စိတ်အတက်အကျမြန်ရောဂါ ဖြစ်နေတယ်လို့ ဝန်ခံခဲ့တဲ့ Bebe Rexha

IG/beberexha

Grammy ဆုအတွက် လျာထားခဲ့ရဖူးတဲ့ အဆိုတော်ကတော့ သူမမှာ စိတ်အတက်အကျမြန် စိတ်ဝေဒနာကို ခံစားနေရပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ ဒီအဆိုတော်ကတော့ သူမရဲ့ twitter ကနေ သူမရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ရေးသားပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူမကတော့ အချိန်အတော်ကြာ နေမကောင်းဖြစ်နေသလို မသက်မသာ ဖြစ်သလို ခံစားရာ ဘာကြောင့်မှန်း မသိခဲ့ဘူး လို့ ဆိုပါတယ်။ သူမ ခံစားရတဲ့ပုံစံကိုလည်း “ စိတ်မသက်မသာတွေ ဖြစ်နေတဲ့အချိန်မှာဆို အိမ်ပြင်တောင် မထွက်ချင်သလို လူတွေ အနားလည်း မနေချင်ပါဘူး စိတ်တွေ တက်ကြွနေတဲ့အခါကျတော့လည်း အိပ်တောင် မအိပ်ချင်ဘဲ အလုပ်တွေ လုပ်နေမိတာ သီချင်းတွေ ရေးနေမိတာတွေ ဖြစ်နေပါတယ်။ အခုတော့ အဲ့လိုတွေ ဖြစ်တာ ဘာလို့လဲ သိသွားပြီထင်တယ်” ဆိုပြီး ပို့စ်တင်ထားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမက စိတ်အတက်အကျမြန် ရောဂါ ဖြစ်နေကြောင်း ထုတ်ပြောလိုက်ပြီး ဒီအချက်အတွက်လည်း မရှက်ပါဘူး။ ဒါပါပဲ (အများကြီးတော့ ငိုမိထားတယ်) ဆိုပြီး ပြောကြားခဲ့ပါတယ်။

View this post on Instagram

Okay? 😃🥰😘

A post shared by Bebe Rexha (@beberexha) on

အမျိုးသား စိတ်ကျန်းမာရေး အဖွဲ့အစည်းကတော့ စိတ်အတက်အကျမြန် စိတ်ဝေဒနာဆိုတာ ဦးနှောက်ကနေ လုပ်ဆောင်မှု လွဲမှားမှုတွေကြောင့် ဖြစ်လာတာလို့ ဆိုပါတယ်။

Bebe Rexha ကတော့ သူမရဲ့ အခွေသစ် ထွက်တော့မယ့် အကြောင်းနဲ့ သူမအတွက် စိတ်မကောင်း ဖြစ်စရာ မလိုဘူး။ သူမဆိုတာကိုပဲ လက်ခံရင် ကျေနပ်ပါပြီလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

READ
ရိုက်ကူးရေးမှာ မတော်တဆမှုတစ်ခုကြောင့် ထိတ်လန့်ခဲ့ရတဲ့ ခိုင်သင်းကြည်

Kham

SHARE