မြန်မာပြည်သူတွေနဲ့အတူတူ ထမင်းလက်ဆုံစားခဲ့တဲ့ Sinon Loresca ရဲ့ ဗီဒီယိုဖိုင်

Image:fb/Sinon Loresca

Sinon Loresca ကတော့ Gay မော်ဒယ်တစ်ယောက်ပါ။ ဖိလစ်ပိုင် လူမျိုးပါ။Catwalk King လို့ လူသိများတဲ့ Sinon Loresca  ကတော့ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး ထူးခြားတဲ့ Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကြောင့် အွန်လိုင်းပေါ် မှာ နာမည်ကြီးလာခဲ့တာပါ။ အခုဆိုရင်တော့ Follower တွေ အရမ်းကို များတဲ့ အကြောင်းအရင်းတွေထဲမှာတော့ နောက် ထပ် တခြား အကြောင်းအရင်းတွေ လည်း အများကြီးရှိပါသေးတယ်။အဲ့ဒီ အထဲမှာတော့ သူ့ရဲ့ ရိုးသားပြီး ကူညီတတ်တဲ့ စိတ်ကလည်း အပါအ၀င်ပါ။လူတွေက  Sinon ကို ချစ်ရတဲ့ အကြောင်း အရင်း ကတော့ သူ့ရဲ့ ဖြူစင်တဲ့ စိတ်ကြောင့်ပါ။

Image:fb/Sinon Loresca
Image:fb/Sinon Loresca
Image:fb/Sinon Loresca

မြန်မာပြည်ကို ရောက်လာတဲ့ Sinon Loresca ကတော့ ရောက်လာတဲ့ အခေါက်တိုင်းမှာ ကျောသားရင်သား မခွဲ ခြား၊အဆင့်အတန်း မခွဲ ခြားပဲ အားလုံးကို တပြေးညီတည်း ဆက်ဆံ ပြီး ကူညီပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ဆင်းရဲ ချို့တဲ့ သူတွေ အပေါ် ကူညီပေးတဲ့ သူ့ရဲ့ စိတ်လေးကိုတော့ Sinon Loresca  အလှူလုပ်နေတဲ့ ဗီဒီယိုဖိုင် လေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။အခုလည်း မြန်မာပြည်သူတွေနဲ့ အတူတူ ထမင်းလက်စုံ စားနေတဲ့  ဗီဒီယိုဖိုင်လေး ကတော့ မြင်ရသူတိုင်းကို ကြည်နူးစေခဲ့ပါတယ်။

Late lunch with my family, wanna join us my loves ? 🍴😋🖤#sinonloresca#kingofcatwalk

Posted by Sinon Loresca on Wednesday, 2 October 2019

အကုန်လုံးနဲ့ အတူတူ Sinon Loresca က အတူတူ ဒန်ပေါက်စားခဲ့ပါတယ်။Sinon Loresca နဲ့ ပတ်သက်တဲ့ အ ကြောင်းလေးတွေကို ဖော်ပြ ပေးချင်ပါတယ်။ဂေးတစ်ယောက် အဖြစ်နဲ့ ရပ်တည်ဖို့က သူ့ အတွက် တော် တော်လေးကို ခက်ခဲခဲ့ပါတယ်။

My Comfort Zone 🖤🖤🖤Chit Tal forever

Posted by Sinon Loresca on Wednesday, 2 October 2019

မိခင်ဖြစ်သူက သားဖြစ်သူက ဂေး မှန်း သိတဲ့ အချိန်မှာတော့ သူ့ရဲ့ အထက်တန်းအောင်လက်မှတ်ကို လွှင့်ပစ်ခဲ့ပါတယ်။ မိဘတွေက သားဖြစ်သူက ဂေး ဆိုတဲ့ ဖြစ်တည်မှု အပေါ် လုံးဝ လက်ခံ မပေးပဲ ခါးခါးသီးသီး ငြင်းဆိုခဲ့ကြပါတယ်။ သူ့ရဲ့ ဖြစ်တည်မှု အပေါ် လက်ခံပြီး ယုံကြည်ရာကို လျှောက်လှမ်းနိုင်ဖို့  Sinon Loresca  က သူ့ရဲ့ အမိမြေ ဖိလစ်ပိုင်ကို ကျောခိုင်းခဲ့ ပုံရပါတယ်။ အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ရင်းနဲ့ မ်ေဒယ် လောကထဲကို စ၀င်လာခဲ့တာပါ။

READ
အမောဖောက်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတဲ့ ကစ်ကစ်
Image:fb/Sinon Loresca
Image:fb/Sinon Loresca

ပရဟိတ အလုပ်တွေကို အရမ်းစိတ်ဝင်စားသလို ကလေးတွေကို အမြဲ စောင့်ရှောက်ကူညီပေးတတ်တဲ့ Sinon Loresca  ရဲ့ စိတ်နှလုံးသားကတော့ အရမ်းကို နူးညံ့ဖြူစင်ပါတယ်။ လမ်းဘေးက က လေးလေးတွေ ကို မုန့် တွေ အမြဲကျွေး၊လိုအပ်တဲ့ အကူအညီတွေ အမြဲ ပေးပြီး ကူညီပေးတတ်သူပါ။ သူ့မှာတော့ ခင်ပွန်းရှိပါတယ်။ Richard ဆိုတဲ့ လူပါ။ သူတို့နှစ်ယောက်ကတော့ လန်ဒန်မှာ လက်ထပ်ခဲ့တာပါ။ သူ့မှာဆိုရင်တော့ Catherine ဆိုတဲ့ အမတစ်ယောက်လည်း ရှိပါတယ်။ အမဖြစ်သူ အတွက် လိုအပ်နေတဲ့ ကျောက်ကပ်ကိုလည်း Sinon Loresca က လှူဒါန်းပေးခဲ့ဖူးပါတယ်။

Morning Cardio 👠🤣💪🏽#sinonloresca#kingofcatwalk

Posted by Sinon Loresca on Friday, 3 February 2017

Source:Sinon Loresca

SHARE