ပရိတ်သတ်ကြီးတော့မသိဘူး၊ ကျွန်တော်ကတော့ လူတွေသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကြည့်တာမျိုးထက် animation film လေးတွေကို ပိုပြီး သဘောကျတယ်။ Animation flim တွေက ပိုပြီးတော့ အနှစ်သာရရှိတယ်လို့လည်း ခံစားရတယ်လေ။ ဒါဆိုရင် ဒိတစ်ခေါက်မှာတော့ animation flim တွေထုတ်တဲ့ကုမ္ပဏီထဲ ထိပ်တန်းမှာရှိနေတဲ့ Pixar ရဲ့ အကောင်းဆုံး ရုပ်ရှင် (၆) ကားအကြောင်းကို ဖော်ပြပေးသွားပါတယ်။
(၁) Ratatouille (2007)
– Directors: Brad Bird, Jan Pinkava
– Metascore: 96 – IMDb user rating: 8.0
– Runtime: 111 min
– Domestic gross: $206.5 million
Pixar ရဲ့ ဇာတ်လမ်းရော၊ animation ရော အကောင်းဆုံးဇာတ်ကားအဖြစ် ရှိနေတာကတော့ Ratatouille ပါ။ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ပုံဖော်ထားပေမယ့်လို့ စိတ်ပညာရှင်တွေကတော့ ကြွက်ကလေးဟာ မင်းသားရဲ့ စိတ်ကူးထဲကသူငယ်ချင်းဖြစ်ပြီးတော့ သူ့ရဲ့ ယုံကြည်မှုနဲ့ အရည်အချင်းတွေကို ဖော်ုထတ်ပေးတဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။
(၂) WALL-E (2008)
– Director: Andrew Stanton
– Metascore: 95
– IMDb user rating: 8.4
– Runtime: 98 min
– Domestic gross: $223.8 million
Animation film တွေထဲ အဓိပ္ပာယ်အရှိဆုံးနဲ့ အကောင်းဆုံးဆိုပြီး oscar ဆုတွေတောင် တသီကြီးရခဲ့တဲ့ ဇာတကားလေးဖြစ်ပါတယ်။ ဒီကားကိုကြည့်ပြီး ပတ်ဝန်းကျင်အကြောင်းနဲ့ နည်းပညာတွေရဲ့ ဆိုးကျိုးတွေအပြင် ချစ်ခြင်းမေတ္တာတရားအကြောင်းကိုပါ သင်ခန်းစာရစေမယ့် ကားလေးပါပဲ။
(၃) Toy Story (1995)
– Director: John Lasseter
– Metascore: 95 – IMDb user rating: 8.3
– Runtime: 81 min
– Domestic gross: $191.8 million
ပထမဆုံး Toy Story ဇာတ်ကားကတော့ ထွက်ခဲ့သမျှ Toy Story တွေထဲ အကောင်းဆုံးလို့တောင် ဆိုနိုင်မှာပါ။
(၄) Inside Out (2015)
– Directors: Pete Docter, Ronnie Del Carmen
– Metascore: 94
– IMDb user rating: 8.2
– Runtime: 95 min
လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအကြောင်းကို ထင်သာမြင်သာရှိအောင် ရိုက်ကူးပြထားပြီးတော့ စိတ်ခံစားချက်ဆိုတာ ဘဝအတွက် ဘယ်လောက်တောင် အရေးပါတဲ့ အရာဖြစ်ကြောင်း၊ ဘယ်တော့မှ အရှုံးမပေးသ့င်ဘဲ စွန့်လွှတ်အနစ်နာခံသ့င်တဲ့နေရာတွေမှာလည်း အနစ်နာခံသင့်ကြောင်း၊ ဒီအပြင် ကလေးတွေရဲ့ စိတ်ခံစားချက်တွေကိုပါ ထင်သာမြင်သာရှိအောင် ရိုက်ပြထားတာပါ။
(၅) Toy Story 3 (2010)
– Director: Lee Unkrich
– Metascore: 92 – IMDb user rating: 8.3
– Runtime: 103 min
– Domestic gross: $415.0 million
Top 5 ထဲ ကိုတော့ နောက်ထပ် Toy Story တစ်ကားထပ်ဝင်နေပါသေးတယ်။ အဲဒါကတော့ Toy Story 3 ပါ။ Toy Story ကားတွေကတော့ ပြောစရာမလိုအောင် သူငယ်ချင်းတွေကြားထဲက ချစ်ခြင်းမေတ္တာတရားတွေနဲ့ စွန့်လွှန်အနစ်နာခံမှုတွေအကြောင်းကို ရိုက်ကူးထားတာကြောင့် ကြည့်တိုင်း အတွေးအခေါ်တစ်ခုမဟုတ်တစ်ခု ရစေတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
penny