အသက် ၂၀ တုန်းကထက်တောင် လှနေတဲ့ ၄၁ အရွယ် မိခင်တစ်ယောက်ရဲ့ secret

သြစတေးလျနိုင်ငံက အသက် (၄၁) နှစ်အရွယ် အိမ်ထောင်ကွဲ ကလေးနှစ်ယောက် မိခင်တစ်ဦးဟာ တစ်ခြား မိခင်တွေကို ကျန်းမာရေးလိုက်စားဖို့နဲ့ အဲ့ဒီ့အတွက် ဆင်ခြေတွေ ပေးမနေဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ သူမကိုယ်တိုင်ကလည်း ၄၂ ပေါင်အထိ ကျဆင်းသွားအောင် ကြိုးစားခဲ့ပြီး အသက် (၄၀) အရွယ်မှာ အသက် (၂၀) ကထက်တောင် ပိုကြည့်ကောင်းနေသူဖြစ်နေပါတယ်။

INSTAGRAM/BELINDA.N.X

Belinda Norton လို့ ခေါ်တဲ့ သြစတေးလျနိုင်ငံ Gold Coast မှာနေထိုင်တဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက် မွေးပြီးတဲ့နောက် သူမရဲ့ ခန္ဓာကိုယ်ဟာ သိသိသားသားကြီး ပြောင်းလဲသွားတာကို သတိပြုမိခဲ့တယ်။ ကလေးယူပြီးတဲ့နောက်မှာ အစားအသောက်၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်လာရင် စောဒကတက်တာတွေ၊ ဆင်ခြေပေးတာတွေရှိခဲ့တာကို နောင်တရကြောင်းလည်း ၀န်ခံခဲ့တယ်။

INSTAGRAM/BELINDA.N.X

သူမအနေနဲ့ ကလေးမယူခင်တုန်းကရှိခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း ဆက်ရှိနေမှာမဟုတ်တာကို သဘောပေါက်ခဲ့ပြီး ခင်ပွန်းဟောင်းရဲ့ အထင်သေးမှုမှာ သူ့ရဲ့ ပြောင်းလဲချင်တဲ့ အဟုန်ဟာ ပိုပြီး ပြင်းထန်လာခဲ့တယ်။

တစ်ခေါက် သူမတို့နှစ်ယောက် အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကို ကြည့်ရင်း သူမလည်း အဲ့ဒီအမျိုးသမီးလိုဖြစ်ချင်လိုက်တာလို့ ပြောတော့ ခင်ပွန်းဖြစ်သူက ဘယ်တော့မှာ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲ့ဒီ့ စကားတစ်ခွန်းတည်းနဲ့တင် သူမ မခံချင်စိတ်တွေ ပေါက်ဖွားလာခဲ့တယ်လို့ Mail Online ကို ပြောပြထားတာတွေ့ရပါတယ်။

INSTAGRAM/BELINDA.N.X

အချိန်ပြည့် ကာယဆရာမ တစ်ယောက်ဖြစ်တဲ့အလျောက် အားကစားနဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ အာဟာရ ဖြည့်တင်းပုံတွေကို ကောင်းကောင်းသိတော့ အဲ့ဒီအချိန်ကစလို့  ၄င်းအသိပညာတွေကို အသုံးချပြီး စားသောက်ပုံတွေကို ပြောင်းတယ်၊ ကျန်းမာကြံ့ခိုင်တဲ့ မိခင်သည်တစ်ယောက်ရဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။

READ
အိပ်မက်တွေကိုလိုသလိုထိန်းချုပ်နိုင်ဖို့နည်းလမ်း(၅)သွယ်

သူရဲ့ လုပ်ဆောင်ပုံတွေကလည်း ရိုးရှင်းတယ်လို့ ဆိုလို့ရပါတယ်။ ပထမတစ်ချက် အစားအသောက်ပုံစံကို ပြောင်းတယ်၊ နှစ်အချက် ခန္ဓာကိုယ် ကြံ့ခိုင်ရေးကို ပြင်ဆင်တယ်၊ နောက်ဆုံးတစ်ချက်ကတော့ ၀ီရိယရှိဖို့နဲ့ စူးစူးစိုက်စိုက်ရှိဖို့ လိုအပ်တယ်လို့ သူမက သူမရဲ့ အားထုတ်ပုံနဲ့ ယှဉ်ပြီး အကြုံပြုခဲ့ပါတယ်။

INSTAGRAM/BELINDA.N.X

ကိုယ့်ကိုယ်ကို ပြုစုဖို့လည်း လိုအပ်ကြောင်း သူမကပြောပါသေးတယ်။ အဲ့ဒါကတော့ ချော့ကလက်လို အဆီတက်မယ့် အရာတွေလို အစားအသောက်တွေကို ၀ယ်စားတာမျိုးမဟုတ်ဘဲ မျက်နှာကို အနှိပ်ခံတာမျိုး၊ spa သွားတာမျိုး လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

သူမက ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်လာလိုက်တာ ၁၆၈ ပေါင်ကနေ ကလေးမယူမီတုန်းက ရှိခဲ့တဲ့ ကိုယ်အလေးအချိန် ၁၂၆ – ၁၃၃ ပေါင်အထိ လျှော့ချနိုင်ခဲ့တယ်။ သူမက လေ့ကျင့်ခန်းကို တစ်ပတ် ၄ ကြိမ် လုပ်တယ်၊ အဓိကတော့ အစားအသောက်ပုံစံပဲလို့ သူမကပြောပါတယ်။

INSTAGRAM/BELINDA.N.X

ကိုယ် ဘယ်နှစ်ကြိမ်စားတယ်၊ ဘယ်လောက်စားတယ်ဆိုတာကို ဂရုတစိုက်ရှိရမယ်၊ အစားအသောက်ပုံစံနဲ့ ပြောင်းလဲခြင်းအတွက် ပြင်ဆင်ခြင်းကို ရိုးလွယ်ကူစွာရှိစေရမယ်လို့ သူမကို ဆိုပါတယ်။

သူမအနေနဲ့ကတော့ အုတ်ဂျုံ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး၊ ပုံမှန် မနက်စာ၊ ကြက်သား၊ ဆော်လမွန်ငါး၊ ဥနဲ့ ကန်စွန်းဥတို့ကို စားသုံးကြောင်း ရှင်းပြတယ်။ ခန္ဓာကို ၀ိတ်ကို လျှော့ချတဲ့အခါ လိုတာထက် ပိုလျှံစွာ မစားသောက်ဖို့၊ ဗိုက်ဆာဆာနဲ့ ရှော့ပင်မထွက်ဖို့၊ ကာဗွန်ဟိုက်ဒရိတ်ပါတာတွေ စားသောက်တဲ့နေရာမှာ အစေ့အဆန်တွေ အပြည့်အ၀ပါဝင်တာတွေကို အစားထိုး ပြောင်းလဲသင့်ကြောင်း အကြံပေးထားပါတယ်။

READ
ဆီလီကွန်အရုပ်မတွေနဲ့နေတဲ့ အိမ်ထောင်ရေးအတွေ့အကြုံကိုပြောပြခဲ့သူ ဂျပန်အမျိုးသား
INSTAGRAM/BELINDA.N.X

နောက် အရေးကြီးတဲ့အချက်က လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို မျှမျှတတရှိစေရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားရှိစေရမယ်၊ တစ်နေ့ကို မိနစ် (၃၀) လောက် လမ်းလျှောက်သင့်တယ်၊ တစ်ပတ်ကို လေ့ကျင့်ခန်း သုံးလေးကြိမ် အိမ်မှာ လုပ်သင့်တယ် စတဲ့ သူမအားထုတ်ခဲ့ပုံတွေနဲ့ ယှဉ်ပြီး မိခင်တိုင်းအတွက် အကြံပြုခဲ့ပါတယ်။

မိသားစုဘ၀ဟာလည်း အခုဆို ပိုပြီး အေးဆေးပေါ့ပါးတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ အပတ်တိုင်းစားသောက်မယ့် ဟင်းလျားပုံစံတွေကို ပြောင်းလဲတယ်၊ ကလေးတွေအတွက် ၆ လ တစ်ကြိမ် စားသောက်ရမယ့် နည်းနာအသစ်တစ်ခု အမြဲဖြည့်ပေးကြောင်းလည်း သိရတယ်။

INSTAGRAM/BELINDA.N.X

Belinda ဟာ မကြာသေးခင်ကမှ Fit Mama ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ တခြားသော မိခင်များ သူတို့ရဲ့ နဂို ခန္ဓာကိုယ်အလှကို ပြန်ရဖို့ ကြိုးစားရမှာ အထောက်အကူကောင်းတွေ ပေးနိုင်ဖို့ ဖြစ်ကြောင်း သိရတယ်။

Ref: The Sun

Matthew (ShweMOM)
SHARE