အိမ်အကူကို အငတ်ထားခဲ့သည့် စင်္ကာပူစုံတွဲ ထောင်ဒဏ်(3)လသာ ချမှတ်ခံရ

ဖိလစ်ပိုင်အိမ်အကူ ကောင်မလေးကို အစာရေစာ လုံးဝစားခွင့်မပေးပဲ နှိပ်စက်ခဲ့သည့် စင်္ကာပူဇနီးမောင်နှံမှာ နှစ်ဦး ပေါင်း ထောင်ဒဏ် 3 လကျော်သာ  ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဒီအတွက် လူ့အခွင့်ရေးသမားတွေက စင်္ကာပူရဲ့ တရားစီရင်ရေးစနစ်ကို ဝေဖန်နေကြပါတယ်။

ပြစ်မှုကျူးလွန်သူ စင်္ကာပူအမျိုးသား Lim Choon Hong (47)နှစ်ကို ထောင်ဒဏ် 3 ပတ်သာ ချမှတ်ခဲ့ပြီး၊ အမေရိကန် ဒေါ်လာ 10000 ပေးဆောင်စေဖို့ တရားရုံးက အမိန့်ချခဲ့တာပါ။ အဓိက ပြစ်မှုကျူးလွန်တဲ့ ယင်း၏ဇနီးဖြစ်သူ Chong Sui Foon (47) နှစ်ကိုတော့ ထောင်ဒဏ် 3 လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် အိမ်ဖော်မလေးမှာ အလုပ်မ၀င်ခင်က ကိုယ်အလေးချိန် 49 ကီလိုဂရမ် ရှိခဲ့ပြီး၊ အခုအခါမှာ ကိုယ်အလေးချိန် 29 ကီလိုဂရမ်သာ ရှိတော့တဲ့အထိ အစာအငတ်ခံခဲ့ရပါတယ်။ အဆိုပါ ကောင်မလေးရဲ့ အမည်မှာ Thelma Oyasan Gawidan လို့ သိရပြီး၊ စင်္ကာပူကို ပိုက်ဆံအများအပြား ရှာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားရောက်ခဲ့တာပါ။

READ
တက်တူးဖျက်ရာမှ ကြောက်စရာကောင်းတဲ့ အမာရွတ်ကြီး ကျန်ခဲ့တဲ့ ကောင်မလေး

ဒီမတိုင်ခင်က Oyasan ဟာ အလွန်ကျန်းမာသူတစ်ယောက် ဖြစ်ပြီး၊ အလုပ်ခွင်ဝင်ရောက်လို့ 15 လအတွင်းမှာ တပိန်ပိန်
နဲ့ အသက်အန္တရာယ်ပင်စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကို ရောက်ခဲ့ရပါတယ်။ Oyasan ဟာ စင်္ကာပူရှိ Cuscaden Walk မှာတည်ရှိတဲ့ Boulevard Residence လူနေရပ်ကွက်က နေအိမ်မှာအလုပ်တာဝန်တွေ လုပ်ခဲ့ရပါတယ်။

သူမကို တစ်ရက်လျှင် အစားအစာ နှစ်ကြိမ်ကျွေးပေမယ့် အလွန်နည်းပါးပါတယ်။ မနက်တစ်မနက်လုံး အလုပ်လုပ်ရပြီး ပထမဆုံး အစားအစာကို နေ့လည် 1 နာရီနဲ့ 2 နာရီကြားမှာ ပေါင်မုန့်သုံးချပ်နဲ့ ခေါက်ဆွဲခြောက် နှစ်ထုပ်၊ ဒုတိယအစားအစာကိုတော့ နောက်တစ်ရက် နေ့လည် 11 နာရီလောက်မှာ ပေါင်မုန့်အဖြူ 5 သို့မဟုတ် 6 ချပ်သာ စားသောက်ခဲ့ရပါတယ်။

Oyasan ဟာ ယုတ်မာရိုင်းစိုင်းတဲ့ Foon တို့ လင်မယားနေအိမ်မှာ လူတစ်ယောက်လို မနေခဲ့ရပါဘူး။ သူမဟာ အိမ်အ
တွင်းက အိမ်သာတွေကို အသုံးပြုခွင့်မရှိဘဲ ဖြစ်သလိုဆောက်ထားတဲ့ အိမ်သာကိုသာ သုံးခဲ့ရပါတယ်။ အစစ ခွင့်တောင်းရ
ပြီး ရေသောက်ခြင်းကိုတောင် သူတို့ ခွင့်ပြုချက်မရှိပဲ မသောက်ရဘူးလို့ ဆိုပါတယ်။

READ
ကမ္ဘာ့ဖလားချန်ပီယံနဲ့ ပတ်သက်ပြီး တင်လိုက်တဲ့စာကြောင့် ဝေဖန်ခံနေရတဲ့ အမီတာဘတ်ချန်း

ဒီလို နှိက်စက်ခဲ့လို့ Oyasan ဟာ ဆံပင်တွေအကုန်နီးပါး ကျွတ်ခဲ့ရပြီး၊ အမျိုးသမီးတစ်ယောက်မှာ အရေးကြီးတဲ့ ဥတုသွေးလာခြင်းပင် ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒီလောက်နှိပ်စက်တာကိုပင် စင်္ကာပူတရားစီရင်ရေးက ယင်းတို့နိုင်ငံသား
တွေဆိုရင် သိသိသာသာ ဘက်လိုက်လေ့ရှိတဲ့ သဘောကို တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံဟာ အခြားနိုင်ငံခြားသာ ဥပဒေချိုး
ဖောက်လျှင် ဒဏ်ငွေ၊ထောင်ဒဏ်စသည်တို့နဲ့ ပြင်းထန်စွာစီရင်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE