ရုရှတွင်အန္တရာယ်ရှိSelfieရိုက်ကူးမှုကြောင့် ၁ပတ်အတွင်းဆယ်ကျော်သက်5ဦးသေဆုံး

ရုရှနိုင်ငံမှာ အန္တရာယ်ရှိတဲ့ Selfie ဓာတ်ပုံရိုက်ကူးမှုတွေကို သက်ဆိုင်ရာက သတိပေးတားမြစ်ထားပေမယ့်၊ ထိရောက်တဲ့ ဖြေရှင်းမှုတော့ မဟုတ်ခဲ့ပါဘူး။ ရုရှလူမှုကွန်ယက်ပေါ်မှာ ကျားကုတ်ကျားခဲနဲ့ ရိုက်ယူထားတဲ့ Selfie ဓာတ်ပုံပိုင်ရှင်တွေဟာ အခြားသူတွေထက် Like နဲ့ မှတ်ချက်ရေးသားမှု ပိုရတဲ့အတွက် ဒီဓာတ်ပုံတွေ ရိုက်ကူးမှုဟာ လူထုကြားမှာ ပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပက်အတွင်းမှာပဲ ဆယ်ကျော်သက်ကလေး ခြောက်ဦး သေဆုံးသည်အထိ အန္တရာယ်ရှိတဲ့ Selfie ရိုက်ကူးမှုက လူငယ်ထုကို ခြိမ်းခြောက်လာခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမြင့်မှ ပြုတ်ကျသူတွေ လုံးဝ မပါဝင်ခဲ့ဘဲ ရထားနဲ့တိုက်မိခြင်း၊ ဓာတ်လိုက်ခြင်းတွေသာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့တာပါ။

ဒါကြောင့် ရုရှအစိုးရက ရထားလမ်းနဲ့ ၀န်းကျင်မှာ ဆယ်ဖီရိုက်ကူးခြင်းကို တားမြစ်မိန့် ထုတ်ပြန်ခဲ့တယ်လို့ သတင်းတစ်ချို့က ဆိုပါတယ်။ တစ်ပတ်အတွင်း ဆယ်လ်ဖီရိုက်ရင်း သေဆုံးခဲ့သူများရဲ့ စာရင်းကိုလည်း Shwemom ပရိသတ်ကြီး ဆင်ခြင် နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Denis Kondakov (Novosibirk) 17-နှစ်

Denis Kondakov (Novosibirk) 17

Novosibirk မြို့သား Denis ဟာ သေဆုံးချိန်မှာ အသက် 17 နှစ်သာ ရှိသေးပါသေးတယ်။ သူဟာ ဇွန်လ 16 ရက်နေ့
တုန်းက လမ်းခင်းဖို့ စုပုံထားတဲ့ ကျောက်ပုံကြီးပေါ်ကို ဆယ်လ်ဖီတက်ပြီး ရိုက်ကူးခဲ့ပါတယ်။ အဆိုပါ ကျောက်ပုံကြီးဟာ မဟာဓာတ်အားလိုင်းကြိုးနဲ့ထိဖို့ 4 ပေလောက်သာ လိုပါတော့တယ်။ အဆိုပါ ဓာတ်အားလိုင်းကို ခြေချော်ကာ ထိမိပြီးနောက် Danis ဟာ ဆိုးဆိုးဝါးဝါး ဓာတ်လိုက်ခံရပြီး သေဆုံးခဲပါတယ်။

READ
မာရသွန်သမားတစ်ဦးကျပျောက်ခဲ့တဲ့ နံပတ်ကိုယူပြီး ပြိုင်ပွဲဝင်ခဲ့သူ ဆုတံတိပ်ဆွတ်ခူးခဲ့

(၂) Sergey Kustov 15 နှစ်

Sergey Kustov, 15

Kustov ကတော့ ဇွန်လ 13 ရက်နေ့မှာ မဟာဓာတ်အားလိုင်း ယက်မတိုင်ကြီးပေါ်ကို တက်ပြီး ဆယ်လ်ဖီဆွဲဖို့ ကြိုးစားခဲ့တာပါ။ သူနဲ့အတူ သူငယ်ချင်းတစ်ယောက်လည်း ပါဝင်ခဲ့ပြီး၊ နှစ်ဦးစလုံး ဓာတ်လိုက်ခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူကတော့ အသက်ရှင်ခဲ့ပါတယ်။

(၃) Sergey Zembakhtin 13-နှစ်

Sergey Zembakhtin, 13

Zembakhtin ကတော့ ယခုလအစောပိုင်းက ရထားလမ်းမပေါ်မှာ ညီမ Ustina နဲ့အတူ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားစဉ် ရထားတိုက်မိပြီး သေဆုံးခဲ့ရပါတယ်။ ညီမဖြစ်သူလည်း သေဆုံးခဲ့ရတဲ့ မတော်တဆမှုပါဘဲ။

(၄) Maria Svitlenko (Moscow) 14-နှစ်

Maria Svitlenko, 14

Maria ကတော့ အားသွင်းထားဆဲ ဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားစဉ် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ တစ်ချို့ကတော့ ပေါက်နေတဲ့ ၀ါယာကြိုးကို ကိုင်မိပြီး ဓာတ်လိုက်ခဲ့တာလို့ ဆိုပါတယ်။

READ
ပန်းခြံထဲနေဆာလှုံနေတုန်း အမှိုက်သိမ်းစက်ခေါင်းကိုကြိတ်ခံလိုက်ရသူ

(၅)  Ustinya Zembakhtina (11)နှစ်

Ustinya Zembakhtina 11

Ustinya  ကလည်း ပြီးခဲ့တဲ့ အပတ်က ရထားလမ်းပေါ်မှာ အစ်ကိုဖြစ်သူ Zembakhtin နဲ့အတူ ဆယ်လ်ဖီရိုက်ကူးနေစဉ်မှာ ရထားနဲ့ တိုက်မိပြီး နှစ်ဦးစလုံး သေဆုံးခဲ့ရပါတယ်။

(6) Anya Khvatova 16 နှစ်

Anya Khvatova

Anya ဟာ ပြီးခဲ့တဲ့အပတ်က ရထားလမ်းပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ဆယ်လ်ဖီဆွဲဖို့ သွားကြပါတယ်။ သူမဟာ ဓာတ်ပုံတွေကိုသာ မဲရိုက်နေခဲ့တာပါ။ သူငယ်ချင်းတွေက ရထားလာတာကို အော်ဟစ်သတိပေးပေမယ့် မကြားခဲ့ဘူးလို့ ဆိုပါတယ်။ လောလောဆယ်တော့ Anya ဟာ ဆေးရုံမှာ စိုးရိမ်ရလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE