မြန်မာတိုက်ပုံ လုံချည်နဲ့ ခန့်ခန့်ညားညား ကြည့်ကောင်းနေတဲ့ Sinon Loresca

Sinon Loresca facebook

Catwalk King လို့ လူသိများတဲ့ Sinon Loresca  ကတော့ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး ထူးခြားတဲ့ Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကြောင့် အွန်လိုင်းပေါ် မှာ နာမည်ကြီးလာခဲ့တာပါ။ Sinon Loresca ကတော့ ဖိလစ်ပိုင်လူမျိုး မိန်းမလျှာမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူကိုကြည့်လိုက်ရင်တော့ လူကောင်ထွားထွားကြီး အဖြစ်တွေ့ရပေမဲ့ Sinon Loresca ကတော့ စိတ်ထားနူးညံ့တဲ့သူလေးတစ်ယောက်ပါ။

Sinon Loresca facebook
Sinon Loresca facebook

သူကတော့ လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ ရှိနေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ ဖေစ်ဘုတ်ပေါ်ကနေလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ Sinon Loresca  ကတော့ ဒီကနေ့မှာ မြန်မာဆန်ဆန်ဝတ်စားထားပြီး မင်းသားကြီးတစ်ယောက်လို ခန့်ညားနေတဲ့ သူ့ရဲ့ ဓါတ်ပုံတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

Sinon Loresca facebook
Sinon Loresca facebook
Sinon Loresca facebook

Sinon Loresca ကတော့ “ချစ်လှစွာသော😍 ချစ်ပရိသတ် တယောက်ချင်းစီရဲ့  ရင်ဘတ်ထဲက
မင်းသားလေး👑👑 ဖြစ်ဖို့  မျှော်လင့် မိပါတယ် အချစ်တို့ ရယ်😇😇😘😘 မြန်မာပြည်သားတွေ အားလုံးကို ချစ်တယ် အာဘွား မွှမွှ” လို့ မြန်မာစာနဲ့ ရေးသားထားပြီး သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

READ
Dress Gallery ဆိုင်ကြော်ငြာ ရိုက်ကူးခဲ့တဲ့ ၀တ်မှုန်ရွှေရည်
Sinon Loresca facebook

Source: Sinon Loresca

SHARE