မြွေကျွံပေါက်ကြီး ရုတ်တရက်ဖြစ်ပေါ်ပြီး လူနှစ်ယောက်ကို ချက်ချင်းဝါးမျိုသွားတဲ့ အဖြစ်

Weibo/WulongTrafficOffice

မြေကျွံပေါက်တွေ ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ မိုးအရမ်းများချိန်မှာ မြေကျွံပေါက်တွေ ဖြစ်လေ့ရှိပါတယ်။ အဓိကအားဖြင့်တော့ မြေအောက်ရေ တိုက်စားမှုကြောင့် ကြီးမားတဲ့လိုဏ်တွေဖြစ်ပေါ်ပြီး၊ မြေကျွံပေါက်တွေ ဖြစ်ရတာပါ။ နောက်တစ်ခုကတော့ မြေသားမတည်ငြိမ်မှုကြောင့် ရုတ်တရက် မြေကျွံဝင်တာမျိုး ဖြစ်တတ်ပါတယ်။

တချို့ဒေသတွေမှာဆိုရင် အိမ်တွေ အလုံးလိုက်ဝါးမျိုသွားတတ်တဲ့ ဧရာမမြေကျွံပေါက်ကြီးတွေပင် ဖြစ်ပေါ်လေ့ရှိပါတယ်။ အသကက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပြီး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက တရုတ်နိုင်ငံမှာ လူတော်တော်များများ မြေကျွံပေါက်အတွင်း ပြုတ်ကျပိတ်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးပါတယ်။

Weibo/WulongTrafficOffice

အခုလည်း တရုတ်နိုင်ငံမှာပဲ ဒီအဖြစ်အပျက်က ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် (၂၇)ရက် တနင်္လာနေ့က Chongqing မြို့မှာ ဖြစ်ခဲ့တာပါ။ လူနှစ်ယောက် လမ်းဘေးမှာ လမ်းလျှောက်သွားနေစဉ်မှာ ရုတ်တရက် မြေကျွံပေါက်ကြီး ဖြစ်ပေါ်ပြီး၊ သူတို့နှစ်ယောက်စလုံးကို ဝါးမျိုးသွားခဲ့တာပါ။

READ
လင်ကြီးကိုအိပ်ဆေးကျွေးပြီး လည်ချောင်းကိုလှီးခဲ့တဲ့ ဇနီးနဲ့ ကြံရာပါလင်ငယ်
Weibo/WulongTrafficOffice

ဒီအဖြစ်အပျက်ကို လမ်းဘေး CCTV က ရှင်းလင်းစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒေသခံမီဒီယာတွေမှာတော့ ဒီအဖြစ်အပျက်ကို ဖော်ပြခဲ့ကြသော်လည်း မြေထဲကို ကျွံဝင်သွားသူများမှာ အမျိုးသားတွေလား၊ အမျိုးသမီးတွေလား ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုကြပါတယ်။ သေချာကြည့်တဲ့အခါ တစ်ဦးမှာ အမျိုးသမီးဖြစ်ပုံရပါတယ်။

အခင်းဖြစ်ရာလမ်းကို ချက်ချင်းပိတ်စို့ပြီး ၎င်းတို့နှစ်ယောက်ကို ကယ်ဆယ်ခဲ့ရာ၊ အသက်အန္တရာယ် စိုးရိမ်ဖို့တော့ မရှိဘူးလို့ သိရပါတယ်။ ပြည်နယ်ရုပ်သံမှာတော့ ဒီအဖြစ်အပျက်ဟာ မိုးတွေဆက်တိုက်ရွာခြင်းကြောင့် မြေသားမညီညာခြင်းကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

လင်းသူရိန်

SHARE