အိမ်ပြင်မထွက်ရတဲ့ အချိန်မှာ ဥပဒေစာမေးပွဲဖြေဖို့ စာလုပ်နေပြီဆိုတဲ့ အဆိုတော် Halsey

Instgram- @iamhasley

“Without Me”, “Gasoline”, “Bad at Love”, “Colors” စတဲ့ သီချင်းတွေရဲ့ ပိုင်ရှင် အဆိုတော် Halsey ကိုတော့ သီချင်းချစ်ပရိတ်သတ်တွေအနေနဲ့ သိပ်စိမ်းလှမယ် မထင်ပါဘူး။

ကမ္ဘာကြီးတစ်ခုလုံးဟာ ကပ်ရောဂါဘေးကြောင့် အားလုံးနီးပါး ရပ်တန့်ကုန်ကာ လူတွေလည်း stay home အဖြစ် နေထိုင်နေတဲ့အချိန် Halsey တို့လို အဆိုတော်တွေဟာလည်း သီချင်းဆိုစရာ ပွဲတွေ၊ အနုပညာလှုပ်ရှားမှုတွေ လုံးဝနီးပါး မရှိကြတော့ပါဘူး။ ဒီလိုအချိန်မှာတော့ Halsey ဟာ အခုခေတ် သာမန်လူငယ်လေးတွေလိုပဲ ဘဝအတွက် တိုးတက်မယ့်ပညာရေးကို စတင်လေ့လာနေပါပြီတဲ့။

Teen Vogue ရဲ့ ဖော်ပြချက်အရ အခုဆိုရင်တော့ Halsey အနေနဲ့ ဥပဒေမေဂျာကို အွန်လိုင်းမှ သင်ယူနေပြီး မကြာခင်မှာလည်း နိုင်ငံရဲ့ အကြေီးဆုံး ဥပဒေရေးရာ စာမေးပွဲ BAR Exam ကို ဖြေဆိုဖို့ စိတ်ဆုံးဖြတ်လိုက်ပြီလို့ သိခဲ့ရပါတယ်။

READ
Shwe FM (၁၀)နှစ်ပြည့် ပွဲကို တက်ရောက်ခဲ့တဲ့ နန်းသီရိမောင်

တကယ်တော့ Hasley ရဲ့ ငယ်ဘဝဟာ သိပ်ကို ကြမ်းတမ်းလွန်းခဲ့ပါတယ်။၂၀၁၂ ခုနှစ်တုန်းက နယူးဂျာစီရဲ့ Warren Hills Regional High School မှ အထက်တန်းအောင်ခဲ့ပေမယ့် မိသားစု စီးပွားရေးအခြေအနေကြောင့် သာမန်တက္ကသိုလ်ကို မတက်နိုင်ဘဲ community college ကို တက်ရောက်ခဲ့ရပါတယ်။ သို့ပေမယ့်လည်း မကြာခင်မှာပဲ ကျောင်းနှစ်ဝက်တောင် မတက်နိုင်ခဲ့ပါဘူး။ လုံးဝအဆင်မပြေလွန်းလို့ ကျောင်းထွက်ခဲ့ကာ ဘဝကို စတင်ရုန်းကန်ခဲ့ရပါတယ်။ တကယ်တော့ သူမ တက်ချင်ခဲ့တဲ့ကျောင်းက Rhode Island School of Designs ပါတဲ့။

Instgram- @iamhasley

ကောလိတ်ကလည်း ထွက်၊ အိမ်ကလည်း အဆင်မပြေနဲ့ ဆယ်ကျော်သက်အရွယ် Hasley ဟာ Manhattan မြို့ရဲ့ မြေအောက်ခန်းလေးမှာ ဆေးသမားတွေနဲ့အတူတူ နေခဲ့ရတာမျိုး၊ နယူးယောက်ရဲ့ အိမ်ခြေယာမဲ့ ဘဝရောက်ခဲ့တာမျိုးတွေအထိ ဘဝဝကို ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း နေခဲ့ရတာပါတဲ့။ အနုပညာလောကထဲကိုတော့ အသက် (၁၇) နှစ်မှာပဲ စတင်ဝင်ရောက်ခဲ့ရင်း အတိတ်တန်းက ကြမ်းတမ်းမှုတွေကြောင့် စိတ်ကျရောဂါကို အဖော်ပြုရင် ချစ်မြတ်နိုးတဲ့ဂီတကို တစ်စိုက်မတ်မတ်လုပ်ဆောင်လာကာ အခုလို အဆင့်ထိ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

View this post on Instagram

BIG // tiny @yasi

A post shared by halsey (@iamhalsey) on

Penny

SHARE