သင့်ကိုတစ်ကယ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမူအယာများ

လက်ရှိချစ်သူ မိန်းကလေးဟာ ကိုယ့်ကို တစ်ကယ်ချစ်မချစ် …. Shwemom ရဲ့ ပုရိသပရိတ်သက်ကြီး သိချင်မယ်လို့
ထင်ပါတယ်။ အဲဒီအတွက် အောက်မှာ အချက်ကလေးတွေ ဖော်ပြထားပါတယ်။ သေချာလေ့လာရင် သိပ်မကြာခင် ကာလအတွင်း တန်းပြီး သူ ကိုယ့်ကိုယ် တကယ်ချစ်မချစ် သိနိုင်တဲ့ နည်းဖြစ်ပါတယ်။

(၁) မျက်ရည်ထွက်အောင် ၀မ်းသာတယ်

သင့် သူ့ကို ပရိုပို့စ်လုပ်ခဲ့တဲ့ နေတုန်းက အဖြစ်အပျက်ကလေးကို ပြန်မှတ်မိသလောက် စဉ်းစားကြည့်ပါ။ သူမရဲ့ မျက်နှာဟာ ရှက်သွေးတွေနဲ့ ရဲတွတ်နေမယ်၊ သင့်မျက်နှာကို ရဲရဲမကြည့်ရဲဘူး … ချစ်ပါတယ်ဆိုပြီး ပြန်ဖြေတဲ့ အသံကလည်း ဗလုံးဗထွေးနဲ့ … ကောင်းကောင်း မကြားရဘူး … ဒါပေမယ့် သင့်ရဲ့ အလိုအလျှောက်နားလည်မှုစနစ်အရ … ချစ်ပါတယ်ဆိုတာကို နားစည်အ၀မှာ ကပ်ပြီးပြောလိုက်သလို ခံစားရလိမ့်မယ် … ပြီးရင် သူမ ငိုမယ် … ဘာကြောင့် ငိုတာလဲ မမေးနဲ့။ သူ အနှစ်အနှစ်အလလ စောင့်စားနေခဲ့ရတဲ့ ချစ်သူရဲ့ ပရိုပိုစ့်ကို လက်ခံလိုက်ရလို့ပါဘဲ။

(၂) အလိုကျပါဘဲ

သူနဲ့ သင် ချစ်သူ ဖြစ်ပြီဆိုကတည်းက သူဟာ သင့်ရဲ့ လိုအင်ဆန္ဒတွေကို အရာရာဖြည့်စွမ်းဖို့အတွက် သီးသန့်မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တူနေပါလိမ့်မယ်။ ဒါကြောင့် သိပ် အခွင့်အရေး မယူပါနဲ့။ တစ်ချို့ အခွင့်အရေးတွေဟာ ဘောင်တစ်ခုကို ကျော်လွန်ပြီး လုပ်ရတာမျိုးမို့ ပြောတာပါ။ သူ့အချစ်ကို လေးစားပါ။ သင့်ဘက်ကလည်း သူ့လောက် မချစ်နိုင်တောင် ချစ်တတ်သလောက်တော့ ချစ်ပြပေးလိုက်ပါ။

READ
RS တစ်ခုမှာ အမျိုးသားတွေပြုလုပ်လေ့ရှိတဲ့ အမှားများ

(၃) အကုန်သိနေတတ်တယ်

သင့်အကြောင်းတွေ တော်တော်များများကို သူက သိထားတဲ့အခြေအနေမျိုး သင် ကြုံနေရဘီဆိုရင်လည်း ဒီ ကောင်မလေးရဲ့ အချစ်ဟာ သင့်အပေါ်မှာ လျှော့တွက်လို့ မရဘူးဆိုတာ သိလိုက်ပါ။ အကြောင်းကတော့ အမျိုးသမီးတွေဟာ သူတို့တစ်ကယ် စိတ်ဝင်စားမှုမရှိဘဲ တစ်ခြားတစ်ယောက်အကြောင်းကို စုံစမ်းလေ့မရှိပါဘူး။

(၄) အရှုံးပေးတဲ့စိတ်

တစ်ခုခု ပြဿနာဖြစ်တဲ့အခါတိုင်း သူ့ဘက်က ဘယ်လောက် မှန်နေပါစေ … လွယ်လွယ်ကူကူ အရှုံးပေးတတ်တဲ့ ချစ်သူမျိုး သင် ရရှိထားတယ်ဆိုရင်လည်း အဲဒီကောင်မလေးဟာ သင့်ကို တကယ်ချစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ်မှာလည်း သင် အခွင့်ကောင်း မယူပါနဲ့လို့ မှာလိုက်ပြရစေ။

(၅) ချစ်ဖွယ်ချိုသာတဲ့ အသံလေး

သင့်ချစ်သူဟာ သင်နဲ့ နှစ်ယောက်သားတွေ့ဆုံချိန်မှာ ချစ်ခင်ကြင်နာဖွယ် စကားသံလေးတွေနဲ့ တွတ်တီးတွတ်တာ ပြောတတ်တယ်ဆိုရင်လည်း သင့်အချစ်ရေး ကံကောင်းတယ်မှတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့် အနားတစ်လျှောက်မှာ ဆည်းလည်းသံလေးနဲ့ တစ်ဘ၀လုံးလက်တွဲသွားရမယ့် ကြင်ဖော်တစ်ယောက် ရောက်နေပြီမို့လို့ပါဘဲ။

READ
မိန်းကလေးများနှစ်သက်လေ့ရှိတဲ့ ယောင်္ကျားလေး အမျိုးအစား (၅)မျိုး

(၆) လမ်းခွဲဖို့ မပြောပါနဲ့

ကောင်မလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို တစ်ကယ်ချစ်ပြီဆိုရင် သင့်ဘက်က ယောင်လို့မှားလို့များ
လမ်းခွဲဖို့ မပြောလိုက်ပါနဲ့ … ကျွန်မကိုသာ အရင်သတ်သွား … ရှင်ကွဲတော့ မကွဲပါရစေနဲ့ … အသေခွဲပြီး သစ်စိမ်းချိုး ချိုးသွားပါတော့-လို့ သင့်ဒူးကိုဖက် .. မျက်ရည်တွေ အစက်စက်ကျ … သင် သေပါဆိုရင် သေပြဖို့ အဆင်သင့် ရှိနေတဲ့ အမျိုးသမီးပါ။

(၇) ချစ်နေရရင် ကျေနပ်တယ်

လမ်းခွဲဖို့ကလွဲပြီး ကျန်တာကို ကြိုက်သလို စီမံ … အမိန့်နာခံရန် အသင့် … သူတို့အဖို့တော့ ချစ်နေရရင် အလိုလို ပြည့်စုံ
နေတယ်၊ အတူတူ နေရရင် အလိုလို လိုအင်တွေ ပြည့်ဝသွားတယ် … အဲဒီလို ချစ်သူမျိုးကို သင် ပိုင်ဆိုင်ထားတယ်ဆို
ရင် .. သူငယ်ချင်းရေ … ကြာကြာ အချိန်ဆွဲမနေနဲ့ … ရှိတဲ့စရိတ်နဲ့ မင်္ဂလာသာ တန်းဆောင်လိုက်တော့ဗျား။

နတ်စည်တော် (Shwemom)

sm

SHARE