နာရီကြေးနဲ့ ပိုက်ဆံယူတယ်ဆိုတဲ့ ခရစ်စမတ်သစ်ပင်အလှဆင်ပညာရှင် ညီအစ်မ

[email protected]__p

တကယ်တော့ သာမန်ရိုးကျအလုပ်တွေမှ ပိုက်ဆံရှာနိုင်တာမဟုတ်ပါဘူး။ သူများမမြင်သေးတဲ့ အလုပ်ရှားတဲ့ ဈေးကွက်ကို ကျွမ်းကျင်စွာထိုးဖောက်ပြီး နာမည်ရသွားခဲ့မယ်ဆိုရင်လည်း ဝင်ငွေအများကြီး ရှာလို့ရနိုင်ပါတယ်နော်။ Lad Bible မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ ညီအစ်မနှစ်ယောက်က ခရစ်စမတ်သစ်ပင်တွေကို လိုက်ပြီး အလှဆင်ပေးရုံနဲ့တင် နာရီနဲ့လိုက် ပိုက်ဆံယူကြသတဲ့။

တကယ်တော့ ကျွန်တော်တို့သိထားကြတာက ခရစ်စမတ်သစ်ပင်ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုက်ဖက်တွေနဲ့ အတူတကွရင်းနှီးပျော်ရွှင်စွာ အလှဆင်ရတယ်ဆိုပြီးပဲလေ။ ဟိုတယ်တို့ ရှော့ပင်းမောလို နေရာမျိုးတွေဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အိမ်တွေမှာ အလှလိုက်ဆင်ပေးတယ်ဆိုတဲ့ ဝန်ဆောင်မှုကိုတော့ အခုမှ ကြားဖူးခဲ့တာပါ။

ခရစ်စမတ်သစ်ပင်အလှဆင်ပညာရှင်ညီအစ်မနှစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ အသက် ၃၀ အရွယ် Veronika Gentile နဲ့ အသက် ၄၀ အရွယ် Giovanna Avati တို့ပဲဖြစ်ပါတယ်။ Melbourne မှ ဝမ်းကွဲညီအစမနှစ်ဦးရဲ့လုပ်ငန်း စတင်ဖြစ်ခဲ့တာကတော့ Veronika တစ်ယောက် သူ့ဟာ သူအိမ်မှာ အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးမှ စတင်ခဲ့တာပဲဖြစ်ပါတယ်။ Veronika ရဲ့ လက်ရာနဲ့ ခရစ်စမတ်သစ်ပင်လေးဟာ တခြားခရစ်စမတ်သစ်ပင်တွေလို သာမန်ရိုးကျပုံစံခွက်ထဲက ကွဲထွက်နေပြီး အရမ်းကို ထူးခြားစွာကျက်သရေရှိလို့နေတယ်ဆိုပြီး မိတ်ဆွေတွေက မှတ်ချက်ပေးလာခဲ့ပါတယ်။

[email protected]__p

ဒါကြောင့် သူမအနေနဲ့ ခင်ပွန်းသည်ကို တိုင်ပင်ပြီး ခရစ်စမတ်သစ်ပင်လေးတွေကို စပြီး အလှဆင်ကာ Instagram မှာ တင်လာခဲ့ပါတယ်။ ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက်က သူမဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လေးကို ကြိုက်လွန်းလို့ဆိုပြီး ဒီဇိုင်းခရော အလှဆင်ခပါ ပေးပါ့မယ် အိမ်မှာ လာလုပ်ပေးပါလို့ ပြောခဲ့ပေမယ့်လည်း Veronika ကနေပြီး အလကား လုပ်ပေးလိုက်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ တဖြေးတဖြေး တစ်ဆင့်စကားတစ်ဆင့်ကြားကာ အလုပ်လာအပ်တဲ့သူတွေရှိလာခဲ့တာကြောင့် Veronika ဟာ အစ်မဖြစ်သူ Giovanna နဲ့ဆက်သွယ်ကာ စပ်တူလုပ်ငန်းလေး လုပ်ကြပါတော့တယ်။

READ
သီးနှံခင်းစက်ဝိုင်းများက ဂြိုဟ်သားများနဲ့ အချိန်ခရီးသွားလာသူများရဲ့ လက်ရာဖြစ်နိုင်ဟုဆို

ပုံမှန် ခရစ်စမတ်သစ်ပင်ကြီးတစ်ခုလုံးအလှဆင်တာဟာ အနည်းဆုံး ၂ နာရီ ၃ နာရီလောက် ကြာပါတယ်။ အသေးစိတ်ရင် စိတ်သလို ကြာလေ့ရှိတာကြောင့် အလုပ်လာအပ်သူတွေကိုတော့ အကျိုးအကြောင်းရှင်းပြကာ အနည်းဆုံး ၂ နာရီကြေးတော့ တောင်းခဲ့ကြပါတယ်။ သူတို့ပထမဆုံး အလုပ်မှာတော့ ၅၂ ဒေါ်လာခဲ့တယ်။ တစ်နာရီကို ၂၆ ဒေါ်လာကနေ လုပ်ငန်းကစတာဆိုတော့လေ။ နောက်ပိုင်း ရသမျှပိုက်ဆံတွေကိုတော့ အစ်မဖြစ်သူနဲ့ တစ်ယောက်တစ်ဝက်စီ ခွဲယူခဲ့ကြပါတယ်။

[email protected]__p

လုပ်ငန်းစလုပ်တာ ၄ နှစ်လောက်ရှိနေပြီဆိုပေမယ့်လည်း ဒီ ၂၀၁၉ ကတော့ သူတို့အတွက် တော်တော်လေး အကျိုးအမြတ်ရနေတဲ့ နှစ်လို့ဆိုမှာပါပဲ။ ဘာကြောင့်ဆို နိုဝင်ဘာလထဲမှာတင်ကို သစ်ပင် ၈ ပင် အလှဆင်ပြီး အမြတ်ငွေဟာ ဒေါ်လာ ၄၀၀ ကျော်နေခဲ့ပါပြီတဲ့။

အခုဆိုရင်တော့ သူတို့ရဲ့လုပ်ငန်းလေးဟာ Facebook page လေး နဲ့ စနစ်တကျထားထားခဲ့ပြီး အိမ်မှာ အလှဆင်တာမျိုးမဟုတ်ဘဲ သစ်ပင်တစ်ပင်လုံးကြီးအလှဆင်ပြီး အိမ်တိုင်ရာရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုကိုပါ ထားထားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအသစ်ဆိုရင်တော့ သူတို့ရဲ့ နာရီကြေးနဲ့လက်ခအပြင် သစ်ပင်ဖိုးတို့၊ ပို့ခတို့ကိုတော့ ထပ်ပေါင်းဦးမှာပေါ့လေ။

[email protected]__p

Veronika လို အိမ်ထောင်ရှင်မ၊ ကလေးနှစ်ယောက်မိခင်အနေနဲ့ အခုလို အိမ်တွင်းလက်မှုပညာကနေ ပိုက်ဆံရှာနိုင်တဲ့ လုပ်ငန်းအထိ တိုးတက်လာခဲ့တယ်ဆိုတာ တော်တော်လေးကို ချီးကျူးရမှာပါပဲ။ ဒီ ၄ နှစ်အတွင်း ခရစ်စမတ် သစ်ပင်အလှဆင်တဲ့လုပ်ငန်းအပြင်ကို အိမ်တွင်းအလှဆင်တာတွေ၊ ပွဲတွေမှာ အစားအသောက်ခင်းကျင်းတဲ့ ဒီဇိုင်းတွေ၊ ပန်းစည်းပညာ၊ ရာသီနဲ့ပွဲတော်အလိုက် အလှပြင်ဆင်မှုတွေကိုလည်း သူမကိုယ်တိုင် ဝန်ဆောင်မှုလိုက်ပေးနေတဲ့အပြင်ကိုမှ Facebook မှာ group ဖွဲ့ပြီးလည်း မိခင်တွေကို ဗဟုသုတတွေမျှဝေပြီး နည်းလမ်းတွေသင်ပေးနေပါသေးတယ်။

READ
မြစ်ထဲမှာရေကူးရင်း ဦးနှောက်ပျက်စီးစေတဲ့ပိုးဝင်သွားတဲ့ ကလေးမလေး
[email protected]__p

Penny

SHARE