တစ်ကိုယ်တည်း အပျိုကြီးပဲလုပ်တော့မယ့်မမတွေ စိတ်ပျက်သွားတဲ့ အရာများ

“ဒီလိုဆို အပျိုကြီးပဲလုပ်တော့ပါမယ်အေ” လို့အမြဲငြီးတတ်ကြတဲ့ မမတွေက တစ်ခုခုကို စိတ်ပျက်သွားရင် ပါးစပ်ကနေထွက်လာလေ့ရှိတယ်။ သူတို့တွေ စိတ်ပျက်သွားလို့ အပျိုကြီးပဲလုပ်တော့မယ်ဆိုပြီး ပြောထွက်လာတာပါ။ သူတို့စိတ်ပျက်သွားတဲ့အရာတွေကတော့ …

(၁) အချစ်

အပျိုကြီးပဲလုပ်တော့မယ် လို့ပြောထွက်လာရလောက်အောင် သူတို့စိတ်ပျက်သွားတဲ့အရာက အချစ်ပါ။ အချစ်ကိုစိတ်နာသွားကြတဲ့အခါ အပျိုကြီးလုပ်ချင်စိတ်တွေပဲဖြစ်လာတယ်။ ဘာမှကိုလည်း စိတ်ရှုပ်မခံချင်တော့တာရယ်ကြောင့်လည်းပါတယ်။ အချစ်ကနေရလာတဲ့ ဒဏ်ရာတွေကများတော့ တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်ဆိုပြီးပဲတွေးလာကြတယ်။

(၂) သူငယ်ချင်းရဲ့အိမ်ထောင်ရေး

သူတို့နဲ့ရွယ်တူသူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေးကိုကြည့်ပြီး “တော်ပြီး အပျိုကြီးလုပ်တာမှ နားအေးမယ်” လို့ပြောထွက်လာကြတယ်။ သူတို့သူငယ်ချင်းရဲ့အိမ်ထောင်ရေး မသာယာလေ အပျိုကြီးလုပ်ချင်စိတ်ပိုပေါက်လာလေဖြစ်တယ်။ သူငယ်ချင်းတွေက ရင်ဖွင့်ရင် သူတို့ခံစားနေရတာတွေကိုပဲရင်ဖွင့်တတ်ကြတော့ သူငယ်ချင်းအိမ်ထောင်ရေးအတိုင်း ဖြစ်လာမှာကိုလည်း ကြောက်သွားတတ်ကြတယ်။ အဲ့လိုတွေကြောင့် အိမ်ထောင်ပြုရမှာကို စိတ်ပျက်လာကြတယ်။

(၃) ကလေး

ပတ်ဝန်းကျင်ရဲ့ကလေးအော်သံ၊ ငိုသံတွေကို မခံနိုင်လို့ အိမ်ထောင်ပြုရင် ကလေးဒဏ်တွေကိုခံရမှာ စိတ်ပျက်လာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတစ်ယောက်ရှိနေရင် အိမ်ရှုပ်တယ်လို့တွေးပြီး အပျိုကြီးလုပ်ချင်စိတ်တွေပေါ်ပေါက်လာတာပါ။ နောက်ပြီး သားသမီးဆိုးလို့ မိဘတွေက ခံနေရတဲ့အခါတွေကို ဘေးကနေကြည့်ပြီးလည်း စိတ်ကုန်လာကြတယ်။ တစ်ယောက်တည်း အပျိုကြီးလုပ်ရင် နားပူမယ့်သူလည်းမရှိသလို ကိုယ့်စိတ်ကြိုက်နေနိုင်တယ်ဆိုပြီး တွေးလာကြတယ်။

READ
နေ့ စဉ်ဘဝတွေကိုပိုပြီးကောင်းမွန်လာစေမယ့် အလေ့အကျင့် (၁၀)ခု

(၄) အိမ်ထောင်စရိတ်

သူတို့တွေက “အပျိုကြီးလုပ်တာပဲကောင်းပါတယ်အေ” ဆိုပြီး ပြောထွက်လာအောင် စိတ်ပျက်စေတဲ့အရာက အိမ်ထောင်စရိတ်တွေပါပဲ။ တစ်ယောက်တည်းနေရင်တောင် စိန်စီပြီးနေလို့ရတယ်။ အိမ်ထောင်ပြုလိုက်မှ ချွေတာပြီးသုံးနေရတယ်။ သူတို့တွေက အိမ်ထောင်စရိတ်တွေ ညည်းတွားနေတဲ့သူတွေဆီကနေ အသံတွေကြားလိုက်လို့ အိမ်ထောင်ပြုရဖို့ကို စိတ်ပျက်သွားတတ်ကြတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE