ကောင်မလေးတွေအတွက် လုံးဝရည်းစားမတော်သင့်တဲ့ ယောက်ျားအမျိုးအစားများ

အချစ်ဆိုတာဟာ မျက်ကန်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း မျက်ကန်းအချစ်ဟာ ရေရှည်မှာတော့ ချစ်တဲ့သူကိုပဲ နာကျင်စေတယ်ဆိုတာ သဘာဝပါ။ အချစ်ဟာ ကိုယ့်ကိုငြိမ်းအေးပျော်ရွှင်မှုတွေ ယူဆောင်မလာဘဲ ပူလောင်မှုတွေ၊ မျက်ရည်တွေချည်းပဲ ယူဆောင်ပေးမယ်ဆိုရင်တော့ အချိန်တိုင်း ပူဆွေးဝမ်းနည်းပြီး စိတ်ဆင်းရဲနေရမှာပါ။ မိန်းကလေးတွေအတွက်တော့ ကိုယ့်အတွက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်တဲ့၊ ရည်းစားမတော်သင့်တဲ့ ယောက်ျားမျိုးတွေကို ရည်းစားတော်ထားတယ်ဆိုရင် အချိန်နဲ့အမျှ မျက်ရည်နဲ့မျက်ခွက် စိတ်ဆင်းရဲနေရပါလိမ့်မယ်။ ပျိုမေတို့ သတိထားသင့်တဲ့ ရည်းစားမတော်သင့်သူတွေကတော့ …

ဘယ်သူနဲ့မှ မိတ်ဆက်မပေးတဲ့သူမျိုး

သမီးရည်းစားဖြစ်လာတာ အချိန်အတိုင်းအတာတစ်ခု ရောက်ပြီဆိုရင် မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးကြတာဟာ ထုံးစံပါ။ မိသားစုဝင်တွေနဲ့ မိတ်ဆက်မပေးသေးဘူးဆိုရင်တောင် သူ့ရဲ့မိတ်ဆွေအပေါင်းအသင်း ပတ်ဝန်းကျင်မှာတော့ ဒါဟာ သူ့ရဲ့ချစ်သူမိန်းကလေးပါဆိုပြီး ရဲရဲဝံ့ဝံ့ မိတ်ဆက်ပေးသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တွဲသာတွဲနေတယ်။ သူ့ဘက်က သူနဲ့ပတ်သက်တဲ့လူတစ်ယောက်နဲ့မှ မသိဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ပေးဘူး။ မိတ်လည်းမဆက်ပေးဘူးဆိုရင်တော့ သင်နဲ့သူ့ရဲ့ပတ်သက်မှုကို ဘယ်သူ့ကိုမှ မသိစေချင်လို့ ဖုံးဖိထားတာ၊ တစ်နည်းအားဖြင့် သင့်အပေါ်မှာလည်း သင်ထင်ထားသလောက်ထိ သံယောဇဉ်မရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလိုလူမျိုးကို ကိုယ့်ရဲ့အနာဂတ်ကြင်ဖော်အဖြစ် မစဉ်းစားသင့်သလို ရည်းစားလည်း မတော်သင့်ပါဘူးနော်။

READ
ယောက်ျားတွေလမ်းခွဲချင်ပြီဆို ဒီလိုအချိုးလေးတွေ ချိုးတတ်ကြတယ်……
Pixabay

လူအများရှေ့မှာ ဘယ်တော့မှမတွေ့တဲ့သူမျိုး

ယောက်ျားတစ်ယောက်ဟာ သူတကယ် ချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ပြီဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အသိပေးပြီး ချပြချင်တာ သဘာဝတစ်ခုပါ။ ဒါပေမယ့် သင့်ရဲ့ကောင်လေးဟာ သင်နဲ့ချိန်းတဲ့အခါတိုင်း လူမြင်ကွင်းနေရာတွေမှာ တွေ့လေ့မရှိဘဲ သင်တို့တွေ့နေကျ နေရာတစ်ခုတည်းမှာသာ ပုံသေတွေ့လေ့ရှိတယ်ဆိုရင် သင့်ကို လူရှေ့သူရှေ့ ချမပြချင်တဲ့ သူ့ရဲ့စိတ်ဟာ သေချာနေပါပြီ။ ဒီလိုလူမျိုးကို ရည်းစားတော်ထားမယ်ဆိုရင်လည်း ကိုယ့်ရဲ့တန်ဖိုးက အလိုလိုကျဆင်းနေမှာဖြစ်လို့ မြန်မြန်အသိစိတ်ဝင်လိုက်ပါနော်။

တစ်ခါတစ်လေမှ လာတွေ့တတ်တဲ့သူမျိုး

တကယ်လို့ သင်ဟာ သင့်ကောင်လေးကို တွေ့ချင်တဲ့အချိန်၊ ချိန်းချင်တဲ့အချိန်တိုင်း အမြဲတမ်း ချိန်းလို့မရဘဲ သူက လာတွေ့တဲ့ အချိန်မှသာ တွေ့လို့ရနိုင်တယ်ဆိုရင်တော့ သတိလေးသာ ကပ်လိုက်ပါတော့။ သူဟာ အခြားမိန်းကလေးတွေနဲ့ အလုပ်ရှုပ်နေတာမျိုး၊ ဒါမှမဟုတ် သူတကယ်အလေးထားတဲ့ မိန်းကလေးတစ်ယောက်ကို အချိန်တွေပေးနေရလို့ ဖြစ်တယ်ဆိုတာ အော်တိုသဘောပေါက်လိုက်ပါ။ သင်တို့နှစ်ယောက်ရဲ့ တွဲလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒါမျိုးတွေချည်းပဲ ဖြတ်သန်းလာခဲ့ရတယ်ဆိုရင်တော့ သင့်ရဲ့အလိုလိုသိစိတ်ကိုသာ အားကိုးလိုက်ပါ။

စကားပြောလိုက်တိုင်း သူ့ကိစ္စတွေချည်းပဲ ပြောတတ်သူမျိုး

နှစ်ယောက်ဆုံလို့ စကားပြောလိုက်တိုင်း သင့်အတွေး၊ သင့်ကိစ္စတွေကို ဦးတည်ပြီး ပြောဆိုဆွေးနွေးတာမရှိဘဲ သူ့အကြောင်းတွေ၊ သူ့ကိစ္စတွေကိုပဲ အမြဲတမ်း ဇောင်းပေးပြောဆိုတတ်သူဆိုရင်တော့ သူဟာ သူ့အကြောင်းကိုသာ စိတ်ဝင်စားတဲ့သူ၊ သင့်အကြောင်းတွေကို သိချင်စိတ်မရှိတဲ့သူဆိုတာ သိလိုက်သင့်ပါပြီ။ မိန်းကလေးတစ်ယောက်ကို တကယ်စိတ်ဝင်စားပြီး ချစ်မြတ်နိုးတဲ့ ယောက်ျားဟာ အဲ့ဒီ့မိန်းကလေးရဲ့အကြောင်းကို အချိန်တိုင်း လိုတာထက်ပိုပြီး သိချင်နေမိတတ်ပါတယ်။

READ
ဆန်းကြယ်ပြီး ကံအကောင်းဆုံးအချစ်ရေးကို ပိုင်ဆိုင်ထားသူဆိုတာ….

သင့်ထက် ဖုန်းကိုပိုစိတ်ဝင်စားနေတဲ့သူမျိုး

နှစ်ယောက်တွေ့ကြတဲ့အခါ တီတီတာတာ ပလီပလာတွေ လုပ်ဖို့နေနေသာသာ သူ့ဖုန်းကိုပဲ တစ်ချိန်လုံး စိတ်ဝင်စားနေတဲ့လူမျိုး၊ ဒါမှမဟုတ် ဖုန်းကို သင်မမြင်အောင် ၀ှက်ထားတတ်သူမျိုး၊ ဖုန်းကို အမြဲတမ်း vibrate လုပ်ထားတတ်သူမျိုးဆိုရင် သူ့မှာ သင့်ထက်စိတ်ဝင်စားစရာကောင်းနေတဲ့ ဇာတ်လမ်းတစ်ခု ရှိနေတယ်ဆိုတာ သိလိုက်ပါ။ အတူတူရှိနေချိန်မှာတောင် သင့်ကို စိတ်မ၀င်စားတဲ့လူတစ်ယောက်ဟာ ကွယ်ရာမှာတော့ ဘယ်လိုရှိနေမယ်ဆိုတာ ဆက်တွေးကြည့်ရင် သိနိုင်ပါလိမ့်မယ်။

ပျိုမေတို့အတွက် ရည်းစားလုံးဝမတော်သင့်တဲ့ ယောက်ျားအမျိုးအစားတွေကို ဖော်ပြပေးခဲ့ပါပြီနော်။ ပျိုမေတို့လည်း အချစ်ရေးမှာ ကံကောင်းပြီး ပျော်ရွှင်ရသူတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အလင်းဦး (Shwemom)

Source: allwomenstalk

 

SHARE