၈) ခုနှစ် တွေ့ရှိချက်များအရ စင်္ကာပူလူမျိုးတွေဟာ သကြားကို တစ်နေ့ ပျမ်းမျှ လက်ဖက်ရည်ဇွန်း(၁၂) ဇွန်းနှုန်း သုံးစွဲကြတယ်လို့ သိရပါတယ်။ အခုလို အချိုပမာဏများစွာပါဝင်တဲ့ အချိုရည်တွေကို ကြော်ငြာပိတ်ပင်မယ့်အပြင် ၄င်းအချိုရည်ဘူးတွေမှာလည်း အထဲက အာဟာရတန်ဖိုးတွေကို အဆင့်သတ်မှတ်ချက်ခွဲပြီး ဖော်ပြပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

Edwin Tong က “စားသုံးသူတွေအနေနဲ့ မိမိကျန်းမာရေးအတွက် ပိုပြီးသင့်လျော်တာကို ရွေးချယ်နိုင်ဖို့ပါ။ သကြားနည်းတဲ့ အဖျော်ယမကာတွေဆိုရင်လည်း ဒီအတိုင်းပဲ သတ်မှတ်ပေးသွားမှာပဲ။ အဲ့ဒီအဖျော်တွေထဲမှာပါတဲ့ အာဟာရတန်ဖိုးပေါ်မူတည်ပြီး စုစုပေါင်းအဆင့်တွေလည်း ခွဲခြားသတ်မှတ်ပေးဦးမှာ။ ဒါကြောင့် စားသုံးသူတွေက လေဘယ်မှာရေးသားထားတဲ့စာတွေကို မြင်တာနဲ့ အချိုတွေ ဘယ်လောက်ပါနေတယ်၊ ကျန်းမာရေးအတွက် သင့်တော်၊ မသင့်တော်ဆိုတာကို ချက်ခြင်းသိနိုင်မယ်လေ…” လို့လည်း ပြောပြပါတယ်။

unsplash/Matt Botsford

အခုနှစ်အစောပိုင်းတုန်းကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organisation (WHO) ဟာ သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ကလေးငယ်တွေကို ကျွေးမွေးတဲ့ ကလေးစာ အစားအသောက်တွေမှာ သကြားတွေအများကြီးပါတယ်ဆိုပြီးတော့ပါ။ WHO ဟာ နိုဝင်ဘာ (၂၀၁၇) ခုနှစ်နဲ့ ဇန်န၀ါရီ (၂၀၁၈) ခုနှစ်ကြားမှာ ဗီယင်နာ၊ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီနဲ့ အစ္စရေးတို့က မြို့တွေမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ မြို့(၄) မြို့ထဲမှာ (၃) မြို့လောက်က ထုတ်တဲ့ ကလေးအစားအသောက်တွေထဲမှာ သကြားပမာဏဟာ (၃၀) ရာခိုင်နှုန်းကျော်လောက် ပါဝင်နေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
ဘယ်ဘက်ခြမ်းစောင်းပြီးအိပ်ခြင်း၏ အကျိုးကျေးဇူးများ

လင်းလင်း (ShweMom)

SHARE