One Punch Man challenge နဲ့ တစ်လအတွင်း (၁၅) ပေါင်လောက် ကျအောင်ချနိုင်ခဲ့သူ

ကိုယ့်ကိုကိုယ် ပြောင်းလဲ မြှင့်တင်ဖို့အတွက် နောက်ကျတယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ အချိန်ယူခြင်း၊ စိတ်ရှည်ခြင်း၊ စိတ်အားထက်သန်ခြင်းတွေရှိဖို့သာ အဓိကပါ။ ဒါကို အသက် (၃၈) နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ယောက်က အားတက်ဖွယ်ကောင်းလောက်အောင် သက်သေပြလိုက်ပါတယ်။

Facebook/Sean Seah

ပြီးခဲ့ မတ်လ ၉ ရက် (စနေနေ့) မှာ ရောင်းအား အကောင်းဆုံး စာရေးဆရာလည်းဖြစ်၊ စီးပွားရေး ရင်းနှီးမြှုပ်နှံသူ တစ်ယောက်လည်းဖြစ်တဲ့ Sean Seah က သူရဲ့ ရက် ၃၀ One Punch Man challenge လုပ်နေပုံတွေကို Facebook မှာ တင်ခဲ့ပြီး အဲ့ဒီကစလို့ သူရဲ့ ပိုစ့်ဟာ ကြည့်ရှုသူ (၂၂၀၀၀၀) နဲ့ ပြန်လည် ဖော်ပြသူ (၅၀၀၀) ကျော်အထိ ရှိခဲ့ပါတယ်။

Trained like Superhero for 30 Days

[Results] 30 Days Challenge Completed I Trained Like Superhero (1 Punch Man) For 30 Days

Posted by Sean Seah on Saturday, March 9, 2019

ဒီ Challenge ရဲ့ မူလအစက ဂျပန် anime တွေထဲမှာ (၃)နှစ်လောက် နေ့တိုင်း လေ့ကျင့်ခန်းတွေလုပ်ပြီး ကြီးမားတဲ့ ခွန်အားတွေ ရရှိခဲ့တဲ့ Saitama ခေါ် One Punch Man ဆီက ဖြစ်ပါတယ်။

နေ့တိုင်း ဒိုက် အချက် (၁၀၀)၊ ထိုင်ထ အခါ(၁၀၀)၊  အိပ်ထမတင် အခါ (၁၀၀) လုပ်ပြီး  (၆) မိုင်ကျော် ပြေးတာတဲ့ စနစ်နဲ့  လေ့ကျင့်ခန်းလုပ်တာပါ။

ဒါဟာ သိပ်ပြင်းထန်သလို Sean ကိုယ်တိုင်လည်း အဲ့ဒီ့လိုပဲ ခံစားရပါတယ်။ ဒါကြောင့် သူက လေ့ကျင့်ခန်းကို အဆင့်တွေခွဲပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ အဆင့် (၅) ကနေ စတင်ခဲ့တယ်။ တစ်လအတွင်း တစ်ဆင့်တစ်ဆင့် တက်ပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

Facebook/Sean Seah

တရုတ်နှစ်သစ်ကူးပြီးတဲ့နောက် သူ့ကိုယ်သူ စိန်ခေါ်မှုတစ်ခု စတင်မယ့်လို့ ဆိုခဲ့တယ်၊ သုံးလလောက် တိကျတဲ့ စားသောက်မှု ပုံစံမရှိဘဲနဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ဗီဒီယိုတင်တာကနေတစ်ဆင့် အသိပေးခဲ့တယ်။ အဲ့ဒီ့အချိန်မှာ ဇီဝရုပ်အသက်က (၄၀) ၊ ကိုယ်အလေးချိန်က ၁၅၄ ပေါင်၊ ခန္ဓာကိုယ်တွင်း အဆီပါဝင်နှုန်းက ကျန်းမာတဲ့ သူတစ်ယောက် ရှိသင့်တဲ့ နှုန်းအတိုင်းရှိခဲ့တယ်။

READ
Crazy Rich Americans တွေရဲ့ ပိုက်ဆံကိုဂရုမစိုက်ဘဲ ထင်တိုင်းကြဲခဲ့ကြတဲ့ ဖြစ်ရပ်(၇)ခု
Facebook/Sean Seah

အဲ့ဒီ့နောက် တစ်ပတ်အတွင်း Seah ဟာ ၆ ပေါင်ကျော်လောက် ကျသွားပြီး ၃ နှစ်စာလောက် နုပျိုသွားသလို၊ အဆီပါဝင်မှုနှုန်းလည်း တစ်ဆင့် လျော့ကျသွားခဲ့တယ်။ (၁၇) ရက်နေ့ မှာ ဒီထက်ပိုပြီး မထူးခြားလာတော့တာကို တွေ့ခဲ့ရတာကြောင့် Seah ဟာ လေ့ကျင့်ခန်း အဆင့်ကို ၇ အထိ မြှင့်ပြီး၊ နေတိုင်းအတွက် ဒိုက်အချက် ၇၀၊ အိပ်ထမတင် ၇၀၊ ထိုင်ထ ၇၀ နဲ့  အပြေးလေ့ကျင့်ခန်းကိုလည်း ၄ မိုင်ကျော်အထိ ထပ်တင်ခဲ့တယ်။

Facebook/Sean Seah

(၂၂) ရက်နေမှာ တော့ လေ့ကျင့်ခန်း အဆင့် (၉) ထိ တက်ခဲ့ပြီး (၂၃) ရက်နေ့မှာတော့ One Punch ရဲ့ လေ့ကျင့်ရေးစနစ် အပြည့်အစုံဖြစ်တဲ့ အဆင့် (၁၀) ကို ရောက်ရှိနိုင်ခဲ့တယ်။ Seah က တစ်လတာ စိန်ခေါ်မှုကို လုံးဝ အပျက်မခံခဲ့ဘူး။ အဲ့ဒီအခါမှာတော့ ကိုယ်အလေးချိန် စုစုပေါင်းရဲ့ ၁၅ ပေါင်လောက် ကျသွားခဲ့သလို six-pack တွေ ထွက်ပေါ်လာခဲ့တယ်။ ဒါ့အပြင် အရင် ရုပ်သက်ထက် ၄ နှစ် နုငယ်သွားပြီး အဆီပါဝင်မှုနှုန်းလည်း (၈.၅) အထိ ကျဆင်းသွားခဲ့တယ်။

Facebook/Sean Seah

ဒီ့အပြင် အချိုဓာတ်တွေ လျှော့စားတယ်၊ ကဆီဓာတ်တွေလျော့သွားအောင် အရင် ထမင်းကို ပန်းကန်လုံး အမောက်စားတာကနေ တစ်ဝက်ပဲ စားတယ်၊ ဆီကြော် အစားအသောက်တွေကို ရှောင်လိုက်ခဲ့တယ်။ တိကျတဲ့ စားသောက်ပုံမျိုး မရှိတဲ့တိုင်  အသီးအနှံတွေ ပိုစားတယ်။ အဆီတွေ လျှော့စားတယ်။ အဲ့ဒီအခါမှာ ကိုယ်ခံအားတွေ ကောင်းလာစေတယ်လို့ သူက ပြန်လည်ဝေမျှပါတယ်။

Facebook/Sean Seah
Facebook/Sean Seah
Facebook/Sean Seah

Seah က ပုံမှန်အတိုင်းသာ စားသောက်ကြောင်းနဲ့ သူရဲ့ တစ်နေ့တာ စားသောက်မှု ပုံစံကိုလည်း မေးလာတဲ့သူတွေကို သေသေချာချာ ပြန်လည် ရှင်းပြခဲ့တယ်။ အဲ့ဒီ့နောက် One Punch Man Challenge နေ့တိုင်းလုပ်တာကို ရပ်လိုက်ပေမယ့် တစ်ပတ်ကို သုံး လေးကြိမ် လေ့ကျင့်ခန်းလုပ်တဲ့ အစီအစဉ်နဲ့ ဆက်ထိန်းထားမယ်လို့ Seah က ပြောပါတယ်။ အဲ့ဒီ့နောက် အားကစားခန်းမကို သွားပြီး ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို ထပ်မံ ဖြည့်စွက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်။

30 Days after CNY

[What's the fastest method to Lose Fats after CNY…]Join me in this 30 days challenge and lets post before and after results! Tag a friend to do this together! Choose your level: (You can increase or reduce as you go along)Level 1: 10 push ups, sit ups, squats + 1km run Level 2: 20 push ups, sit ups, squats + 2km run Level 3: 30 push ups, sit ups, squats + 3km run Level 4: 40 push ups, sit ups, squats + 4km run Level 5: 50 push ups, sit ups, squats + 5km run Level 6: 60 push ups, sit ups, squats + 6km run Level 7: 70 push ups, sit ups, squats + 7km run Level 8: 80 push ups, sit ups, squats + 8km run Level 9: 90 push ups, sit ups, squats + 9km run Level 10: 100 push ups, sit ups, squats + 10km run

Posted by Sean Seah on Saturday, February 9, 2019

သူရဲ့ ဗီဒီယိုအဆုံးမှာလည်း တခြားသူများကို ဒီ စိန်ခေါ်မှုကို ကြိုးစားစမ်းလုပ်ကြည့်ဖို့ အားပေးထားတာကိုလည်း ကြားသိရပြီး၊ ကိုယ့်နဲ့ အဆင်ပြေမယ့် အဆင့်ကနေ စတင်လှုပ်ရှားဖို့ အကြံပြုထားပါတယ်။

READ
စိတ်ဖိစီးမှုတွေကို ကိုယ့်အတွက်ကောင်းကျိုးရရှိအောင်ဘယ်လိုပြန်အသုံးချမလဲ

Ref: Asiaone

Matthew (ShweMOM)

 

 

 

SHARE