လက်သန့်ဆေးရည်တွေ လိုက်လံ ဝေငှ ပေးခဲ့တဲ့ Sinon Loresca

Image:Fb/Sinon Loresca

Sinon Loresca ကတော့  Catwalk King  ဆိုပြီး လူသိများ ပါတယ်။ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ  ကို အွန်လိုင်းပေါ်မှာ တင်ရင်းနဲ့ လူသိများခဲ့တာပါ။ကမ္ဘာအနှံ့ က နိုင်ငံတွေ ကို လျှောက်သွားပြီး Catwalk လျှောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဗီဒီယိုဖိုင်တွေ က တော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီးပါတယ်။

Image:Fb/Sinon Loresca

မြန်မာနိုင်ငံမှာ နေပြီး ပရဟိတ အလုပ်တွေကို တက်နိုင်သမျှ ကူညီ လုပ်ဆောင်နေတဲ့ Sinon Loresca က တော့ အခုလည်း COVID-19 အန္တရာယ်ကို ကာကွယ်ပေးရေးမှာ သူတက်နိုင်သ လောက်လေး တစ်ဖက် တစ်လမ်း ကနေ ပါဝင် ပေးခဲ့ပါတယ်။လက်သန့်ဆေးရည် တစ်ချို့ကို လိုက်လံ ဝေငှ ပေးခဲ့တာပါ။သူလိုက်ဝေတာ နည်းနည်းလေး ဆိုပေ မယ့် အချင်းချင်းရိုင်းပင်းကူညီ စောင့်ရှောက်ဖို့ ဆိုတဲ့အ သိလေးကို ပေးချင်တဲ့ အတွက် အခုလို လုပ်တာပါလို့  ပြောခဲ့ပါတယ်။

ရန်ကုန်က လမ်းပေါ်မှာတွေ့ ခဲ့တဲ့ ငြါရဲ့ ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးတွေကိုငါလက်သန့်ဆေးရေ အချို့ လိုက်ဝေပေးနေတာပါ ငါပေးတာနည်းနည်း လေးဘဲဆိုပေမဲ့ကုိယ့်ပတ်၀န်းကျင်က လူလေးတွေကိုဒီလို ဂရုစိုက်ပေးဖို့ဆိုတဲ့ အသိလေးပေးချင်တာပါ အချင်းချင်း ကြင်နာပါ စောင့်ရှောက်ပါ ချစ်စရာကောင်းတဲ့ မြန်မာတို့ ငါတို့ ကမ္ဘာကြီးမ ကြာခင်နေပြန်ကောင်းလာမှာပါအားလုံးဘဲ လုံလုံ ခြုံခြုံနေကြပါချစ်တယ် မြန်မာ 🥺🇲🇲❤️#shwenon#sinonloresca#kingofcatwalk#yangon#myanmar#bekind#WeAreAllOneInThisFight#FightCoronaVirus #NCOV19

Posted by Sinon Loresca on Tuesday, March 24, 2020

Sinon Loresca က တော့ ပြီးခဲ့တဲ့ရက်တွေ ကလည်း သူ့ရဲ့ fb ကနေ ကုန်ပစ္စည်းတွေကို ကိုယ့်တဖို့တည်းကြည့်ပြီး အလုအယက်မ၀ယ်ကြဖို့ နဲ့ ဈေးတင်ရောင်းတာမျိုးမလုပ်ကြဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။မပြည့်စုံတဲ့ ကလေးတွေ အတွက်သူတက်နိုင်သ လောက် ကူညီပေးခဲ့တာတွေကိုလည်း တွေ့ရပါတယ်။

READ
CNN ရဲ့ Talk show အစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရခဲ့တဲ့ Gong Yoo
Image:Fb/Sinon Loresca

Source:Fb/Sinon Loresca

SHARE