အသီးရောင်းသူ အဖိုးအိုကို တွေ့ဆုံ ကူညီပေးမယ့် Sinon Loresca

Image:Fb/Sinon Loresca

Sinon Loresca ကတော့ အခုဆိုရင် မြန်မာနိုင်ငံမှာပါ ပရိသတ် အခိုင်အမာ ရ နေတဲ့ ဆယ်လီ တစ်ယော က် ဖြစ်လာခဲ့ပါတယ်။သူဟာ ဖိလစ်ပိုင်လူမျိုး Gay မော်ဒယ်တစ်ယောက်ပါ။ Catwalk King လို့ လူသိများတဲ့ Sinon Loresca  ကတော့ (၆) လက်မ ဒေါက် ဖိနပ်ကြီးကို စီးပြီး Catwalk လျှောက် တဲ့ ဗီဒီယိုဖိုင်တွေ ကြောင့် အွန်လိုင်းပေါ် မှာ နာမည်ကြီးလာခဲ့တာပါ။Sinon ကို ပရိသတ်တွေက ချစ်တဲ့ အ ကြောင်းအရင်းထဲမှာ  ကူညီတတ်တဲ့ စိတ်ကလည်း တစ်ခု အပါအ၀င်ပါ။

Image:Fb/Sinon Loresca
Image:Fb/Sinon Loresca

Sinon Loresca ကတော့ မြန်မာပြည်ရောက်နေတဲ့ အချိန် အတွင်းမှာလည်း အလုပ်တွေ များနေတဲ့ ကြားက အချိန် ပေးပြီး တကယ် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးနေသူပါ။အခုဆိုရင်တော့ Sinon Loresca က အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အသီးရောင်းသူ အဖိုးအို တစ်ယောက်နဲ့ တွေ့ ဆုံသွားမယ်လို့ သူ့ရဲ့ Fb မှာ ပြောထားပါတယ်။ ပျံ ကျ ဈေးသည် တစ်ယောက်ကို အပြစ်ပေးတဲ့ ဗီဒီယိုဖိုင် ဆိုပြီး အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်ထဲက အဖိုးပါ။ဒီ ဗီဒီယိုဖိုင်ကို မြင်ပြီး Sinon Loresca က သနားသွားပုံရပါတယ်။

READ
နိုဝင်ဘာလ ပထမအပတ်ထဲမှာ ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ
Image:Fb/Sinon Loresca
Image:Fb/Sinon Loresca

အဖိုးအိုရဲ့ ပုံကို တင်ထားတဲ့ Post အောက်မှာတော့ ..”My loves, Tomorrow I will meet our lovely grandpa I can’t wait to hug him ..” ”  Made me cry with grandpa story, also he has disable daughter..I come to meet you so soon grandpa.. Thank you for tagging and messaging me my loves ..” ဆိုပြီး Sinon Loresca  က  Comment ၀င် ရေးထားပါတယ်။သနားစရာ အဖိုးမှာတော့ မသန်စွမ်းတဲ့ သမီးလေး တစ်ယောက်ပါ ရှိတယ်ဆိုပြီး ပြောထားပါတယ်။Fan တွေ ကတော့ Sinon Loresca ရဲ့ ကြင်နာတတ်တဲ့ စိတ်ကို ၀ိုင်းပြီး ချီးကျူးထားကြပါတယ်။

Image:Fb/Sinon Loresca

Source:fb/Sinon Loresca

SHARE