အနိဌာရုံ လက်ရာတွေ ကြောင့် နာမည်ကြီးလာတဲ့ စင်ကာပူ Artist

Image:IG/Qixuan Lim

ထူးထူးခြားခြားအနုပညာလက်ရာတွေကို ဖန်တီးကြတဲ့ အနုပညာရှင်တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ လက် တ လော ရေပန်းစားနေတဲ့ စင်ကာပူအနုပညာရှင် တစ်ယောက်ရဲ့ အ ကြောင်းကိုတော့ Asiaone မှာ ဖော်ပြ ထားပါ တယ်။သူမရဲ့ နာမည်က တော့ Qixuan Lim ဖြစ်ပြီး အသက် (၂၈)နှစ်ပါ။သူမ ဖန်တီးတဲ့ လက်ရာတွေ ကတော့ လူေ တွကို ပျော် အောင်လုပ်ပေးနိုင်တဲ့ လက်ရာမျိုးတော့မဟုတ်ပါဘူး။အနိဌာရုံ လက်ရာတွေ ကို ပြောင်မြောက် အောင် အ သေးစိတ် ဖန်တီးပြီး နာမည်ကြီးလာတာပါ။ဒါပေမယ့်လည်း သူမရဲ့ လက်ရာတွေကို အား ပေးတဲ့ လူတွေ ရှိသလို အော့ နှလုံးနာစရာ တွေဆိုပြီး ဝေဖန်ရှုတ်ချတဲ့ လူတွေ လည်း အများကြီးရှိပါတယ်။

 

View this post on Instagram

 

Take your pick: Vanilla, caramel or chocolate? Excited for my first show with @dorothycircus, House of the The Rising Light

A post shared by (@qimmyshimmy) on

“ကျမ ဖန်တီးတဲ့ လက်ရာ တွေက ကျ မတို့ရဲ့ ဘယ်စိတ်ကူးက လှပတယ်၊ဘာက ရုပ်ဆိုးတယ်၊အရသာရှိတယ်၊မရှိဘူး ဆိုတဲ့ အ တွေး တွေကို စိန် ခေါ် ဖို့ပါ..” ဆိုပြီး သူမရဲ့ လက်ရာတွေ က မေးခွန်းထုတ်စရာ တွေ ဖြစ်လာလို့ ကျေ နပ် မိတယ်လို့ ပြောခဲ့ပါတယ်။ကလေးမျက်နှာပုံ အ သေးလေးတွေ၊ကိုယ်အင်္ဂါ အစိတ် အပိုင်းပုံ အ သေးလေး တွေ က လူတစ်ချို့ အတွက် တော့ မသတီစရာ အနိဌာရုံ လက်ရာတွေ ဖြစ်နေပါတယ်။အော့နှလုံးနာစရာလည်း ကောင်း၊ချစ်ဖို့ လည်း ကောင်းတဲ့ လက်ရာမျိုးကို ဘယ်သူတွေ ဖန်တီးထားသေးလဲ ဆိုပြီး သူမရဲ့ လက်ရာတွေကို စ မဖန် တီးခင် တည်းက လေ့လာ ခဲ့ဖူးတယ်လို့ လည်း ပြောခဲ့ပါတယ်။သူမရဲ့ လက်ရာတွေ မှာ ကန့်သတ်ထားတာ မရှိပဲ မတူ ညီတဲ့ ပုံစံ မျိုးစုံနဲ့ သူမလက်ရာတွေကို အဓိပ္ပါယ်ကောက်လို့  ရနိုင်တယ်လို့လည်း ဆိုပါတယ်။

 

View this post on Instagram

 

Everyday will be Valentine’s

A post shared by (@qimmyshimmy) on

Qixuan Lim က တော့ သူမဟာ ဒီဇိုင်နာ တစ်ယောက် အဖြစ်လည်း Full time အလုပ်လုပ်ပါတယ်။တစ်ဖက်မှာ လည်း ထူးခြားတဲ့ လက်ရာတွေ ကို ဖန်တီးနေသလို တစ်ဖက်မှာလည်း အလုပ်လုပ် နေသူပါ။သူမကိုယ်သူမ တော့ “accidental sculptor”. ဆိုပြီး ညွှန်းဆိုထားပါတယ်။သူမရဲ့ IG မှာလည်း Follower (189 K) တောင်မှ ရှိ ပါတယ်။အရင်ဆုံး ပေါ်လီမာ မြေစေးနဲ့ ရုပ်တု လေးတွေကို (၂၀၁၃)က စ ဖန်တီးကြည့်ခဲ့တာပါ။သူမဟာ Nanyang နည်းပညာတက္ကသိုလ် ကနေ အနုပညာ၊ဒီဇိုင်း၊မီဒီယာကို သင်ယူနေတုန်းမှာ ၀ါသနာကို စလုပ်ကြည့်ခဲ့တာပါ။သူမ ရဲ့  ပထမဆုံး လက်ရာ က လေးလက် လေးကတော့ ပေးလီမာ မြေ စေးနဲ့  လုပ်တာပါ။လက် နေမှ ခေါင်း နဲ့ တခြား အစိတ် အပိုင်းတွေကို ဖန်တီးကြည့်ခဲ့တာပါ။

 

View this post on Instagram

 

Guess what?

A post shared by (@qimmyshimmy) on

ဝေဖန်တာတွေရှိပေမယ့်လည်း သူမရဲ့ သူငယ်ချင်းတွေက တော့ သူမကို အမြဲအားပေးနေခဲ့ကြောင်း၊အစပိုင်း မှာတော့ မိဘ တွေက သူမရဲ့ လက်ရာတွေကို နားမလည် နိုင်ဖြစ်ခဲ့ ပေမယ့်လည်း အခုဆိုရင်တော့ သူမရဲ့ မေ မေ က ပါ Idea တွေ ၀ိုင်းကူ စဉ်းစားပေး နေပါပြီလို့ Qixuan Lim က ပြောပါတယ်။သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် Show ကိုတော့ နယ်သာလန် Temporary Arts Centre မှာ လုပ်ခဲ့တာပါ။သူမရဲ့ လက်ရာ တွေကို တိုကျို၊မဲလ်ဘုန်း၊ လော့အိန်ဂျလိစ်နဲ နယူးယော့ခ် တို့မှာလည်း ပြသခဲ့ပါတယ်။မကြာသေးခင်တုန်းကလည်း တိုကျိုက Vanilla Gallery မှာ ပြပွဲ လုပ်ခဲ့ပါတယ်။လက်ရာ တွေရဲ့ ဈေးနှုန်း ကတော့ US$70 – US$2,400 ကြားမှာရှိပါတယ်။ကြောက်စရာ မသတီ စရာ ပုံတွေ ကိုတော့ ကြည့်ရဲတယ်ဆိုရင် သူမရဲ့ IG မှာ သွားကြည့်လို့ရပါတယ်။

SHARE