(၆)ပေအထိ ထွားကျိုင်းလာတာတောင် သခင်ပေါင်ပေါ် တက်ထိုင်နေတုန်းဆိုတဲ့ ခွေးလေး

Instagram- craig_pankhurst

ခွေးလေးတွေဟာ လူတွေအတွက်တော့ တကယ့်မိတ်ဆွေစစ်ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်လေကျ ခွေးမွေးထားတာလား ကလေးမွေးထားတာလားလို့ ထင်မှတ်ရလောက်အောင်ကို ကလေးဆန်လွန်းတဲ့ ခွေးလေးတွေလည်းရှိနေပါသေးတယ်။

အခုလည်း ခွေးကြီးတစ်ကောင်က သူ့ကိုယ်ဘယ်လောက်ကြီးလဲမသိဘဲ ခွေးပေါက်လေးတုန်းကလိုပဲ ချွဲပစ်ဆိုးနေတုန်းပါပဲတဲ့လေ။

သူ့နာမည်ကတော့ Rowlf ပါ။ အသက် ၂ နှစ်ရှိနေတဲ့ poodle ခွေးအမျိုးအစားလေးဖြစ်ပါတယ်။ အသက် ၂ နှစ်ဆိုတော့ အရွယ်ရောက်နေပြီပေါ့။ ဒါကြောင့် ခန္ဓာကိုယ်အလေးချိန်ကတော့ ၄၄ ကီလိုတောင်ရှိနေပါပြီ။ အရပ်အမြင့်ကတော့ ၆ ပေပါ။ ၆ ပေဆိုတာ နည်းနည်းနောနောအရပ်ကြီးလားနော်။

Rowlf လေးနဲ့ သခင်ဖြစ်သူ Craig တို့ကြားထဲ ထူးခြားတဲ့သံယောဇဉ်တစ်ခုရှိပါတယ်။ အဲဒါကတော့ Craig ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက လေဖြတ်ခဲ့တဲ့အတွက် လမ်းသိပ်မလျှောက်နိုင်ခဲ့ပါဘူးတဲ့။ အရင်လို ပုံမှန်အတိုင်း လမ်းပြန်လျှောက်ဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ပေးမှရမှာမဟုတ်လား။

READ
ချစ်သူက သူ့ကို စတဲ့အခါတိုင်း၊ ရယ်စရာနည်းလမ်းနဲ့ ပြန်ပြီး လက်စားချေတတ်တဲ့အမျိုးသား

တစ်ယောက်တည်း လမ်းထွက်လျှောက်ရင်လည်း ပျင်းဖို့ကောင်းတာကြောင့် ဒီလိုနဲ့ Craig ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ခွေးလေးတစ်ကောင်ကို ထပ်ဝယ်ခဲ့ပါတယ်။ Rowlf လေးကိုပါ။ Rowlf သူ့အိမ်ရောက်လာကတည်းကိုက Craig တစ်ယောက် လမ်းထွက်လျှောက်ပေးဖြစ်ပါတယ်တဲ့။ ဘေးမှာအဖော်လေးလည်း ပါနေတာကြောင့် လမ်းသိပ်မလျှောက်နိုင်တဲ့ Craig အတွက် အဆင်ပြေတာပေါ့။

နောက် ငယ်ကတည်းက သခင့်အခြေအနေကို ရိပ်မိပုံပေါ်တဲ့ Rowlf လေးက အရမ်းအဆော့မမက်ပါဘူး။ ခပ်အေးအေးနေတတ်ပြီး သခင်အပေါ်မှာ အရမ်းကိုညှာပါတယ်တဲ့။ ဒါပေမဲ့ အမြဲတမ်းချီခိုင်းတာနဲ့ ပေါင်ပေါ်တက်ထိုင်တာကလွဲလို့ပေါ့။

READ
ချစ်စရာတိရစ္ဆာန်ပုံရိပ်လေးတွေကို ရယ်စရာရုပ်ထုလေးတွေအဖြစ် ဖန်တီးပြီးတဲ့နောက်...

လမ်းလျှောက်ဖို့ အခက်အခဲဖြစ်နေတဲ့ သခင်ကို ချွဲဖို့ ဆိုးဖို့ဆိုတာ ထိုင်နေတုန်းပဲအဆင်ပြေတာမဟုတ်လား။ ဒါကြောင့်လည်း အခုလို ၆ ပေရှိတဲ့ ခွေးကြီးတစ်ကောင်ဖြစ်လာတဲ့အထိ Craig ပေါ်တက်တက်ထိုင်နေတုန်းပါပဲတဲ့။ Craig တစ်ယောက် ပုံမှန်အတိုင်း လမ်းပြန်လျှောက်ဖို့ Rowlf လေးရဲ့ အကူအညီတွေအများကြီး ပါခဲ့တာကြောင့် တခြားခွေးလေးနှစ်ကောင်ထက်စာရင် အချစ်ဆုံးလေးဖြစ်နေရတာပါ။

https://www.instagram.com/p/B5hloO6gzjc/

Penny

SHARE