သက်ဆိုင်ရာကြောင့် မင်္ဂလာပွဲပျက်ခဲ့လို့ အိမ်ထောင်ရှိကြောင်း မပြောခဲ့တာဆိုတဲ့ အဆိုတော်

Instagram- @monalithakur03 , @maaaik_richter

ဘောလိဝုဒ်က တေးရေးဆရာမတစ်ဦးလည်းဖြစ်ပြီး ရုပ်ရှင်နောက်ခံသီချင်းတွေကို သီဆိုပေးရာမှာ နာမည်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေခဲ့တဲ့ အဆိုတော် Monali Thakur ကိုတော့ တချို့ပရိတ်သတ်တွေတော့ သိကျွမ်းနေပါလိမ့်မယ်။

အနုပညာရှင်တွေမှာ သူတို့အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောပြတဲ့လူနဲ့ လုံးဝဖုံးကွယ်ထားတဲ့လူဆိုပြီး နှစ်မျိုးသာရှိနေပါတယ်။ ဒါပေမဲ့ Monali Thakur ကတော့ ပွင့်ပွင့်လင်းလင်းပြောပြချင်ခဲ့ပေမယ့် အခြေအနေတစ်ခုကြောင့် မိသားစုကလွဲပြီး ကျန်တဲ့လူတွေကို သူမအိမ်ထောင်ကျသွားတယ်ဆိုတာ ၃ နှစ်ကျော်သွားတဲ့အထိ ပြောပြခဲ့ခြင်းမရှိပါဘူးဆိုပြီး Story Pick မှာ ဖောပြထားခဲ့ပါတယ်။

READ
သေဆုံးနေတဲ့ ငါးမန်းရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး လူတွေ ထင်ကြေးအမျိုးမျိုးပေး

ဖြစ်ပုံအစအဆုံးကတော့ ဒီလိုပါ။ အဆိုတော်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဆွစ်ဇလန်ကိုအလည်သွားရင်းတွေ့ခဲ့ကြတာပါ။ တွေ့တွေ့ချင်းမှာပဲ နှစ်ဦးသားအကြည့်ချင်းဆုံပြီး မေတ္တာမျှခဲ့ကြပြီး ၂၀၁၆ ခုနှစ်ရဲ့ ခရစ်စမတ်အကြိုနေ့မှာတော့ စတွေ့ခဲ့တဲ့ သစ်ပင်ကြီးအောက်၊ နှင်းတွေ ဖွေးဖွေးလှုပ်နေတဲ့ နေရာလေးမှာ လက်ထပ်ခွင့်တောင်းခဲ့တာပါတဲ့လေ။

ခင်ပွန်းဖြစ်သူဟာ ဂျာမန်နိုင်ငံသားဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အချိန်ပြည့်တော့ ရှိမနေပါဘူး။ ဒီလိုနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်မယ်ဆိုတော့လည်း အိန္ဒိယမှာပဲ လက်ထပ်ပွဲကို ကျင်းပဖို့အတွက် ပြင်ဆင်ထားခဲ့တာပါ။ အနားနီးမှ ခင်ပွန်းဖြစ်သူက အိန္ဒိယကိုလာပေါ့လေ။ စီစဉ်ထားတုန်းတော့ အကောင်းပေမယ့် အနားလည်းနီးရော ခင်ပွန်းဖြစ်သူဟ လေဆိပ်ကိုပဲ ဝင်ရသေးတယ်၊ ဗီဇာကိစ္စကြောင့် နိုင်ငံတွင်းဝင်ခွင့်မရခဲ့ဘဲ လေဆိပ်မှာတင် အပြစ်သားတစ်ယောက်လို ချုပ်ခံထားရပါတယ်တဲ့လေ။

ဒါနဲ့ ပဲ သူ့ရဲ့မင်္ဂလာဆောင်လည်း ပျက်သွားခဲ့ပါတယ်တဲ့။ အဲဒါကြောင့် အရင်ကတည်းက ကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ လက်ထပ်ပွဲကို မိသားစုနဲ့ပဲ အကျဉ်းချုံးကျင်းပခဲ့ရတဲ့အတွက်ကြောင့် ပရိတ်သတ်တွေကိုရော၊ တခြားလုပ်ဖော်ကိုင်ဖက်တွေကိုပါ လက်ထပ်ထားပြီဆိုတာ မပြောခဲ့တာဖြစ်တယ်လို့ ဖွင့်ပြောလာခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တချို့ကတော့ ဒီလိုကိစ္စကြီးကို (၃)နှစ်လုံးလုံးမပြောဘဲထားခဲ့လို့ စိတ်ဆိုးနေကြသတဲ့။

READ
Adidas နဲ့ လက်တွဲကာအဝတ်အစားတွေထုတ်တော့မယ့် pro-gamer "Ninja"

Penny

SHARE