၇ နှစ်ကြာလက်တွဲပြီးနောက် အဖွဲ့ကွဲသွားပြီဖြစ်တဲ့ SISTAR

၂၀၁၀ခုနစ်မှာ ၇နှစ်စာ ချုပ်ဆိုခဲ့တဲ့ SISTAR အဖွဲ့စာချုပ်ဟာ ၂၀၁၇ ဇွန်လပိုင်းမှာသက်တမ်းပြည့်သွားပြီဖြစ်ပါတယ်။အစပိုင်းမှာအဖွဲ့ဝင်တွေဖြစ်တဲ့ Hyorin, Bora, Soyou နဲ့ Dasom တို့ဟာ Starship Entertainment နဲ့စာချုပ်အသစ်ပြန်လည်ချုပ်ဆိုဖို့တိုင်ပင်ခဲု့ကြပေမယ့်​နောက်ပိုင်းမှာတော့အဖွဲ့ခွဲဖို့ကိုဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒီလိုဆုံးဖြတ်ခဲ့တာဟာအဖွဲ့ဝင်တွေ သူတို့ကိုယ်ပိုင်လမ်းကြောင်းမှာအခက်အခဲတွေကိုကိုယ်တိုင်ရင်ဆိုင်ရင်းအနုပညာလုပ်ငန်းတွေကိုလုပ်ကိုင်ချင်တာကြောင့်လို့ဆိုပါတယ်။

သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ Starship Entertainment ကလည်းအဖွဲ့ဝင်တွေရဲ့ရည်မှန်းချက်ကိုလေးစားတဲ့အနေနဲ့သူတို့ဆုံးဖြတ်ချက်ကိုသဘောတူလက်ခံခဲ့ပါတယ်။

လာမယ့် မေလ ၃၁ ရက်နေ့မှာ Starship Entertainment ကနေ SISTAR အဖွဲ့ရဲ့comeback MV ပြုလုပ်သွားမယ်ဆိုတဲ့သတင်းထွက်ရှိခဲ့သေးပေမယ့်လည်း နောက်ဆုံးမှာတော့ SISTAR ဟာအဖွဲ့ကွဲသွားခဲ့ပါပြီ။ အဖွဲ့ကွဲသွားပေမယ့်လည်းအဖွဲ့ဝင်တွေကတော့အနုပညာလုပ်ငန်းကိုအသီးသီးလုပ်ကိုင်နေကြဦးမှာဖြစ်လို့ပရိတ်သတ်တွေလည်းဆက်လက်အားပေးနေမယ်လို့မျှော်လင့်ပါတယ်။

Grinny (Shwemom)
Source: Koreaboo

SHARE