နှစ်ပေါင်း(၂၀၀)ကျော်အတွင်း အမေရိကန်သမိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့ ဗိုလ်ချုပ်ညီအစ်မ

facebook/US Army

ဗိုလ်ချုပ် မာရီယာဘားရတ်နဲ့ ညီမဖြစ်သူ ဗိုလ်မှုးချုပ် ပေါ်လာလိုဒီတို့ဟာ အမေရိကန်စစ်တပ်မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ သူမတို့ရဲ့ဖခင် ရက်စ်စတန်လိုဒီကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ တပ်ထဲတာဝန်ထမ်းဆောင်ခဲ့ပြီး ငွေကြယ်ချီးမြှင့်ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။

မာရီယာနဲ့ ပေါ်လာတို့ညီအစ်မနှစ်ယောက်စလုံးဟာ အောင်မြင်တဲ့ အလုပ်အကိုင်ကိုယ်စီနဲ့ပါ။ ဖခင်လိုပဲ တပ်ထဲမှာပဲ အလုပ်လုပ်ကြပြီး ရာထူးရာခံကြီးတွေနဲ့ ဖြစ်နေပါပြီ။ မာရီယာက ညွှန်ကြားရေးပိုင်းမှာ ဖြစ်ပြီး ပေါ်လာကတော့ အော်ပရေးရှင်းပိုင်းမှာ ဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်ဟာ ဖခင်ခြေရာကို နင်းနိုင်သူတွေဖြစ်တဲ့အပြင် အမေရိကန်သမိုင်းရဲ့ (၂၄၄) နှစ်အတွင်း ပေါ်ထွက်လာတဲ့ ပထမဆုံးစစ်ဗိုလ်ချုပ်ညီအစ်မတွေပဲ ဖြစ်ပါတယ်။

facebook/US Army

Fox News အရ ဗိုလ်ချုပ် မာရီယာနဲ့ ဗိုလ်မှုးချုပ်ပေါ်လာတို့ဟာ အမေရိကန်ရဲ့သမီးကောင်းတွေ ဖြစ်ကြတဲ့အကြောင်း ချီးမွမ်းထားပါတယ်။ ဒါ့အပြင် တပ်ထဲမှာလည်း တော်တန်ရုံအဆင့်နဲ့ ဗိုလ်ချုပ်ဖြစ်လာတဲ့ အမျိုးသမီးဆိုတာ ရှားပါးတဲ့အတွက် မာရီယာတို့ညီအစ်မအတွက်တော့ ဒါဟာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

READ
လူနာကိုကယ်တင်ဖို့ သေခါနီး ဖခင်ကို နောက်ဆုံးတွေ့မြင့်ခွင့် လက်လွတ်ခံခဲ့တဲ့ ဆရာဝန်
facebook/US Army

အမေရိကန်မှာတော့ (၁၉၀၁) ခုနှစ်မတိုင်ခင် Army Nursing Corps မဖွဲ့စည်းမီအချိန်အထိ အမျိုးသမီးတွေကို စစ်ဗိုလ်ချုပ်ရာထူးထိ တိုးပေးတာကို လက်မခံခဲ့ပါဘူး။ ဘားရတ်ဟာ Tuffs University က IR နဲ့ ဘွဲ့ရခဲ့ပြီး စစ်တပ်ထဲ ၀င်ကာ (၁၉၈၈) ခုနှစ်မှာတော့ လက်ထောက်ဗိုလ်ကြီး စဖြစ်လာခဲ့ပါတယ်။

facebook/US Army

ပေါ်လာကတော့ ရေကြောင်းကောလိပ်မှာ ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်လာသူဖြစ်တဲ့အပြင် ပြည်သူ့အုပ်ချုပ်ရေးနဲ့ မာစတာဘွဲ့ပြီးထားပါတယ်။ ပေါ်လာမှာတော့ သမီးနှစ်ယောက်ရှိပြီး အဆိုပါ သမီးနှစ်ယောက်ဟာလည်း ယခုတပ်ထဲဝင်ထားတယ်လို့ သိရပါတယ်။ သူတို့လည်းပဲ အမေ့ခြေရာနင်းဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း CNN သတင်းကတော့ ဆိုထားပါတယ်။

လင်းလင်း (ShweMom)

SHARE